Shwe EiApril 30, 20131min40622
အရွယ်ေရောက်ပြီးသူ အများစုက အတိုင်းအတာတခုထိ အရက်သောက်နိုင်ကြပါတယ်- အမျိုးသားတွေက တနေ့ နှစ်ကြိမ်၊ အမျိုးသမီးတွေ နဲ့ သက်ကြီးရွယ်အိုတွေက တနေ့ တကြိမ်- ပြီးတော့ အရက်နဲ့ပတ်သတ်တဲ့ ပြသနာတွေကိုလဲ ရှောင်နိုင်ကြတယ်။ (အရက်တကြိမ်သောက်သုံးခြင်းဟာ ၁၂အောင်စရှိတဲ့ ဘီယာ သို့မဟုတ် ဝိုင်ပုလင်း ၊ ၅ အောင်စရှိတဲ့ ဝိုင်တဖန်ခွက် သို့မဟုတ် ၁.၅ အောင်စရှိတဲ့ ပေါင်းခံထားသော အရက်ပြင်း (သို့) ဝီစကီ သတ်မှတ်ချက်အဆင့် ၈ဝနဲ့ ညီမျှတယ်လို့ဆိုပါတယ်)။ ဘယ်လိုဘဲဖြစ်ဖြစ် လုံးဝအရက်မသောက်သင့်တဲ့ လူမျိုးလဲရှိနေပါသေးတယ်။ ဘယ်လိုလူတွေလဲဆိုတော့ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေ၊ ခလေးယူဖို့ကြိုးစားနေတဲ့အမျိုးသမီးတွေ၊ ကျွမ်းကျင်မှုနဲ့သတိရှိမှုကိုအသုံးချပြီး အလုပ်လုပ်ရတဲ့ လုပ်ငန်းခွင်မျိုးမှာ ပါဝင်ဖို့ ပြင်ဆင်နေကြတဲ့ (သို့မဟုတ်) လက်တွေ့လုပ်ဆောင်နေကြတဲ့ ယာဉ်မောင်း တွေ၊ ဆေးစာမပါဘဲ ဝယ်လို့မရတဲ့ ဆေးမျိုးကို အတိအကျလိုက်နာ သောက်သုံးနေရပြီး […]


Shwe EiApril 26, 20131min29421
အရက်စွဲတယ်ဆိုတာဘာလဲ ? အမေရိကမှာ အရွယ်ရောက်ပြီးသူ ၁၂ယောက် အနက် ၁ယောက်က အရက်ရဲ့ကျေးကျွန် သို့မဟုတ် အရက်မသောက်ရ မနေနိုင်တဲ့ ရောဂါစွဲကပ်နေကြပါတယ်တဲ့။ အရက်သောက်ခြင်းနဲ့ပတ်သတ်လို့ ပြသနာရှိနေခဲ့ပြီဆိုရင် ဘယ်လိုများ ပြောပြနိုင်မှာတဲ့လဲ ? အဖြေက ရှင်ထင်တာထက် ပိုပြီးရိုးရှင်းကောင်းရိုးရှင်းပါလိမ့်မယ် လွယ်လွယ်ပြောရရင်တော့ ရှင့်မှာ ဒီအတွက် မေးခွန်းမေးဖို့ဖြစ်လာပြီဆိုတာနဲ့ ပြသနာရှိနေပြီဆိုတဲ့ အဖြေမျိုးဘဲထွက်မှာပါ။ အကယ်ရွေ့ ရှင့်ဘဝထဲက တခြားလူတွေက ရှင့်ကို ပြသနာရှိနေပြီလို့ပြောလာခဲ့ရင်လဲ ဒါဟာ တကယ့်ပြသနာပါဘဲ။ ရှင့်အနေနဲ့ ဖြစ်လာမဲ့ဆိုးကျိုးတွေကို သိလျက်နဲ့ ဆက်သောက်နေအုံးမယ်ဆိုရင်တော့ ကြီးမားတဲ့ပြသနာရပ်တခုအတွက် အညွှန်းကိန်းဖော်ဆောင်မိတာမျိုးဖြစ်နေပါလိမ့်မယ်။ အရက်သောက်ခြင်းကြောင့် ဖြစ်လာတဲ့အကျိုးဆက်တွေကို တွေ့ကြုံခံစားဖူးသူ အများစုကတော့ လွယ်ကူရိုးရှင်းစွာဘဲ အရက်ဖြတ်လိုက်ကြပါတယ်။ အရက်သောက်ရာကနေ ကြုံတွေ့ရတဲ့ အရှက်ရစရာ သို့မဟုတ် သီးသန့်ပိုဆန်တဲ့ ထိခိုက်နာကျင်မှုတခုခုကြောင့် နောက်တနေ့ မနက်မိုးလင်းလို့ အိ်ပ်ယာနိုးတာနဲ့ ကိုယ့်ကိုယ်ကို […]