weiweiDecember 14, 20116min23118
Guilin ခရီးစဉ် (၄) ဒီကနေ့ကတော့ ကွေ့လင်မှာ နောက်ဆုံးလည်ပတ်ကြရမယ့် နေ့တစ်နေ့ဖြစ်ပါတယ်။ ည ၈ နာရီရထားနဲ့ ပြန်မှာဖြစ်ပါတယ်။ ခရီးသွားလမ်းညွှန်က တစ်နေကုန်ခရီးဖြစ်ပြီး ညနေ ၆ နာရီလောက်မှ မြို့ထဲပြန်ရောက်မှာဖြစ်လို့ ဟိုတယ်ကို တစ်ခါထဲ check out လုပ်ပေးခဲ့ပြီး ခရီးဆောင်အိပ်ကိုပါ ကားနဲ့အတူ သယ်ခဲ့ကြပါတယ်။ ကားပေါ်က လူ ၂ဝ လောက်ပဲ ပါတာမို့ ချောင်ချောင်လေး ထိုင်သွားရပါတယ်။ ၂ ယောက်ထိုင်ခုံမှာ တစ်ယောက်ထဲထိုင်လို့ရတယ်။ ပထမဆုံး ရှေးကျတဲ့ မြို့ဟောင်းနေရာတစ်ခု Daxu town ကို လိုက်ပို့ပါတယ်။ ဘုရားကျောင်းတစ်ခု၊ ရှေးဟောင်းလူနေရပ်ကွက်နဲ့ မြစ်ဆိပ်ကိုသွားတဲ့ သစ်သားတံတားလေးတစ်ခုတွေ့ခဲ့ရတယ်။ မနက်စောလွန်းပြီး မိုးအုံ့နေပါတယ်။ ရှေးတုန်းက ရောင်းဝယ်ဖောက်ကားတဲ့ အချက်အချာနေရာ ဈေးကြီးတစ်ခုဖြစ်ခဲ့ပါတယ်။ ရှေးဟောင်းပစ္စည်း ဈေးဆိုင်တန်းတွေ ရှိပါတယ်။ […]


weiweiDecember 6, 20117min14410
မနက် ရ နာရီမှာ ကားလာကြိုမှာဖြစ်ပါတယ်။ Li river တစ်လျှောက် သင်္ဘောစီးပြီး တောင်ရှုခင်းတွေကြည့်ရမယ့်အစီအစဉ်နဲ့ ညနေပိုင်း Yangshuo ရန်ရှိုး မှ ရှုခင်းများနဲ့ ပန်းခြံများကို လည်ပတ်ရမှာဖြစ်လို့ ယနေ့ခရီးစဉ်က Guilin ကွေ့လင်ခရီးစဉ်ရဲ့ အဓိကနေ့တစ်နေ့ဖြစ်ပါတယ်။ မနက် ၆ နာရီမှာ ဟိုတယ်ကကျွေးတဲ့ နံနက်စာကို သွားစားကြတယ်။ ဘူဖေးစနစ် 4 stars ဟိုတယ်မနက်စာတွေက အကောင်းစားတွေချည်းပါပဲ (ဦးဖော ရွာထဲမှာပြဖူးသေးတယ်)။ ရွေးစရာတွေအများကြီးရှိပေမယ့် ကျွန်မက အကြိုက်ဆုံးဖြစ်တဲ့ ဆန်ပြုတ်ကိုပဲ ရွေးစားခဲ့တယ်။ ဆန်ပြုတ်က ရှင်းရှင်းလေးနဲ့ အရသာရှိလို့ အခုထိကို မမေ့သေးတဲ့မနက်စာပေါ့။ စားသောက်ပြီး တစ်နေ့တာလိုမယ်ထင်တာတွေ ကျောပိုးအိတ်အသေးထဲထည့်ပြီး ဟိုတယ်ဧည့်ခန်းထဲကနေ စောင့်နေလိုက်ကြတယ်။ အဲဒီအချိန်မှာမှ ကျွန်မသိလိုက်တာက ကင်မရာ ဒုကပေးပါပြီ။ ဘယ်လိုမှရိုက်လို့မရတော့ဘူး။ memory card […]


weiweiNovember 27, 20115min29832
Guilin ခရီးစဉ် (၂) ဘူတာကိုရောက်လို့ လာကြိုတဲ့ခရီးသွားအေဂျင်စီကလူနဲ့တွေ့ပြီးတာနဲ့ သူက ကျွန်မတို့နှစ်ယောက်ကို ဘူတာနားက ဟိုတယ်နဲ့တွဲလျက် စားသောက်ခန်းမထဲကိုခေါ်သွားပါတယ်။ သူတို့ကုမ္ပဏီနဲ့ဆက်ထားတဲ့ အဲဒီနေ့မနက်စောစောရထားနဲ့ရောက်သမျှခရီးသွားဧည့်သည်အားလုံးကို စောင့်ခေါ်ခဲ့ပါတယ်။ တစ်ဝိုင်းစာ ၁ဝ ယောက်အတွက် နံနက်စာနဲ့အရင်ဆုံး ဧည့်ခံပြီး ၃ ရက် ခရီးစဉ်ကို အသေးစိတ်ပြောပြပါတယ်။ တကယ်တော့ ကျွန်မက ခရီးစဉ်အသေးစိတ်ကို ကြိုသိခဲ့ပြီး ပိုက်ဆံပါတစ်ခါထဲပေးခဲ့ပြီးသားပါ။ ဒါပေမယ့် တရုတ်လူလည်တွေက လူလည်ကျဖြစ်အောင်ကျပါတယ်။ မူလစာချုပ်ထဲမှာပါတဲ့ အစီအစဉ်အတိုင်းပဲဆိုရင် နေရာစုံရောက်မှာမဟုတ်ကြောင်း၊ (စာချုပ်ထဲမှာမပါတဲ့နေရာတွေကို ဓါတ်ပုံတွေပြပြီး) မူလအစီအစဉ်ကို ၂ ရက်နဲ့ပြီးအောင်စီစဉ်ပေးလိုက်ရင် တစ်ရက်စာအချိန်ပိုမှာဖြစ်ကြောင်း၊ အဲဒီအချိန်မှာ သူတို့ပြတဲ့နေရာတွေကို သွားလည်လိုက်ရင် အရမ်းကောင်းမှာဖြစ်ကြောင်း၊ ဒီလောက်အဝေးကြီးလာပြီး ဒီလိုမှမသွားရင် တန်မှာမဟုတ်ကြောင်း စသဖြင့် အမျိုးမျိုးဆွယ်ပါတော့တယ်။ ကျွန်မကလဲ စိတ်ကသိပ်ခိုင်တာမဟုတ်တော့ လက်ခံလိုက်ပြီး ဘယ်လောက်ထပ်ပေးရမလဲလို့မေးလိုက်တော့ ယွမ် ၅၀ဝ တဲ့ […]


weiweiOctober 23, 20112min26623
ခရီးသွားဆောင်းပါးရှည်ရေးရတာ အချိန်ကုန် လူပင်ပန်းဖြစ်ရလို့ သွားခဲ့သမျှအားလုံး မရေးဖြစ်ခဲ့ပါဘူး။ အခုတလော ရွာထဲမှာ ခရီးသွားပို့စ်တွေဖတ်ပြီးတော့ အားကျလာတာနဲ့ ကွေ့လင်ခရီးစဉ်ကို မှတ်တမ်းကျန်ခဲ့အောင် ရေးချင်စိတ်ပေါက်လာပါတယ်။ တရုတ်ပြည်က တက္ကသိုလ်နဲ့ အထက်တန်းကျောင်းတွေမှာ တစ်နှစ်ကို နှစ်ကြိမ် ကျောင်းပိတ်ရက်ရှည်ပေးလေ့ရှိပါတယ်။ ဆောင်းရာသီပိတ်ရက်အနေနဲ့ တရုတ်နှစ်သစ်ကူးရက်ရဲ့ အရှေ့ကို တစ်ပတ်နဲ့ အနောက်ကို သုံးပတ် စုစုပေါင်း လေးပတ်ပိတ်ပါတယ်။ နွေရာသီပိတ်ရက်အနေနဲ့ အရမ်းပူတဲ့ ဇူလိုင်လလယ်မှ စက်တင်ဘာလလယ်အထိ ၂ လ ပိတ်လေ့ရှိပါတယ်။ တရုတ်လူမျိုးတွေက ဆောင်းရာသီပိတ်ရက်မှာ တရုတ်ပြည်တောင်ပိုင်း သိပ်မအေးတဲ့နေရာဒေသတွေကို ခရီးထွက်လေ့ရှိကြပြီး နွေရာသီပိတ်ရက်မှာ တရုတ်ပြည်မြောက်ပိုင်း အအေးပိုင်းဒေသတွေကို ခရီးထွက်ကြပါတယ်။ ကျွန်မက တရုတ်ပြည်မြောက်ပိုင်းမှာနေခဲ့ပါတယ်။ ၂၀၀၉ ခုနှစ် ဆောင်းရာသီပိတ်ရက်မှာ တရုတ်ပြည်တောင်ပိုင်း ကွမ်ရှီးပြည်နယ်က ကွေ့လင်မြို့ကို သွားရောက်လည်ပတ်ဖို့ စီစဉ်ခဲ့ပါတယ်။ တစ်ယောက်ထဲသွားရဲပေမယ့် တစ်ယောက်ထဲသွားရင် အလွန်ပျင်းစရာကောင်းတယ်။ […]