PhyoSeptember 13, 20101min872
ဝမ်ယိမ်းဗိန်ဟာ သူမရဲ့အိမ်ထောင်သက် သုံးနှစ်ပြည်တဲ့ အခါကြတော့မှ သူမရဲ့ ခင်ပွန်းသည်ဟာ လိင်တူချင်းစုံမက်တဲ့ အမျိုးသားတယောက် ဖြစ်နေတာကို သိရှိခဲ့ရတာဖြစ်ပါတယ်။ ဒါပေမယ့် သူမ ခင်ပွန်းသည်ကတော့ သူ့ကိုသူ လိင်တူချင်းချစ်သူတယောက် ဖြစ်နေတယ်ဆိုတာကို ဟိုးအရင်ကတည်းက သိပုံရပါတယ်။ သို့ပေသော်ငြား ပတ်ဝန်းကျင် မိဘအသိုင်းအဝိုင်း ဆွေးမျိုးသားချင်းတွေရဲ့ ဖိအားပေးမှုတွေကို မလွန်ဆန်နိုင် ရင်မဆိုင်ဝံ့တဲ့အတွက် ခုလိုမျိုး ထုံးတမ်းစဉ်လာအရ မိဘက စီစဉ်လက်ထပ်ထိမ်းမြားပေးတဲ့ အမျိုးသမီးကို လက်ထပ်ယူခဲ့ရတာဖြစ်ပါတယ်။ “လက်ထပ်ခါစကတော့ ပုံမှန်အတိုင်း အားလုံးချောချောမွေ့မွေ့ပါ”လို့ အသက် ၃၃ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ပီကင်းမြို့သူလေး ဝမ် တယောက် အခုလို ထုတ်ဖော်ပြောဆို ခဲ့ပါတယ်။ ဒါပေမယ့်လို့ သူမတို့နှစ်ယောက်ရဲ့ အိမ်ထောင်သက် သုံးနှစ်ပြည့်ပြီးတဲ့ နောက်ပိုင်းမှာတော့ ဝမ့် အမျိုးသားရဲ့ အပြုအမူတွေ ပြောင်းလာတာ သတိထားမိလာသလို၊ သူ့ရဲ့ ဆက်ဆံရေးတွေကလည်း […]