ဂ်စ္စူNovember 22, 20101min956
ဒေါ်အောင်ဆန်းစုကြည်သတင်း သတင်းဂျာနယ်များတွင်အချပ်ပိုအဖြစ်ရိုက်နှိပ်ပြီးပုံကြီးချဲ့ ဖော်ပြမှုကြောင့် စာပေစိစစ်ရေးကသတင်းဂျာနယ်များကို အသိပေးကြေညာချက်ထုတ်ပြန်လိုက်သည်။ အသိပေးကြေညာချက်စာပေစိစစ်နှင့်မှတ်ပုံတင်ဌာန ပြန်ကြားရေးဝန်ကြီးဌာန နေ့စွဲ နိုဝင်ဘာလ ၂၁ ရက် ၊၂၀၁ဝ ခုနှစ်၁။ ၂၀၀၉ ခုနှစ်၊ အောက်တိုဘာလ ၂၂ ရက်စွဲဖြင့် ဂျာနယ် မျက်နှာဖုံး၊အချပ်ပိုများထည့်သွင်းဖော်ပြခြင်းနှင့် ပတ်သက်ပြီး လိုက်နာရမည့်စည်းကမ်းချက်များထုတ်ပြန်ခဲ့ပြီးဖြစ်ပါသည်။ ၂။ သို့သော်လည်း ဂျာနယ်များအနေဖြင့် လိုက်နာမှုမရှိသည့်အတွက် ထပ်မံ၍အောက်ပါအတိုင်း ဒုတိအကြိမ် သတိပေးထုတ်ပြန်လိုက်သည်။ (က) ရှေ့မျက်နှာဖုံးတွင် ပုံနှိပ်ဖော်ပြမည့် ဂျာနယ်၏ Logo ပုံစံနှင့်အရွယ်အစားသည် ဂျာနယ်ထုတ်ဝေရန် ဌာနသို့ စတင်တင်ပြစဉ်ကခွင့်ပြုပေးထားခဲ့သည့် Logo ပုံစံနှင့်အရွယ်အစားအတိုင်းသာပုံနှိပ်ဖော်ပြရမည်။ (ခ)ဂျာနယ်၏မည့်သည့်အတွင်းစာမျက်နှာတွင် မဆို ရှေ့မျက်နှာဖုံးပါ Logoပုံစံနှင့် အရွယ်အစားအား နောက်ထပ်အဖုံးပုံစံတစ်ခုသဖွယ် ဖော်ပြခြင်းမပြုရ။ (ဂ)ရှေ့မျက်နှာဖုံးအား အတည်ပြုပြီးပါက ထပ်မံတင်ပြခွင့်မရှိ။ သို့ရာတွင်ဖြုတ်ပယ်ခံရပါက ၎င်းနေရာတွင် အစားထိုးရန် တစ်ကြိမ်ထပ်မံတင်ပြခွင့်ပြုမည်။ (ဃ)အချပ်ပိုတွင် […]