အဇဋာAugust 31, 20121min1297
ယနေ့ နေ့လည်တွင် ABSDF ကျောင်းသားများ ဥက္ကဋ္ဌဟောင်း နှင့်အတူ အခြား ပုဂ္ဂိုလ်များ မြန်မာနိုင်ငံသို့ရောက်ရှိလာမည်ဖြစ်သည်။ မိုးသီးဇွန်ကဲ့သို့သော ပုဂ္ဂိုလ်များလည်း လာမည့် ရက်ပိုင်းအတွင်းရောက်ရှိလာမည်ဖြစ်ပြီး ယနေ့တော်ဝင်နှင်းဆီတွင်လည်း အဆိုပါ ABSDF ကျောင်းသားကိစ္စများနှင့် ပတ်သက်ပြီး သတင်းစာရှင်းလင်းပွဲတစ်ခု ပြုလုပ်မည်ဖြစ်သည်။ ပြန်ရောက်လာမည့်သူများကို မကြေနပ်သူများ၊ သတ်ဖြတ်မှုများတွင် ပါဝင်ခဲ့သည့်သူများ၏ မိဘများကလည်း ဆန္ဒပြမည်ဟု သတင်းထွက်ပေါ်လျက်ရှိသည်။ အဆိုပါကိစ္စကို ယနေ့ သတင်းလိုက်သွားမည်ဖြစ်သည်။ အကယ်၍ ခင်ဗျားတို့သာ ကျွန်တော့်နေရာမှာဆိုရင် ဘယ်လိုမေးခွန်းမျိုးတွေ မေးချင်ပါသလဲ ? ဘယ်လို အကြံညဏ်ပေးချင်ပါသလဲ ? ဆွေးနွေးခြင်းနှင့် အကြံညဏ်တောင်းခံခြင်းဖြစ်ပါသည်။ ထို့ပြင် ဂေဇက်ရွာသားများနှင့်အတူ သတင်းအတူလိုက်ချင်၍ ဖြစ်သည်။ ကဲ…အတူတူ သတင်းလိုက်ကြစို့။ အားလုံးကို ကျေးဇူးတင်ပါသည်။ မြတ်ကျော်သူ


Kaung Myat HtutApril 13, 20122min1495
လမ်းသွားရင်း သင့် smartphone နဲ့စာရိုက်ရတာ အလွန်ခက်ခဲပါတယ်။ Keyboard ကိုလည်းထိအောင် ရိုက်ရသလို အရှေ့မှာလည်း ဝင်မတိုက်မိအောင် ကြိုးစားလျှောက်ရပါတယ်။ ဒါကြောင့် Camera ရဲ့အကူအညီနဲ့ Transparent screen အဖြစ်ပြောင်းလဲပြီး စာတွေရိုက်မယ်ဆိုရင် အဆင်ပြေနိုင်ပါတယ်။ သုံးစွဲပုံကလည်း Application ဖွင့်လိုက်ပြီး Transparent level လိုသလိုချိန်ပြီး အသုံးပြုနိုင်ပါတယ်။ ဒီလို App တွေဟာ battery သုံးစွဲမှုများတာကြောင့် အမြဲတမ်းဖွင့်ပြီးသုံးလို့ အဆင်မပြေပါဘူး။ ကောင်းတာတစ်ခုက ဒီ app ကို https://market.android.com/details?id=botweb.transparent.screen မှတဆင့် အခမဲ့ ရနိုင်ပါတယ်။


သဂျီး ကောင်းဘူးကွာ .. ဒီမှာ သများက တအား သိချင်လို့ မေးတဲ့ဟာကို .. သဂျီးက လျှိုထားတယ် .. ဘာမှလည်း ပြန်ပြောဘူးရယ် .. 🙄 အကျိုးသင့်၊ အကြောင်းသင့်တော့ နည်းနည်းပါးပါး ပြန်ပြောသင့်တာပေါ့လို့ .. သများက ကလိရတာ ဝါသနာပါမှန်း သိရဲ့သားနဲ့ .. သဂျီး လူချိုး .. သွား .. ရေလည်း ချိုးဘူး ….. 😀 ဒါကြောင့် အခု အကုန်လုံးသိအောင် ပေါ်တင် မေးလိုက်တယ်ဂျာ .. ဘာဖစ်လဲ …. 😀 အခုလို မေးတာတောင် သဂျီး မသိချင်ယောင် ဆောင်နေလို့တော့ ………….. 😀     Post : […]


blackxMarch 13, 20112min110
TCP / IP ဆိုတဲ့ စာလုံးလေးတွေရဲ့ အရှည်ကတော့ Transmission Control Protocol / Internet Protocol ပဲဖြစ်ပါတယ်။ အဓိပ္ပါယ်အရှည်ကို သိပြီဆိုရင်တော့ Class များအကြောင်း ဆက်ပြီးပြောပြချင်ပါတယ်။ Host နဲ့ Router တိုင်းမှာ IP Address သီးသန့်စီ ရှိကြပါတယ်။ အဲဒီ Address တွေက တစ်ခုနဲ့တစ်ခု တူညီမှုမရှိဘဲ ကွဲပြားကြပါတယ်။ အဲဒီအပြင် IP Address ရဲ့ Length အရှည်က 32-bit ရှည်ပြီး အဲဒီ Address ကို Computer တစ်လုံး နဲ့ တစ်လုံး Network ချိတ်တဲ့နေရာမှာ အသုံးပြုပါတယ်။ အခု IP Class များအကြောင်း မပြောခင် […]


blackxMarch 13, 20112min1413
ကျနော်တို့နေ့စဉ်သုံးနေတဲ့ PC တွေမှာ ဂိမ်းတွေဆော့ရင်ဘဲဖြစ်ဖြစ် အခြားဆော့ဖ်ဝဲအကြီးစားတွေကို သုံးရင်ဘဲဖြစ်ဖြစ် မိမိစက်ရဲ့ memory မလုံလောက်ရင် ဆော့လို့မရတာတွေ စက်ဟန်းသွားတာတွေ ဖြစ်တတ်ပါတယ်။ အခု Windows7 မှာတော့ ဒါမျိုးဖြစ်တာတွေလျော့သွားအောင် Microsoft က Virtual Memory ဆိုတဲ့ function တစ်ခုထည့်ပေးခဲ့ပါတယ်။ ဒါလေးကိုအသုံးပြုပြီး စက်ရဲ့ memory ပမာဏ ကို virtually မြှင့်တင်ပေးလို့ရပါတယ်။ ဘယ်လိုလုပ်မလဲဆိုတာကတော့ ….. ပထမဆုံး Window key + Pause/Break (or) My Computer ကို Right Click >> Properties ကတစ်ဆင့် System Properties ကိုသွားပါမယ်။