kaiOctober 22, 20101min912
ဂျပ်ဇ်ကဗျာပွဲတော် (ခက်မာ) အမေရိကအရှေ  ့ပိုုင်း ပင်ဆယ်ဗေးနီးယားပြည်နယ်ထဲမှာ ပစ္စဘတ်လိုု ့ခေါ်တဲ့ အလွန်လှပ သာယာတဲ့ မြို ့တမြို ့ရှိပါတယ်။ အနိမ့်အမြင့်မညီညာတဲ့တောင်ကုုန်းတောင်တန်းတွေက မြို ့ကိုုဝန်းရံထားတယ်၊ အဲဒီတောင်ကုုန်းတောင်တန်းတွေကိုုဖြတ်သန်းစီးဆင်းလာတဲ့ အလဂနီမြစ်နဲ ့ မိုုနိုုဂဟီလာမြစ်နှစ်စင်းက မြို ့ရဲ ့နှလုုံးသားနေရာမှာ ပေါင်းဆုုံကြပြီး အိုုဟိုုင်းယိုုး ဆိုုတဲ့နံမည်သစ်နဲ ့ နံမည်ကျော်မစ်စစ္စပီမြစ်ကြီးဆီဆက်လက်စီးဆင်းသွားတယ်။ မြစ်သုုံးသွယ် ဖြတ်စီးသွားတဲ့ မြို ့ရဲ ့ပိုုင်နက်နယ်မြေတလျောက်မှာ ဒီဇိုုင်းအမျိုးစုုံပြီး ထောင်နဲ ့ချီတဲ့ သံမဏိ တံတားကြီးတွေက မြို ့ရဲ ့ထူးခြားတဲ့ အမှတ်အသားအဖြစ်ဝင့်ကြွားနေကြတယ်။ ပစ္စဘတ်ဟာ ပခုုံးချင်းတိုုက်မိလိုု ့တောင် ဆောရီးမပြောနိုုင်အောင်အလျင်လိုုနေရတဲ့ နယူးယောက်လိုုလည်း ပျားပန်းခပ်အလုုပ်များမနေပါဘူး။ အမေရိကရဲ ့နေရာတော်တော်များများမှာတွေ ့ရတတ်တဲ ့ လမ်းပေါ်မှာလျောက်သွားနေသူ သုုံးလေးယောက်ပြည့်အောင်မမြင်ရတဲ့ ခြောက်ကပ်ကပ်မြို ့ […]