kaiMarch 17, 20116min1579
မြန်မာပြည်ဖက်ကို ကောလဟလ(ကောလဟာသ)တွေလာနိုင်တာမို ့.. တိကျတဲ့သတင်းနဲ့ ဖြည့်ပေးတဲ့သဘောပါ..။ အောက်ကစာက .. WHO ကထုတ်တာမို ့စိတ်ချရပါတယ်။ အဲဒီအပေါ်မူတည်ပြီး ကောလဟလလား တကယ်လား ဘာတွေလုပ်ရမလည်း လုပ်သင့်သလည်း သိသာနိုင်မှာပေါ့..။ လောလောဆယ်တော့ အိုင်အိုဒင်းဆားတွေ ထွက်ဝယ်ထားဖို့မလိုပါဘူး.။ ဒါပေမဲ့ လေထုထဲ..အစားအသောက်တွေထဲ ဓါတ်ရောင်ခြည်သင့် အိုင်အိုဒင်းတွေပါနိုင်ပါတယ်တဲ့..။အဲဒါ ရူမိ၊စားမိသူတွေ လည်ပင်းကြိတ်မှာ ရောဂါရပါမယ်တဲ့..။ ကင်ဆာလည်းဖြစ်နိုင်ပါတယ်တဲ့..။ အရေပြားကိုတိုက်ရိုက် ပြင်းထန်တဲ့ရောင်ခြည်သင့်ခံရရင် အသားတွေနီလာ လောင်လာမယ်တဲ့..။ ဆံပင်တွေကျွတ်မယ်တဲ့..။ ရောင်ခြည်သင့်ဒေသမှာ လူတွေကိုသွေးကင်ဆာဖြစ်နိုင်ခြေလည်း ရှိတယ်တဲ့..။  တခြားကင်ဆာတွေဖြစ်နိုင်ခြေလည်း ပိုများတယ်တဲ့.။ ကလေးတွေနဲ့လူငယ်တွေမှာတော့ လည်ပင်းကြိတ်ကင်တာဖြစ်နိုင်ချေပိုများတယ်တဲ့..။ အဲဒီလိုရောင်ခြည်သင့်ဒေသက ..အသီးအရွက်တွေနဲ့.. နို့ထွက်ပစ္စည်းတွေ စားရန်မသင့်ပါ.။ တတ်နိုင်ရင် အိမ်ထဲနေပါတဲ့.။ အပြင်ထွက်ပြန်လာရင် ဝတ်သွားတဲ့အဝတ်တွေကို ပလပ်စတစ်အိပ်ထဲထည့်ပြီး ကလေးတွေ ခွေးတွေနဲ့ဝေးရာမှာထားပါတဲ့.။ အပြင်ကပြန်လာရင် ရေနွေးနဲ့ရေချိုးပါတဲ..။ ဆပ်ပြာတိုက်ပါတဲ့..။ အိမ်ထဲနေရင်လည်း တခါးပေါက်မရှိတဲ့ […]