စဆရ ႀကီးAugust 6, 20121min57531
ကျွန်တော် စာတွေရေးရမည်ကို အတော်လေး ထိတ်လန့်နေသည်… လွန်ခဲ့သောနှစ်ရက်က စာတစ်ပုဒ်အား စိတ်ပါလက်ပါ တစ်နာရီခွဲကျော်ခန့် ရေးသားပြီးသည့်နောက် နောက်ဆုံးပိတ် ကျေနပ်ပြီဟုဆိုကာ Publish လုပ်လိုက်သည်နှင့် Error ရှိကြောင်း စာလေးတစ်ကြောင်းတက်လာပြီး ကျွန်တော့်ခံစားချက်များအား အပြီးအပိုင် သိမ်းယူသွားတော့သည်။ ဒုတိယအကြိမ်မြောက် ဖြစ်ခြင်းဖြစ်သည်။ ကျွန်တော်သည်လည်း စာတစ်ပုဒ်ကိုရေးမည်ဆိုလျင် Web Page ပေါ်တွင် တိုက်ရိုက်ရေးသားရခြင်းကိုသာ အားသန်သည့်အလျှောက် ယခုကဲ့သို့ ခံလိုက်ရခြင်းဖြစ်ပေမည်။ ယခုအခါတွင်မတော့ နှစ်ခါရှိ၊ နှစ်ခိရှာသွားပြီဖြစ်သည့်အတွက် Word ပေါ်မှပင် စိတ်တိုင်းကျရေးသားပြီးနောက် ဆိုက်ပေါ်တင်လိုက်ခြင်းဖြစ်သည်။ စကားပလ္လင်ခံနေသည်နှင့် လိုရင်းသို့ မရောက်နိုင်ပဲ ရှိတော့မည်။ စကြပါစို့။ ၁။ ကျွန်တော်သည်ကား အရှေ့အလယ်ပိုင်းဒေသ၊ အာရပ်စော်ဘွားများ ပြည်ထောင်စုတွင် KFC (Kentucky Fried Chicken ) လုပ်ငန်းတွင် လုပ်ကိုင်နေခြင်းဖြစ်သည်မှာ အတော်အတန်ခန့်ကြာပြီဖြစ်သည်။ […]