Justice ABSeptember 7, 20121min450
Request! Kai , ဝက်ဆိုဒ်ရဲ့ စည်းမျဉ်းတွေနဲ့ မညီဘူးဆိုရင်တော့ ဖျက်ပစ်နိုင်တယ်လို့ ပြောချင်ပါတယ်။ ဒီပို့စ်ကိုတင်ရတာကတော့ အမှန်တရား အတွက်ရယ်။ လူ့အခွင့်အရေး အတွက်ရယ်။    ငယ်ငယ်ရွယ်ရွယ်နဲ့ ဒီမိုကရေစီယုံကြည်ချက်ကြောင့် တောထဲမှာလက်နက် ဆွဲကိုင်တော်လှန်ကြတဲ့ ရဲဘော်ရဲဘက်ချင်း ဘယ်လောက်တောင်ရက်ရက်စက်စက် သတ်ပြီး ဘယ်လောက်တာဝန်မဲ့ခဲကြသလဲဆို(ကိုယ်တိုင်ခံစားရတယ်ဆိုရင်ရော၊ ကိုယ်အမျိုးကထဲ တစ်ယောက်ယောက်ဖြစ်မယ်ဆိုရင်ရော ဘယ်လိုခံစားကြမလဲ။ ထောက်လှန်းရေး သူလျှိုကြောင့် ဒါမျိုးတွေဖြစ်ရတယ်ပြီး အပြစ်လွဲချရင်တာင် လူတစ်ယောက်ကို တရိစ္ဆာန်တစ်ကောင်လို သတ်တာကတော့ လူစိတ်ကင်းမဲ့လွန်းတယ်ပြောရမယ်။ လူသတ်တယ်ဆိုတာ ဘယ်နေရာမှာပဲသတ်သတ် လူသတ်တာပဲဖြစ်ပါတယ်။ တာဝန်ယူရမယ့် တာဝန်ရှိပါတယ်။ စစ်မြေပြင်မှာ တစ်ယောက်နဲ့တစ်ယောက် အသေသတ်ကြတာ တရားပေမယ့် သုံ့ပန်းအဖြစ်မိထားခဲ့ရင်ဘယ်လောက်ရက်စက်တဲ့ရန်သူပဲဖြစ်ဖြစ် (ဒုတိယကမ္ဘာစစ်အတွင်းမှာတောင်)သုံ့ပန်းပေါ်လစီကိုလေးလေးစားစားလိုက်နာရပါတယ်. နောက်မှ တရားစီရင်ပြီး ပြစ်ဒါဏ်ချတာကတစ်ပိုင်းဖြစ်ပါတယ်။  ဒါပေမယ့် ဒီလိုလူတွေက မြန်နိုင်ငံနိုင် ဒီမိုကရေစီ အရေးဆောင်ရွက်မယ်ပြောနေလို့ပါ။ အဖွဲ့အတွင်းမှာတောင် ဒီမိုကရေစီနဲ့ လူအခွင့်အရေးမရှိ၊ တန်ဖိုးမထားတတ်တဲ့ လူတစ်စုကရော […]