True AnswerFebruary 10, 20121min1294
နားလည်ရမည့် အမှန်တရား -လုပ်သင့်တာကို နားမလည်လို့ သတ်မှတ်ထားတဲ့ အတိုင်း လုပ်ရတာ။ -လုပ်သင့်တဲ့အတိုင်းလုပ်နိုင်တဲ့ လိုရင်းရောက် စေဖို့အတွက် သတ်မှတ်ထားတဲ့အတိုင်း စလုပ်တာ ဖြစ်စေရမယ်။ -လုပ်တော့လုပ်လို့ရသလိုပဲလုပ်ရပေမယ့် စိတ်ကူး ကိုတော့လွတ်လွတ်လပ်လပ်စိတ်ကူးနိုင်ဖို့လိုတယ်။ -တရားအရသာတကယ်မသိလို့ တခြားအရသာ တွေကို အဟုတ်ထင်ငြိတွယ်တာ။ -ကိလေသာ မတရားက ဟိုယူ၊ ဒီယူ ယူတဲ့သဘော၊ အသိဉာဏ် တရားက အယူကင်းတဲ့သဘော။ တရားရော၊ မတရားပါ စိတ်နဲ့ပတ်သက်တယ်။ -ပြုလုပ်ကာမတ္တ သဘာဝကျကျ ဟောကြား ဖော်ထုတ် တဲ့ တရားတွေကို နားထောင်ကာမတ္တ သဘာဝ ကျကျ နားထောင်တတ်ဖို့ ကြိုးစားရမယ်။ -ကိုယ်တတ်တဲ့ပညာမှာလမ်းဆုံးနေရင် ပညာအစစ်ကို တတ်မှာ မဟုတ်ဘူး။ -အသိဉာဏ်အစစ်ကမှ မေတ္တာအစစ် အမှန်တရား အစစ်ကို နားလည်နိုင်တာ။ -ကိုယ့်ဘက်က အမြင်ကိုစွန့်နိုင်မှ သူများဘက်က ကြည့်လို့ရတာ။ […]