TTNUDecember 23, 20111min28230
ကျုပ်ဘယ်သူလဲ … ဟုတ်လား? ကျုပ်နာမည်က အော်စကာ … နေတာကတော့ ဆေးရုံတစ်ရုံမှာ။ ဒီလိုဗျ..ဒီဆေးရုံက လက်လွှတ်ရတော့မဲ့ဆဲဆဲ.. နာမကျန်းရောဂါသည်တွေကို ကုသပေးတဲ့ ဆေးရုံငယ်လေးပါ။ ဒီလူနာတွေ ဝေဒနာသက်သာအောင် ဆရာဝန်တွေ သူနာပြုတွေက စောင့်ရှောက်ကြတယ်ဗျာ။ စေတနာ အပြည့်နဲ့နော်။ ဆေးရုံကလူနာတွေ ကြည့်ရတာ အားမရလိုက်တာ.. သက်သာတဲ့လူကို တယ်မရှိလှပါဘူး။ နေဝင်ချိန်ကို စောင့်နေသလိုပါပဲ။ ကျုပ်လား? အင်း..ကျုပ်ကလေ ဒီလိုပါပဲ၊ လူနာတွေ တစ်ယောက်စီ တစ်ယောက်စီ တိုင်း ဆီကို သွားလည်တာပါပဲ။ သူတို့ကိုလည်း အားပေးရင်း၊ သူတို့ ဝေဒနာတွေကိုလည်း အကဲခတ်ရင်း လေ့လာရင်းပေါ့ဗျာ။ ပြောရဦးမယ်ဗျ၊ သူနာပြုတွေကလည်း ကျုပ်ဆို ခင်မင်နေကြပါပြီ၊ သူတို့က ကျုပ်ကို ခင်ကြလို့ ကောင်းကောင်းမွန်မွန်ကျွေးကြပါတယ်။ ကျုပ်နေရထိုင်ရတာ အဆင်ပြေပါတယ်။ ကျုပ်မို့လို့ လူနာမိတ်ဆွေတွေအနားမသွားလိုက်နဲ့ သူတို့အချင်းချင်းပြောနေကြတာ […]