introJune 18, 20111min17220
တစ်လောက intro တစ်ယောက် ကျောက်တံတားဘက်ကို ရောက်သွားခဲ့တယ်… အဲ့သည့်က နေ ကျောက်မြောင်းဘက်ကို ကိစ္စတစ်ခုနဲ့အသွားမှာ ဘက်စ်ကားစီးရင်းနဲ့ ကြုံခဲ့ရတဲ့ အတွေ့အကြုံလေးတစ်ခုကို ပြန်ပြီးဖောက်သည်ချချင်လို့ပါ… အဲ့သည့်နေ့က ၄၃ကားစီးပြီး ကျောက်မြောင်းဘက်ကို သွားခဲ့တာပေါ့ဗျာ… ၄၃ကားကလဲ အဲကွန်းမဖွင့်၊ မှန်တွေကလဲ အတင်အချလုပ်လို့မရ၊ အချိန်ကလဲ နေ့ခင်းဘက်လောက်ဆိုတော့ စဉ်းစားသာ ကြည့်ပေါ့ဗျာ… ချွေးကပြိုက်ပြိုက် ဒီကြားထဲ ကားက ဟိုနေရာလူစောင့်ပြီးတင်၊ ဒီနေရာ လူစောင့်ပြီးတင်ဆိုတော့ ဆင်းမယ့် မှတ်တိုင်မရောက်ခင် ဘယ်လောက်တောင် စိတ်ညစ်ဖို့ကောင်းလဲဗျာ… အဲလိုနဲ့ပဲ သည်းခံပြီးစောင့်လာခဲ့တာ ယုဇနပလာဇာရှေ့ အရောက်လောက်မှာ ကားကလဲ အကြာကြီးရပ်၊ ဈေးသည်တွေကလဲ တစ်ယောက်ပြီးတစ်ယောက် တက်ဆင်းပြီးရောင်းနဲ့ အသံတွေက ဆူညံနေတာပေါ့… အဲသည့်အချိန်မှာပဲ ` သတင်းထူးတွေနော်… ဒီအပါတ် အနုပညာလောကအတွင်းမှာ ဖြစ်ပျက်နေတဲ့ သီတင်းထူးတွေ ´ ` […]