kaiMay 13, 20103min540
အစိမ်းကဒ်လို့ ခေါ်ကြတဲ့ ယူအက်စ်က ပါမေးနန် ့(အမြဲတန်း)နေထိုင်ခွင့်ကဒ်ပြား အသစ်ထုတ်ပါတော့မယ်..။ အဟောင်းနဲ့စာရင် အစိမ်းရောင် ပိုသမ်းသွားပါတယ်။ လုံခြုံရေးတွေလည်း အဆင့်မြှင့်ထားတယ် ဆိုပါတယ်။ အစိမ်းကဒ်ရှိသူတွေဟာ ယူအက်စ်မှာ နေခွင့်အလုပ်လုပ်ခွင့် အပြည့်ရှိတာပါ။ ပြည်ဝင်ခွင့် ဗီဇာ လျှောက်ထားဖို ့(သာမန်အားဖြင့်) မလိုပါဘူး၊ ကဒ်ပြားနဲ့ပဲ ဝင်လို့ထါက်လို့ ရပါတယ်။ အစိမ်းကဒ်ကိုင်သူ(ပါမေးနန် ့ရက်စီးဒန့်)သာ နိုင်ငံသားဖြစ်ဖို ့အနီးစပ်ဆုံးအဆင့်ဖြစ်ပြီး မဲပေးခွင့်မရှိတာလောက်ပဲ လိုတော့တာပါ။ နောက်ပိုင်း အစိမ်းကဒ်တွေဟာ သက်တန်းရှိပြီး ၁ဝနှစ်ကြာပါတယ်။ ဒါပေမဲ့ အစိမ်းကဒ်နဲ့ မြန်မာပြည်ပြန်နေမယ်ဆိုရင်တော့ နိုင်ငံသားလျှောက်ဖို ့စောင့်ရတဲ့ အချိန်ကို ထိခိုက်မှာဖြစ်ပါတယ်။ သာမန်အားဖြင့် ၆လနဲ့အထက် ယူအက်စ်အပြင်မှာနေရင် အစိမ်းကဒ်ကိုင်ဆောင်ခွင့် ထိခိုက်နိုင်ပါတယ်။ တချိုု ့လေဆိပ်အဝင်မှာ အစိမ်းကဒ်အသိမ်းခံရတတ်ပါတယ်။ သာမန်အားဖြင့် ယူအက်စ်မှာနေတာ ၃နှစ်(အိမ်ထောင်ပြုသူ)-၅နှစ်(သာမန်)ပြည့်ရင် ယူအက်စ်နိုင်ငံသားအဖြစ်လျှောက်ထားခွင့်ရှိပါတယ်။ မြန်မာတွေ လော့ထရီပေါက်ပြီး(မဲ) […]


kaiJanuary 16, 20101min920
ဗွိုက်ဂျာနယ်အဖုံးမှာ အောက်ကသတင်းကိုဖတ်ရတာပါ။ ပတ်စပို ့Sampleမမြင်ဖူးတာမို ့ဘယ်လိုလဲမသိရပေမဲ့ နို်င်ငံတကာတွေရဲ့အတိုင်း ပုံစံတူဘားကုဒ်စံနစ်ဖြစ်ဖို ့များပါတယ်။ နာ;လည်သလောက် သံလိုက်ကြိုး( ဗီဒီယို တိတ်ပ်ကြီုး) လိုမျိုး(ဒါမှမဟုတ်) ချစ်ပ်အထဲထဲမှာ ဒေတာတွေကို ဒစ်ဂျစ်တယ်စံနစ်နဲ့ထည့်ထားပြီး ဖတ်တဲ့စက်(စကင်နာ)နဲ့ဖတ်ရင် ဒေတာတွေကို ကွန်ပျူတာမှာ ပြပေးတာဖြစ်ပါတယ်။ ဒါ့အပြင် မြင်ရတဲ့ ဘားကုဒ်လို စာတွေ ပတ်စပို့မှာ ပုံနှိပ်ထားပြီး စကင်န်နာနဲ့ဖတ်ရင် ဒေတာတွေ ကွန်ပျူတာ မှာသွားပေါ်မှာမျိုးလည်း တွဲပြီးပေးထားပါတယ်။ အမေရိကန်ပတ်စပို ့မှာ ပါသလိုပေါ့။ ဆိုတော့.. ဒီစံနစ်အရ အသုံးပြုရင် ကွန်ပျုတာ ကွန်ယက် ချိပ်ဆက်ထားတဲ့အထဲ လေဆိပ်ကဖတ်တဲ့ကွန်ပျူတာကနေ အလွယ်တကူတင်ပေးလိုက်နိုင်ပြီး ဗီဇာစံနစ်ကိုပါချိပ်ဆက်ထားရင် မိန်းဖရိန် ဒေတာတွေနဲ့ တိုက်ဆိုင်စစ်ဆေးပြီး ဆိုင်ရာ ပတ်စ်ပို ့ကိုင်ဆောင်သူရဲ့ အချက်အလက်အကုန်သိနိုင်မယ်ဖြစ်ပါတယ်။အရင်တုံးက ဝင်တာထွက်တာတွေ၊ နေရပ်တွေ၊ မိဘအမည်တွေ စသဖြင့် ဆိုလိုတာပါ။ […]