mgsaiJanuary 11, 20161min20613
အခုပြောမယ့်အကြောင်းကတော့ ပိုးသတ်ဆေးအနာ္တရာယ်ပါပဲ။ဘာလို့ဒီလိုပြောရတာလဲ။အရင်ကတော့ပိုးသတ်ဆေးကို ကိုယ့်ကိုကိုယ်သတ်သေဖို့အတွက်သောက်သေကြတယ်။အခုတော့ ပိုးသတ်ဆေးကို သောက်စရာမလိုတော့ပါဘူး။ ကျွန်တော်တို့နေ့စဉ်စားသောက်နေတဲ့ဟင်းသီးဟင်းရွက်တွေမှာပိုးသတ်ဆေးတွေပါဝင်နေပါတယ်။အရင်တုန်းကတော့မသိသာပေမယ့် အခုအခါတော်တော်များများ အသီးအရွက်တွေစားမိပြီး သေတာတွေ၊ဆေးရုံရောက်တာတွေ အများအပြားကြားနေရပါတယ်။ ပထမဆုံးပြောချင်တာကတော့ ကန်စွန်းရွက်ကနေ စရပါမယ်။ဟို တလောက ကန်စွန်းရွက်စားမိလို့ လူ၁၃ရောက်ဆေးရုံရောက်တာ သတင်းစာတွေ၊ဂျာနယ်တွေမှာ ပါလာပါတယ်။ဘာကြောင့်ဖြစ်ရတာလဲ???ကန်စွန်းရွက်က အဆိပ်ပြေစေတဲ့အရွက်တစ်မျိုးပါ။။အရင်ကဆို အစာအဆိပ်တစ်ခုခုဖြစ်ပြီဆိုရင် ကန်စွန်းရွက်ကိုအရည်ညှစ်ပြီးတိုက်ချလိုက် အဆိပ်တွေကင်းရော။အခုကြတော့ရော ကန်စွန်းရွက်ကို ကြော်စားတာတောင် ဆေးရုံရောက်တာတို့ဘာတို့။တကယ်တမ်းတော့. . . ဟိုနေ့က လှိုင်သာယာကိုရောက်ပါတယ်။ဘူတာဈေးအလွန်မှာ ရေအိုင်လေးတွေရှိပါတယ်။အဲဒီမှာ ကန်စွန်းရွက်စိုက်ကြပါတယ်။ကန်စွန်းရွက်တွေများ သန်သန်မာမာ အရွက်တွေက ထွားထွားကြိုင်းကြိုင်းတွေ၊ကျွန်တော်မေးကြည့်ပါတယ်။ကန်စွန်းရွက်တွေက ကောင်းလျချည်လားပိုးပေါက်တွေဘာတွေလဲမပါ၊စိမ်းပြီးတော့ လှလိုက်တာဆိုတော့။လှမှာပေါ့ဗျာ မနေ့ကမှ ပိုးသတ်ဆေးဖြန်းထားတာတဲ့။သူတို့ပြောတာတော့ ပိုးသတ်ဆေးကို အပင်ငယ်စဉ်ကတည်းကဖြန်းပါတယ်။ခူးခါနီးကြရင် အရွက်တွေ ပိုးပေါက်တွေမပါအောင်ပိုးသတ်ဆေးတွေဖြန်းပြီး နောက်နေ့ဆိုခူးတာပဲတဲ့။စဉ်းစားကြည့်ပါ။ကျွန်တော်တို့တွေ ဒီကန်စွန်းရွက်ကိုသာ ရေစင်အောင်မဆေးလို့ကတော့. . . . . နောက်တစ်ခုက ဂေါ်ဖီထုပ်။ပန်းဂေါ်ဖီလဲပါတာပေါ့လေ။ဂေါ်ဖီထုပ်မှာသုံးတဲ့ပိုးသတ်ဆေးက အရမ်းပြင်းဆိုပဲ။ပင်လုံးဖြတ်ပိုးသတ်ဆေးလို့ ခေါ်ကြတယ်။ဂေါ်ဖီဟာ အလွှာအထပ်တပ်ရှိတာမို့ အဲဒီအလွှာတွေအကုန်လုံးဖြတ်ပြီးစိမ့်ဝင်အောင် […]


mgsaiJanuary 5, 20161min1487
ပိုးသတ်ဆေးကိုစုပ်ယူထားသော အသီးအနှံများ အခုပြောမယ့်အသီးအနှံတွေက ပိုးသတ်ဆေးကို စုပ်ယူထားပါတယ်။အဲဒီသီးနှံတွေကို ရေဘယ်လောက်ပဲဆေးဆေး၊ဆားရေပဲစိမ်စိမ်၊ဘယ်လောက်ပဲချက်ပြုတ်ချက်ပြုတ် အဲဒီအသီးတွေထဲက ပိုးသတ်ဆေးတွေ ကပြန်မထွက်နိုင်ပါဘူး။အဲဒီအသီးတွေကို ကမာ္ဘ့ကျန်းမာရေးဌာနကသတ်မှတ်ထားပါတယ်။အဲဒီအသီးတွေကတော့ (၁)မက်မန်းသီး(၁၀၀%) မက်မန်းသီးကို ပိုးသတ်ဆေးတစ်ခါဖြန်းထားရင် အဲဒီပိုးသတ်ဆေးတွေအကုန်လုံးကို မက်မန်းသီးက စုပ်ယူထားပါတယ်။အဲဒီမက်မန်းသီးကို ဘယ်လောက်ဆေးဆေးပိုးသတ်ဆေးတွေ မလျော့သွားပါဘူး။ဒီကြားထဲ မက်မန်းသီးကို အရောင်လှအောင်ဆိုးဆေးအနီတွေဆိုးလိုက်သေးတယ်. .. (၂)ပန်းသီး(၈၉%) ဒီထဲမှာ ပန်းသီးက ဒုတိယနေရာမှာပါတဲ့အတွက်တော်တော်စိတ်မကောင်းဖြစ်မိပါတယ်။ဘာလို့လဲဆို ပန်းသီးကိုတစ်နေ့တစ်လုံးစားရင် ဆရာဝန်တောင်မလိုဘူးလို့ ဆိုရိုးရှိပါတယ်။ပန်းသီးဟာ ရောဂါတော်တော်များများအတွက် ကောင်းစေပါတယ်။ဒီလိုပန်းသီးကို ပိုးသတ်ဆေးဖြန်းထားပြီး ကျွန်တော်တို့ကလဲတစ်နေ့တစ်လုံးသာမှန်မှန်စားမယ်ဆိုရင်. . . . (၃)ငရုတ်ပွ(၈၆%) ငရုတ်ပွ အနီရောင်တွေ၊အစိမ်းရောင်တွေ၊အဝါရောင်လဲပါတာပေါ့ဗျာ ပိုးသတ်ဆေးတစ်ခါဖြန်းမိလို့ကတော့ မတွေးဝံ့စရာ. . . . . (၄)တရုတ်နံနံ(၈၅%) တရုတ်နံနံတွေထဲမှာလဲ ကြောက်စရာကောင်းတဲ့ပိုးသတ်ဆေးတွေ ပါဝင်နေပါတယ်။ (၅)စတော်ဘယ်ရီ(၈၂%) စတော်ဘယ်ရီသီးတွေကို ကလေးတွေတော်တော်များများက ကြိုက်နှစ်သက်ကြပါတယ်။စတော်ဘယ်ရီမှာ ပိုးသတ်ဆေးတွေပါဝင်နေရုံမက ဆိုးဆေးအနီတွေလဲဆိုးထားတယ်လို့ သိရပါတယ်. […]


TTNUJanuary 25, 20121min33228
ကျန်းမာပါရဲ ့လားမိတ်ဆွေ “အာရောဂျံ ပရမံလာဘံ” ကျန်းမာခြင်းသည် လာဘ်တစ်ပါး ဆိုစကားရှိပါတယ်။ နေမကောင်းထိုင်မသာဖြစ်တော့မှ ကျန်းမာခြင်းရဲ ့တန်ဖိုးကို ကျမတို့ သိလာကြတယ်။ နေကောင်းနေလို့ကတော့ အစားအသောက်လည်းမရှောင်၊ ရေချိုးမိုးချိုးလည်းမရွေး၊ အိပ်ရေးပျက်တာလောက်ကတော့ အေးဆေးပါ ဆိုပြီး ပေါ့ဆတတ်ကြပါတယ်။ ကျမတို့လို အရွယ်လွန်တွေ … အထူးသဖြင့် ကျမပါ၊ (ငါ မအိုသေး..) စိတ်နဲ့ မာန်တင်းနေသလားပါပဲ။ မနှစ်ကအထိကျုံးတစ်ပါတ်စက်ဘီးစီးကောင်းတုန်း။ နောက်ပိုင်း ဟိုနားက ဝှီးခနဲ ဆိုင်ကယ်တစ်စီးဖြတ်၊ ဒီနားကဝှီးခနဲကားတစ်စီးကျော်နဲ့ ကြာတော့ စက်ဘီးလက်ကိုင်လေးယိုင်တိုင်တိုင်ကိုင်ရင်း ဖြစ်သေးပါဘူးလေ ဆိုပြီး ကျမစက်ဘီးလေး ကို ခဏအနားပေး၊ လမ်းလေးပဲလျှောက်နေတာပါ။ ကျမတို့တွေ တကယ်သရိုးသရီနေမကောင်းပြီဆိုမှ ဆရာဝန်ဆီပြေးတတ်ကြပါတယ်။ ခေါင်းလေးအုံတုံတုံ လောက်ဆိုရင် ပရုပ်ဆီဟိုပွတ်ဒီပွတ်နဲ့ ပျောက်သွားပြီလို့ ထင်နေတာ။ ဆက်ကိုက်ခဲဖျားနာတော့မှ ဆရာဝန်ဆီပြေး၊ သွေးချိန် ဘာညာချိန်တော့မှ သွေးတိုးနေပြီ၊ […]