maungmoenyoOctober 17, 20101min713
မြန်မာပြည်မှာဘာတွေစတင်သင့်ပြီလဲ တွင်ရောက်နေ ပေပြီ။ အရေးပါသောအချိန်အခါဖြစ်သလိုတာဝန်ရှိသောအစိုးရအနေဖြင့်ပြည်သူတိုင်းအတွက် ေ၇ရှည်အကျိုးပြုမည့်အလုံးစုံသောကျန်းမာရေးစောင့်ရှောက်မှုအစီအစဉ်များကိုခုကတည်းကပြင်ဆင်ေရေးဆွဲပြဌာန်းရန်အရေးကြီးနေပေပြီ။ သို့သော်လက်ရှိနိုင်ငံရေးအပြောင်းအလဲအတွက်တာစူနေသောစစ်အစိုးရ၏မအားလပ်မှုများက ဤကျန်းမာရေးဆိုင်ရာေ၇ရှည်အစီအမံများကိုနှောင့်နှေးသွားစေသည်သာမကကျန်းမာရေးစောင့်ရှောက်မှုအနိမိ့ဆုံအဆင့်ကိုပင်အများလူထုကခံစားခွင့်မရှိတော့ပါ။ မြန်မာတို့၏ဆိုရိုးဖြစ်သော “ကျန်းမာရေးသည်လာဘ်ကြီးတပါး”ဟူသောစကားသည်သွေးထွက်အောင်မှန်သည်ဆိုသောအချက်ကိုစာရေးသူကိုယ်တိုင်ဆေးရုံရောက်မှသိရတော့သည်။ လက်ရှိဦးတည်ရာမဲ့သွားနေသောျမြန်မာနိုင်ငံ၏ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းကိုလမ်းကြောင်းတည့်ပေးရန်ကားယခုအချိန်အရေးကြီးသောအချိန်သို့ရောက်နေသည်သာမက၊ သင့်လျော်သောအစီအမံများအစပျိုးရန်ကောင်းသောအချိန်အခါကောင်းဆိုလျင်မှားမည်မထင်ပါ။ လက်ရှိနိုင်ငံတကာနှင့်အိမ်နီးချင်းနိုင်ငံများ၏ကျန်းမာရေးစောင့်ရှောက်မှုစနစ် (healthcare system) ကိုစနစ်တကျလေ့လာပြီး၊ မိမိနိုင်ငံ၏ရေမြေသဘာဝနှင့်ကိုက်ညီမည့်ခေတ်မှီသောကျန်းမာရေးအစီအမံများ ချမှတ်ရေးဆွဲရန်အထူးလိုအပ်နေချိန်ပင်။ သတင်းစာနှင့် media တို့တွင်ဖေါ်ပြကောင်းရုံရှိသော”ဟန်ပြ”လုပ်ရပ်များရပ်တန်းကရပ်ကြဘို့လိုပါပြီ။ ဆင်းရဲချမ်းသာမရွေးပြည်သူတရပ်လုံးကိုလွှမ်းခြုံသည့်၊ ကာကွယ်ရေးကိုအခြေခံသောကျန်း မာရေးစောင့်ရှောက်မှုအာမခံစနစ် ကို အကောင်အထည်ဖေါ်ရန်၊ (universal preventive-based healthcare insurance coverage) ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများဖြစ်သည့်ဆေးကုသမှုနှင့်အခြားဆေးဘက်ဆိုင်ရာလုပ်ငန်းများ (services)၊ ဆေးပညာသင်ကြားရေး၊ သုတေသန နှင့်တိုင်းရင်းဆေးပညာတို့တွင်အစိုးရကတိုက်ရိုက် ပါဝင်ပတ်သက်သောအခန်းကဏ္ဍကိုအပြီးတိုင်ဖျက်သိမ်းရန်၊ ယင်းဖျက်သိမ်းသောဌာနများကိုပုဂ္ဂလိကသို့စနစ်တကျလွဲပြောင်းပေးပြီးသင့်တင့်သောကျန်းမာရေးစံ နှုန်းထားများသတ်မှတ်ထားသောဥပဒေသတ်မှတ်ချက်ဖြင့်ဆက်လက်လုပ်ကိုင်ခွင့်ရှိသောအခွင့်အလမ်းများပေးရန်၊ ဗဟိုအစိုးရမှယင်းလုပ်ငန်းများအဆင့်မြင်ရှင်သန်နိုင်ရေးအတွက်ဘဏ္ဍာငွေခွဲဝေ ချထားခြင်းနှင့်ကြိ ကြပ်ကွပ်ကဲခြင်းမှအပ၊ ကျန်းဝန်ထမ်းရေးရာ၊စီမံခန့်ခွဲရေးရာ၊ ကိစ္စအဝဝကို လွတ်လပ်စွာဆောင်ရွက်ခွင့်ရှိစေရန်၊ ဆေးဘက်ဆိုင်ရာမှတ်တမ်းများကိုဗဟိုချုပ်ကိုင်မှုစနစ် (computerized medical data keeping and exchange system) ဖြင့်အစားထိုးပြောင်းလဲရန်။ ယင်းမှတ်တမ်းများလုံခြုံရေးအတွက်ဥပဒေကာကွယ်မှုများပြုလုပ်ရန်။ […]