AKKOAugust 4, 20117min31425
ညနေခင်း တစ်ခုမှာပေါ့ဗျာ ကျွန်တော်ဆေးခန်းဖွင့်ဖွင့်ချင်း … လူတစ်ယောက်ရှေ့က ခေါက်တုံ့ ခေါက်ပြန်လမ်းလျှောက်နေတာ တွေ့မိတယ် ။ ဆရာဝန်လာမလာ လာကြည့်တာပဲ အထင်နဲ့  စောင့်နေတဲ့ လူနာတွေကို ကုသပေးရင်း အမှူမဲ့ အမှတ်မဲ့ နေလိုက်ပါတယ် ။ နောက်တစ်နာရီခွဲလောက်အကြာ … ထိုလူ ခေါက်တုံ့ ခေါက်ပြန်လမ်းလျှောက်တာ မြင်ရပြန်ပါရော … ကျွန်တော်လည်း သမရိုးကျမဟုတ်တဲ့ အပြုမူဖြစ်လို့ သိချင်စိတ်ဖြစ်မိပါတယ် ။ ပထမတစ်ခါလမ်းလျှောက်တုန်းက ဆေးခန်းကို လာချောင်းတာလို့ နားလည်သော်လည်း အခုတစ်ခါလာချောင်းတာက ဘာလို့များပါလဲ သိချင်မိပါတယ် ။ လမ်းမှာမ လမ်းလျှောက်ပြီး ဆေးခန်းထဲ ကျီးကန်းတောင်းမှောက်လျှောက်ကြည့်နေတဲ့လူကို ကျွန်တော်ဘယ်လို အကြောင်းပြချက်နဲ့ ခေါ်မေးလို့မှ မရဘူးလေ ။ သူဆေးခန်းထဲချောင်းကြည့်ချိန် ရှာဖွေနေတဲ့ မျက်လုံးတွေနဲ့ပါ ။ ကျွန်တော့်အထင် သူ့အိမ်သားတစ်ဦးဦးများ လူနာအနေနဲ့ […]