PhyoNovember 4, 20101min68237
လိင်တူချင်း စုံမက်တယ်ဆိုတာ ဘာလဲ။ လိင်တူချင်းစုံမက်တယ်ဆိုတာက ဆန့်ကျင်ဘက်လိင်ကို စိတ်မဝင်စားဘဲ ယောက်ျားလေးက ယောက်ျားလေးကိုပဲ မျက်စိကျတာ၊ မိန်းကလေးက မိန်းကလေးချင်းပဲ မျက်စိကျတာမျိုးကို ခေါ်တာပါ သား။ အရပ်သုံးစကားနဲ့ ပြောရရင်တော့ကွာ လိင်တူချင်းမှ စုံမက်တဲ့ ယောက်ျားကို ‘မိန်းမလျာ’၊ ‘အခြောက်’၊ ‘ဂန်ဒူး’၊ ‘ဂျီပုန်း’၊ ‘ဂျယ်’ စသဖြင့် အမျိုးစုံခေါ်တတ်ကြတယ်။ လိင်တူချင်းမှ စုံမက်တဲ့ မိန်းကလေးကိုကျတော့ ‘ယောက်ျားလျာ’ လို့ အခေါ်များပြီး အခြားဘန်းစကားတွေကကျတော့ နည်းနည်းရိုင်းလို့ သားတင်မက အများပါ ဖတ်နေတဲ့ စာထဲမှာ ထည့်မရေးပါရစေနဲ့တော့၊       တကယ်တော့ သားရယ် လောကမှာ ယောက်ျားလျာ၊ မိန်းမလျာတွေဟာ လူတောမတိုးလှတဲ့ လူတန်းစားတစ်ရပ်ဖြစ်နေပါတယ်။ အများစုအနေနဲ့ သူတို့ကို မူမမှန်သူများ၊ ဒါမှမဟုတ်ရင်လည်း ဖောက်ပြန်နေသူများအဖြစ် သတ်မှတ်ထားကြလေတာကိုး။ သတ်မှတ်ကြဆို အဲသလိုဖြစ်နေတာကလည်း လူနည်းစုသာဖြစ်နေတာက […]


PhyoNovember 2, 20101min1332
မျိုးရိုးဗီဇကြောင့် ဂေး (လိင်တူချစ်သူ)ဖြစ်တာလား။ ဒါမှမဟုတ် ဂေး မျိုးရိုးဗီဇဆိုတာရော တကယ်ရှိရဲ့လား။ အင်္ဂလိပ်လို Gay Gene လို့ခေါ်တဲ့ ဂေးမျိုးရိုးဗီဇလို့ အဓိပ္ပါယ်ဖွင့်ဆိုနိုင်မယ့် စကားလုံးဟာ လူတယောက်ရဲ့ လိင်စိတ်ခံယူမှုကိုဖြစ်စေတဲ့ မျိုးရိုးဗီဇကို ယေဘုယျဆိုလိုချင်တဲ့ အသုံးအနှုန်းတစ်ခုဖြစ်တယ်လို့ အချို့ပညာရှင်များက ဆိုကြပါတယ်။ မျိုးရိုးဗီဇကြောင့် ဂေးဖြစ်လာသလား မဖြစ်လာဘူးလားဆိုတာကိုတော့ ဒီကနေ့အထိ သိပ္ပံပညာရှင်တွေ အပြန်အလှန်ငြင်းခုံဆွေးနွေးနေကြဆဲပဲဖြစ်ပါတယ်။ တချို့သိပ္ပံပညာရှင်တွေရဲ့ လေ့လာရှာဖွေတွေ့ရှိချက်အရဆိုရင် လူတယောက်ရဲ့လိင်စိတ်ခံယူမှုဟာ မျိုးရိုးဗီဇရဲ့ လွှမ်းမိုးမှုကြောင့် ဖြစ်ပေါ်လာရတယ်လို့လည်း ပြောဆိုကြပါတယ်။ ဥပမာအားဖြင့် ဦးနှောက်ထဲမှာ ဟိုမုန်းဖြစ်ပေါ်လာဖို့ရန်အတွက် လှုံ့ဆော်ပေးတဲ့အစိတ်အပိုင်းတွေမှာ အခုနကပြောတဲ့ မျိုးရိုးဗီဇလွှမ်းမိုးမှုတွေကို တွေ့ရှိရတယ်လို့ ဆိုကြပါတယ်(i.e. the corpus callosum or medulla oblongata)။ ဒါပေမယ့် ဘယ်လိုပဲဆိုဆို လိင်စိတ်ခံယူမှုဟာ မျိုးရိုးဗီဇရဲ့လွှမ်းမိုးမှုတခုတည်းကြောင့် ဖြစ်ပေါ်လာရတယ်ဆိုပြီးတော့လည်း ဒီနေ့အထိ သိပ္ပံပညာရှင်တွေအားလုံး […]