အပိုင်း -၁ အပိုင်း-၂ မနက်ခင်းသည် သာသာယာယာပင် ကျော်လွန်သွား၏။ နေ့လည်ခင်း တစ်ချိန်လုံးကို နှစ်ယောက်သားသည် ဂေါက်ကစား ခြင်းဖြင့် ကုန်လွန်စေရာ ညနေခင်းကျမှပင် တည်းခိုရာ အင်းသို့ လမ်းလျှောက်ပြန်ခဲ့ကြလေသည်။ အင်း ၏ထောင့်ချိုးတစ်နေရာတွင် အရှိန်ဖြင့်ပြေးလာသော သူငယ်လေးတစ်ယောက်နှင့်တိုက်မိ ၍ ကာနယ်ကြီးခမျာ ပက် လက်လန် လဲလုနီးပါးဖြစ်သွားရာ စိတ်ဆိုးဆိုးဖြင့် သူငယ်လေး လက်ကိုဆွဲ၍ အော်ဟစ်ကြိမ်းမောင်းတော့၏။ ဖြစ်ဖြစ်ချင်း ဒေါသထွက်မိသော်လည်း သူငယ်လေးမှာ ကြောက်လွန်း၍ စကားပင်မဆိုနိုင်ကြောင်း သတိပြုမိ၍ အကြောင်းအရင်းကို လူကြီးနှစ်ဦးက မေးမြန်း လေသည်။ “ဘယ့်နှယ်ဖြစ်လာတာတုန်း။ ဘာမြင်လို့လဲကွဲ့။ ဘယ်သူက မင်းကို ခြောက်လှန့်လွှတ်လိုက်တာတုန်း..။” “ဟုတ်..ဟုတ်ကဲ့..ဦးလေး..အဲဒါကြီးက ပြတင်းပေါက်ကနေ ကျွန်တော့်ကို လက်ပြနေလို့..။ ကျွန်တော် ကြောက်တယ်..။” “ဘယ်ပြတင်းပေါက်တုန်းကွ..သေချာပြောစမ်းပါဦး..။” “အင်း အပေါ်ထပ်က ရှေ့ပြတင်းပေါက်ပဲ..။” သူငယ်လေးကို […]


အပိုင်း-(၁) “လက်တင် ဘာသာနဲ့ရေးထားတာကိုး..။ အင်း..အဓိပ္ပါယ်က လာနေတဲ့သူ ဘယ်သူလဲ ဖြစ်မယ်ထင်ပါ့။ ကိုင်း ဘယ်သူလဲ သိရအောင် မှုတ်ကြည့်ရတာပေါ့။” ပက်ကင်သည် မိမိဘာသာ တစ်ကိုယ်တည်း ရေရွတ်ပြီး ခရာကလေးကို နှုတ်ခမ်းတွင်တပ်ကာ မှုတ်လိုက် လေသည်။ ချက်ချင်းလိုပင် ရပ်လိုက်ပြီး ထွက်လာသောအသံကို အံ့အားသင့်ကာ သဘောကျလျက်ရှိ၏။ ခရာသံမှာ စူးရှခြင်းမရှိ သော် လည်း အတော်ဝေးဝေးသို့ ပျံ့နှံ့ရောက်ရှိသွားပုံရသည်။ ရုတ်တရက် သူ့စိတ်ထဲတွင် ထူးဆန်းသောပုံရိပ်များ ထင်ထင်ရှား ရှားပေါ်လာ၏။ အကာလ ညအခါတွင် မှောင်မဲလျက်ရှိသော နေရာ တစ်ခု၌ လေများတဟူးဟူးတိုက်ခတ်လျက်ရှိပြီး အလယ်တွင် တစ်စုံတစ်ယောက်သည် အထီးတည်း ရပ်လျက်ရှိသည့် ပုံရိပ်ပင် ဖြစ်လေသည်။ ထိုခဏ၌ လေပြင်းများ အပြင်တွင် တိုက်ခတ်လာသဖြင့် ပက်ကင်၏ စိတ်ထဲမှ ပုံရိပ်များ ပျောက်ကွယ်သွားလေသည်။ […]


“ဒီ ပိတ်ရက်တွေမှာ တစ်နေရာ သွားမလို့ဆိုဗျ။” စိန့်ဂျိမ်း ကောလိပ် ညစာစားပွဲတွင် ဇီဝဗေဒ ပါမောက္ခ ပက်ကင်၏ ဘေးတွင် ထိုင်နေသူတစ်ယောက်က မေးလိုက်ခြင်း ဖြစ်သည်။ “ဟုတ်သဗျ..မနက်ဖြန်ပဲ သွားတော့မှာ..။” ပါမောက္ခ ပက်ကင်က ပြန်ဖြေသည်။ “ဂေါက်ကစားတာ သေသေချာချာလေး လေ့ကျင့်ချင်လို့ပါဗျာ..။ အရှေ့ဘက်ကမ်းခြေက ဘန်းစ်ထရိုး ကို တစ်ပတ် နှစ်ပတ်လောက် သွားမယ်..။ လက်ရည် တက်လာအောင် ကစားဖို့ပါပဲ။” ပါမောက္ခ ပက်ကင်သည် မည်သည့်အရာလုပ်သည်ဖြစ်စေ လေးနက်စွာလုပ်လေ့ရှိသည့် တည်တည် ကြည်ကြည် လူရွယ် တစ်ဦးဖြစ်၏။ နောက်တစ်ဦးက ထပြောသည်။ “အဲ..ပက်ကင် ရေ..။ အဲဒီ ဘန်းစ်ထရိုးမှာ ရှေးတုန်းက ဝတ်ကျောင်းသူရဲကောင်းတွေရဲ့ ကျောင်းပျက်တစ်ခု ရှိ ဆိုဗျ..။ ခင်ဗျား အဲ့ဒီဘက်များသွားဦးမလား..။ တကူးတက သွားကြည့်ထိုက်လား ကျွန်တော်က […]


မောင်ဘလိုင်September 2, 20141min23215
စူးခနဲ တစ်ချက်အော်၍ ဆွဲဆွဲငင်ငင်အော်ငိုလိုက်သော အသံကြောင့် ဘုန်းတော်ကြီး ဦးသီလ ကျိန်းနေရာမှ နိုးလာခဲ့သည်။ သူ့ကျောင်းဆောင်လေး ရှေ့ထွက်ကြည့်တော့ နွမ်းနွမ်းပါးပါး ကလေးမလေး တစ်ယောက် ငိုယိုနေတာ တွေ့မိသည်။ ညကြီးမင်းကြီး အချိန်မတော် ဘာဖြစ်လို့ပါလိမ့်ဟု ဦးသီလ စဉ်းစားနေသည်။ ကလေးမကို မေးတော့ လည်း အတွင်သာ ငိုနေသဖြင့် အငိုတိတ်အောင် ခဏမျှစောင့်နေလိုက်၏။ အတန်ကြာတော့ ကလေးမလေးက ဦးသီလ မေးသမျှ ရှိုက်သံစွက်၍ ဖြေရှာသည်။ “ဒကာမလေး ဘာဖြစ်လို့တုန်းကွဲ့။” “တပည့်တော် နာမည် မိထူးပါ ဘုန်းဘုန်း။ တပည့်တော်အဖေ သေတော့မယ် ဘုရား..။” “ဒကာမလေး အဖေက ဘယ်သူတုန်းကွဲ့။” “ဦးနေမျိုးပါ ဘုရား..။” “ဦးနေမျိုး..။” ဦးသီလ သံယောင်လိုက်ပြီး စဉ်းစားလိုက်သည်။ အိမ်သာကျင်းတူးတဲ့ နေမျိုးကို ပြောတာဖြစ်မယ်ဟုတွေး မိသည်။ […]


ဒါက အပိုင်း(၁) ဒါက အပိုင်း(၂) “အဲဒီမှာကြည့်..စာအုပ်တွေ၊ စာရွက် အများကြီး…မြင်တယ်မို့လား..။ အေး..အဲဒါတွေက..ဒီမှာ ဟိုး.. ရှေးနှစ်ပေါင်းများစွာက နေသွားတဲ့ ကိုယ်တော် ဒေါမနီ စလော့ ရဲ့ဟာတွေပဲ။ အဲဒါတွေအားလုံးက အောက်လမ်း မှော်ပညာနဲ့ ဆိုင်တာတွေချည်းပဲ။ အဲဒီအချိန်တုန်းက မှော်တွေ၊ စုန်းတွေဆို သိတာ တွေ့တာနဲ့ မီးနဲ့ရှို့၊ ဆီနဲ့ကြော် ပစ်တာကွ။ ဒါကို ကိုယ်တော်ကြီး စလော့က သိတာပေါ့။ ဘယ်သူ့ မှ မပြောဘဲ ဒီပညာရပ်တွေကို ကြိတ်ပြီးလေ့လာနေတာ..။ ပုံမှန်တော့ တရားလေး ဘာလေးဟော ပေါ့..။ဒါပေမဲ့ သူ့တကယ့်ရည်ရွယ်ချက်က ဒီမှာ အဲဒီအောက်လမ်းပညာတွေ လေ့လာဖို့ပဲ။ ဖန်တကောင်းတွေထဲက အသေကောင်တွေရော၊ ကျိန်စာတွေ ရွတ်ဆိုတာရော အားလုံးသုံးတာ ပေါ့။ အဲဒါ ဘယ်သူမှ မသိဘူး..။ အဲ..ကိုယ်တော် စလော့နဲ့ […]


ဒါက အပိုင်း(၁) အဲဒီနောက်မှ မက်ခ်ဟိန်းစ် သတိရမိတာက ကိုယ်တော် ဗန်ဒါဟုဖ် ရယ် တူဖြစ်တဲ့ ကျွန်တော့်အကြောင်းကို ပြောတာ ကြားဖူးတဲ့အကြောင်းပေါ့။ အဲဒါ ကျွန်တော့်ဦးလေး ကိစ္စရှင်းလင်းနိုင်ဖို့ တစ်ခုခုများ ကျွန်တော် သိလေမလား ဆိုတဲ့ မျှော်လင့်ချက်နဲ့ သူက ကျွန်တော့်ကို စာရေး ခေါ်တာပဲ။ ကျွန်တော်လည်း ဟိန်းစ်ကို ပြောပြရတယ်။ တကယ်တော့ ဦးလေးအကြောင်း ကျွန်တော် ဘာမှ မသိဘူးရယ်။ အမေ တစ်ခါပြောဖူးတာ ရှိတယ်။ ဦးလေးက လူကောင်သာကြီးတာ သရဲဘောကြောင်သတဲ့။ဟိန်းစ် ပြောတာတွေ နားထောင်ပြီးတော့ ကျွန်တော် နာရီငုံ့ကြည့်တယ်..။ နေ့လည်တောင် ကျော်နေပါပကော။ “ဘုရားကျောင်းကို ဒီကနေ ဘယ်လောက်ဝေးဦးမလဲဗျ…နေမဝင်ခင် အရောက်သွားနိုင်မလားလို့” ကျွန်တော် မေးမိတယ်။ “အေး..အသေအချာပဲ ကောင်လေးရေ..အဲဒီကို..အဓိက အဲဒီနေရာကို ညကြီး မသွားလေနဲ့..” […]


ရမ်မာပို တောင်တန်းက ဝမ်းနည်း ငြီးငွေ့စရာ ဒယ်ဘာဂျန်ရွာကလေးမှာရှိတဲ့ ရွာခံနည်းနည်းတွေထဲက တစ်ချို့ပဲ ကျွန်တော့်ဦးလေး အဘိုးကြီး ဒေါမနီ ဗန်ဒါဟုဖ် တကယ်သေရှာပြီလို့ ယုံကြတယ်။ တစ်ချို့က တော့ ဘုရားကျောင်းစောင့် အဘိုးကြီးရဲ့ ကျိန်စာကြောင့်  ကောင်းကင်ဘုံနဲ့ငရဲကြားမှာ ဟိုမရောက် ဒီမ ရောက် ဖြစ်နေတယ်လို့ ထင်ကြတာ..။ ဒီ မှော်ဆရာအိုကြီးကြောင့်သာ မဟုတ်ရင် မြက်ရိုင်းပင်တွေ ဟို တဖက်နားက စွတ်စိုထိုင်းမှိုင်းတဲ့ သူ့ ဘုရားကျောင်းအိုကလေးမှာ တရားတွေ ဟောနေဦးမှာတဲ့။ ဒယ်ဘာဂျန်ရွာ မှာ ကျွန်တော် တွေ့ကြုံဖြစ်ပျက်ပြီးတာတွေနောက်မှာ ဒီရွာသားတွေရဲ့ အထင်အမြင် တွေကိုလည်း ဝေမျှနိုင်ဦးမှာပါ။ ဦးလေး သေမသေ ကျွန်တော် မသေချာပေမဲ့ ဟောဒီ ကမ္ဘာပေါ်မှာ အသက်နဲ့ ခန္ဓာတွဲလျက် မရှိတာတော့ သေချာတယ်။ ဘုရားကျောင်းစောင့် အဘိုးကြီးက […]