ရာဇသံစာ၏ရက်စွဲ အရှေ့တောင်အာရှပြက္ခဒိန် (SEAC) အရ အရှေ့တောင်အာရှနှင့် အနောက်တိုင်းပြက္ခဒိန် ကွဲပြားမှုကို နှိုင်းယှဉ်သော ကွန်ပြူတာပရိုဂရမ်ကို သုံးကြည့်သော် ထိုနေ့ရက်စွဲသည် ၁၇၅၆ ခု၊မေလ ရရက်နေ့ဖြစ်၏။ အင်္ဂလိပ်ဘာသာ ပြန်ထားသော ဖို့ဒ်စိန့်ဂျော့၏  ‘စာချွန်လွှာဆက်သွယ်မှုများ’ စာအုပ်ကိုသာရည်ညွှန်းမည်ဆိုလျှင် စိတ်ဝင်စားစရာ ကွာဟချက်ကိုတွေ့ရမည်။ ထိုအင်္ဂလိပ်ဘာသာပြန်ထဲတွင် ”၁၇၅၆ ခု၊ဧပြီလ ရက်စွဲတပ်ထားသော မြန်မာဘုရင်မှ ပေးပို့သောစာ” ဟုပါရှိသည်။ အင်္ဂလိပ်ပြက္ခဒိန် မူသစ်နှင့်မူဟောင်း ရှုပ်ထွေးမှုဖြစ်ခဲ့နိုင်သည်။ မူသစ်အရ မြန်မာရက်စွဲသည် မေလ ရရက်ဖြစ်ပြီး မူဟောင်းအရ ဧပြီလ ၂၆ရက်ဖြစ်သည်။ ထိုရက်စွဲကွာဟချက်အပေါ် နောက်ထပ်လက်တွေ့ကျသော ရှင်းပြချက်မှာ မဒရတ်စ်စာရေးသည် ရက်စွဲ အပြောင်းအလဲကို အပေါ်ယံကြောသုံးစွဲ၍လည်းဖြစ်နိုင်သည်။ ကဆုန်လသည် ဧပြီလလယ်တွင် စတင်သောကြောင့် စာရေးသည် ကဆုန်လကို ဧပြီလဟု ရိုးရိုးကလေးညှိယူလိုက်ခြင်းဖြစ်သည်။ မြန်မာ့လွှတ်ရုံးနှင့် တော်ဝင်စာတစ်စောင်ထုတ်လုပ်ခြင်း ရာဇသံရွှေပေကို […]


လက်စတာသံအဖွဲ့ ၁၇၅၆ ခု၊စက်တင်ဘာတွင် ကပ္ပတိန်ဟိုး ကွယ်လွန်ခဲ့ပြီး ‘ဟိုး’၏နေရာကို ဒုတာဝန်ခံ သောမတ်စ်နျူတန် ဆက်ခံခဲ့သည်။ မကြာမတင် မှာပင် ပဲခူးကိုသိမ်းပိုက်နိုင်ခဲ့ကြောင်း၊ ကုမ္ပဏီနှင့်အဆက်အသွယ်ပြုရန် ကိစ္စများရှိကြောင်း နျူတန့်ထံ အလောင်းမင်းတရားကြီး သတင်းပါးခဲ့သည်။ အမှန်မှာ အလောင်းမင်းတရားသည် ကုမ္ပဏီနှင့် အလုပ်ကိစ္စများ ပြီးစီးအောင်လုပ်မည်ဟု ဆုံးဖြတ်ခဲ့ခြင်းဖြစ်၏။ ဤသို့ဖြင့် နျူတန်သည် ဒုဗိုလ်ကလေး ရောဘတ်လက်စတာအား ရန်ကုန်မှ ရွှေဘို ရှင်ဘုရင်အပြန်ခရီးတွင် ရှေ့တော်မှောက်ဝင်ရောက်ခစားရန် စေလိုက်၏။ လက်စတာသည် မဟာမိတ်စာချုပ်ချုပ်ဆိုရန် နောက်တစ်ကြိမ်လျှောက်ထားပြန်သည်။ အလောင်းမင်းတရားသည် ရင်းဖျား ပတ္တမြားနှစ်ရစ်စီသော ရွှေပေစာသဝဏ်လွှာပေါ်တွင် ရှင်ဘုရင့်တံဆိပ်တော်ကို ခတ်နှိပ်ပြီးဖြစ်ကြောင်း ချက်ချင်းမိန့်ကြားတော်မူသည်။ ဂျော့ဘုရင်-၂ နှင့်ကုမ္ပဏီဒါရိုက်တာများထံ ပို့ခဲ့သောစာများကို ရည်ညွှန်းခြင်း ဖြစ်၏။     ရှင်ဘုရင်သည် အရှေ့အိန္ဒိယကုမ္ပဏီ တောင်းဆိုသောအရာများကို ပေးသနားခဲ့ပြီးဖြစ်ကြောင်း အလေးပေး ဖော်ပြလိုခဲ့သည်မှာ ရှင်းလင်းပါသည်။ […]


  ဗြိတိသျှတို့စေလွှတ်သော ဘေကာသံအဖွဲ့ ဒုဗိုလ်ကလေး ဂျွန်နော့သ်နှင့်အတူ ဘေကာသည် ဇူလိုင်လ ၁ရရက်နေ့တွင် မြန်မာသံအဖွဲ့နှင့်တစ်ပါတည်း ဟိုင်းကြီးကျွန်းမှ ခွာလာခဲ့သည်။ နှစ်လအကြာတွင် ရွှေဘိုကိုရောက်ပြီး ၁၇၅၅ ခု၊စက်တင်ဘာ ၁ရရက်တွင် မင်းတရားကြီးကို ပထမဆုံးအကြိမ်ဖူးတွေ့ရသည်။ သုံးကြိမ်သုံးခါ အခစားဝင်မှုများအတွင်းမှ အလောင်းမင်းတရားကို ထူးခြားသော၊ ဟောဟောဒိုင်းဒိုင်းရှိလှသော၊ ဗြိတိသျှတို့အပေါ်သဒ္ဓါတရားရှိကြောင်း အတိုင်းအတာတစ်ခုအထိ ပြသလိုသူအဖြစ် တွေ့ခဲ့ရသည်။ ဘေကာ၏  ကနဦးရည်ရွယ်ချက်မှာ ဘရွတ်ခ်စာချုပ်ပေါ် မြန်မာရှင်ဘုရင်လက်မှတ်ထိုးရေးဖြစ်သည်။ ဘေကာ မအောင်မြင်ခဲ့။ လက်ဦးဆုံးပြောရလျှင် အလောင်းမင်းတရားသည် ထိုသို့သောစာရွက်စာတမ်းများဖြင့် ပုံစံတကျ လက်မှတ်ရေးထိုးမှုအပေါ် အာရုံသိပ်မရှိပေ။ စာချုပ်မူကြမ်းကို ဘာသာပြန်ပြပြီးသည်နှင့် အလောင်းမင်းတရားသည် ချက်ချင်းပင် ”ဟိုင်းကြီးကျွန်း၊ ပုသိမ်တင်မက ဒဂုံတွင်ပါ ကုမ္ပဏီအတွက်နေရာ” ကိုပေးသနားတော်မူလိုက်သည်။ ထိုရက်ရောမှုသည် လက်နက်အလျင်အမြန်ရလိုသော မျှော်လင့်ချက်ကြောင့်လည်း ဖြစ်ချင်ဖြစ်နိုင်သည်။ မည်သို့ဆိုစေ နောက်ရက်များတွင် ဟိုင်းကြီးကျွန်းကိစ္စကို […]


အလောင်းမင်းတရားစေလွှတ်သော ပထမဦးဆုံးသံအဖွဲ့ အလောင်းမင်းတရား၏သံတမန်ရေးရာ သော့ချက်ကျသောကာလတွင် ရာဇသံရွှေပေကို ဒုတိယမြောက် ဂျော့ဘုရင်မင်းမြတ်ထံ မည်သို့မည်ပုံပို့ခဲ့သနည်း။ ပြည်ကိုအောင်နိုင်ပြီး တောင်ဘက်သို့ အလောင်းမင်းတရား၏တပ်များ ချီလာသော ၁၇၅၅ ခု၊ဖေဖော်ဝါရီ လဆန်းတွင် အလောင်းမင်းတရားသည် မိမိနယ်မြေမြောက်ဘက်တစ်လွှားထက် မြစ်ဝှမ်းတွင် သာ၍ထွေပြားသော စိတ်ခေါ်မှုများကို ရင်ဆိုင်ရမည်ဟု သတိထားခဲ့မိသည်။ အောက်မြန်မာပြည် သို့မဟုတ် ဂန္ထဝင်အခေါ်အဝေါ်ဖြစ်သော ‘ရာမညတိုင်း’ သည် လူမျိုးတစ်မျိုးတည်းနေထိုင်သောမြေ မဟုတ်ဘဲ မွန်၊မြန်မာ၊ကရင်တို့၏မြေဖြစ်သည်။ ကြာမြင့်စွာဝန်းရံထားဖို့၊ ရန်သူနှင့်ကြည်းကြောင်းရေကြောင်း ရင်ဆိုင်ဖို့အတွက် လူသူလက်နက်လိုအပ်မှုကို မီးမောင်းထိုး ပြနေရာ ရွာများထဲတွင် ရဲမက်တော်စုဆောင်းပြီး တိုက်ရေးခိုက်ရေးလေ့ကျင့်ပေးရသည်။ မွန်တို့၏အဓိကမြို့ကြီးနှစ်ခုဖြစ်သော သံလျင်နှင့်ပဲခူးသည် ခံတပ်တောင့်တင်းသောမြို့ကြီးများဖြစ်၏။ အမြောက် စိန်ပြောင်းနှင့် ခဲယမ်းမီးကျောက် လက်နက်ပိုင်ဆိုင်မှုတွင် မွန်တို့က မြန်မာတို့ထက်သာသည်ဟု အဆိုရှိသည်။ တောင်ဘက်သို့ချီရာတွင် အလောင်းမင်းတရားသည် တာထွက်ကောင်းလှသော်လည်း ပဲခူးကိုသိမ်းပြီး အထက်မြန်မာပြည်နှင့်အောက်မြန်မာပြည်၏ အရှင်သခင်ဟု […]


အရှေ့အိန္ဒိယကုမ္ပဏီ နှင့် မြန်မာပြည် အိနိ္ဒယပြည်တွင် ပြင်သစ်နှင့်အင်္ဂလိပ်ကုန်သည်များသည် အိနိ္ဒယထီးနန်းဆက်ခံရေးကိစ္စထဲ ကြားဝင်စွက်ဖက် ခြင်းဖြင့် ရေရှည်အကျိုးအမြတ်ထွက်ကြောင်း တွေ့ခဲ့ပြီးဖြစ်ရာ ၎င်းတို့သည် မြန်မာပြည်တွင်လည်း ပဲခူးဘုရင်နှင့် ရွှေဘိုမှရှင်ဘုရင်အသစ်- ဘုရင်တစ်ပါးပါးဘက်သို့ ရိုင်းပင်းရန်အသင့်ဖြစ်နေကြသည်။ အိန္ဒိယနှင့်မြန်မာပြည် နှစ်နိုင်ငံစလုံးတွင် ၎င်းတို့ထိုသို့လုပ်ခဲ့ခြင်းမှာ ပို့ကုန်သီးသန့်ဝေစုကို အာသာငမ်းငမ်းလိုချင်သောကြောင့်ဖြစ်သည်။ မဂို ဆိုသောကုန်းမြေပြင်ကို ပိုင်စိုးသူများပင် မိမိတို့၏ကမ်းခြေတစ်လျှောက် ကိုယ့်မင်းကိုယ့်ချင်း ကြီးစိုးနေသော တိုင်းတစ်ပါးသား အဖွဲ့အစည်းများကို ရာစုနှစ်ခုကြာအောင် သီးခံနေခဲ့ရသည်။ အိန္ဒိယပြည်မှ ဗြိတိသျှခံတပ် တံတိုင်းများသည် ကိုယ့်မင်းကိုယ့်ချင်းကုန်သည်များ  အဖွဲ့အစည်းများကို လက်ခံထားသည်။ ကုန်သည်များသည် ၎င်းတို့၏အခွင့်အရေးအတွက် စာမျက်နှာပေါ် ရေးသားထားသော သဘောတူညီချက်ကို ရယူထားသည်။ ထို့ပြင် ၎င်းတို့၏ကုန်သွယ်ရေးသည် နှစ်ဦးနှစ်ဖက်သာတူညီမျှ အကျိုးကျေးဇူးဖြစ်ထွန်းစေသည်ဟု အထင်ရောက်နေကြသည်။ ပြင်သစ်နှင့်ဗြိတိသျှကုမ္ပဏီများသည် မြန်မာ့မြေပြင်ပေါ်တွင် ၎င်းတို့အရေးကိစ္စပြီးစီးရန် အိနိ္ဒယတွင်ကြုံခဲ့ရ သည့်အခြေအနေများအတိုင်း တူညီသောအခြေအနေများကို မျှော်လင့်ထားခဲ့ပုံရသည်။ […]


ရာဇသံရွှေပေ (၁၇၅၆၊ မေလ ရရက်) (ဘုရင်အလောင်းမင်းတရားမှ ဘုရင်ဂျော့-၂ ထံပေးပို့သော ရွှေသဝဏ်လွှာ) သက္ကရာဇ် ၂ဝဝ၆ ခု၊ ဇူလိုင်လကုန်ပိုင်းတွင် ဂျာမနီနိုင်ငံ၊ ဟန်နိုဗာမြို့၊ လိုက်ဘ်နစ္စ အထိမ်းအမှတ် စာကြည့်တိုက်၏ပြတိုက်မှူး Dr. Friedrich Hulsmann သည် ဟန်နိုဗာတော်ဝင်စာကြည့်တိုက်ထဲ နှစ်ပေါင်း ၂၅ဝကျော်ကြာအောင် တိမ်မြုပ်နေသော ရွှေသားအစစ် ရွှေသဝဏ်လွှာကို အက္ခရာပြန်အဓိပ္ပါယ်ဖော်ထုတ်ရန် အရှေ့တိုင်းဘာသာဗေဒနှင့် သမိုင်းပညာရှင် ဒေါက်တာဂျက်၊ပီ၊လိုင်ဒါ  ထံအကူအညီတောင်းခံလာခဲ့သည်။ Dr. Friedrich Hulsmann ၏အီမေးလ်နှင့် တွဲလျက်ပါသော ရွှေသဝဏ်လွှာဓာတ်ပုံကြောင့် လက်ရေးစာသားများကား အိန္ဒိယစာပေ မဟုတ်ဘဲ မြန်မာစာပေဖြစ်နေကြောင်းကို ဒေါက်တာလိုင်ဒါ ရှင်းလင်းစွာတွေ့လိုက်ရ၏။ ၂ဝဝရ ခု၊ ဧပြီလတွင် ဟန်နိုဗာမြို့သို့ ဒေါက်တာလိုင်ဒါ မဖြစ်မနေရောက်လာခဲ့သည်။ Ms IV 571a ဟုသာ မှတ်တမ်းတင်ထားခဲ့သော […]