manawphyulayJuly 13, 20101min16011
၁။ မပျင်းရိ၊ လုံ့လကြီး၏။ ၂။ ကြမ်းတမ်းမှု မရှိ၊ ချိုသာ၏။ ၃။ စဉ်းလဲမှုမရှိ၊ ဖြောင့်မှန်၏။ ၄။ စင်ကြင်သန့်စင်သော ကိုယ်စိတ်အမူအရာများရှိ၏။ ၅။ မှန်သော စကားမြဲ၏။ ကတိသစ္စာရှိ၏။ ၆။ အရာရာ၌ မက်မောမှု လောဘနည်း၍ စီးပွားအရာ၌ သမာအာဇီဝ မျှတစွာရှိ၏။ ၇။ သိမ်းဆည်းတတ်၍ တိုးပွားအောင်လည်း လုပ်တတ်၏။


manawphyulayJuly 13, 20101min1169
၁။ ပေးနိုင်ခဲသော ပစ္စည်းကို ပေးရဲ၏။ ၂။ ပြုနိုင်ခဲသော အမှုကို ပြုရဲ၏။ ၃။ သည်းခံနိုင်ခဲသော ပြဿနာကို သည်းခံရဲ၏။ ၄။ လျှို့ဝှက်ခဲ၏။ ပွင့်လင်း၏။ ၅။ ဇနီး ခင်ပွန်း၏ လျှို့ဝှက်မှုကို သိမ်းဆည်း၏။ ၆။ ရန်ဘယာရှိသောအခါ ဇနီးအား မစွန့်ပယ်၊ ရဲဝံ့၏။ ၇။ ဥစ္စာချို့တဲ့ ကုန်ခန်းသဖြင့် လည်းကောင်း၊ အရွယ်လွန်သဖြင့် လည်းကောင်း မငြိုငြင်၊ မထီမဲ့မြင် မပြုသော ခင်ပွန်းကောင်းချစ်သူ…..


notsyntheticsApril 24, 20101min9159
ဆရာက ကျောင်းသားနှစ်ယောက်ကို မေးခွန်းမေးပါတယ်။ အင်မတန်အဆင့်မြင့်ပြီး အတော်စဉ်းစားယူရတဲ့ သင်္ချာဉာဏ်စမ်းတွေပါ။ ပထမကျောင်းသားက မေးခွန်းခက်တာကို မြင်ပြီး ဒီလိုစဉ်းစားပါတယ်၊ “ဆရာက ငါမဖြေနိူင်မယ့် မေးခွန်းတွေကို တမင်သက်သက် မေးတာပဲ၊ ဟိုတစ်ခါတုန်းက သူလာတာကို ထနှုတ်မဆက်ပဲ နေမိတာကို မကျေနပ်လို.ဖြစ်မယ်” …. သူဒီလို စတွေးတာနဲ.တင် မေးခွန်းတွေကို ကောင်းကောင်း မဖြေနိူင်တော့ပါဘူး… နောက်တစ်ယောက်ကတော့ ဒီလိုမြင်ပါတယ် “ဆရာ့မေးခွန်းတွေက အတော်အဆင့်မြင့်တယ်၊ ငါတို.အဆင့်နဲ. ဖြေလို.ရတဲ့ မေးခွန်းတွေ ဖြစ်လောက်ပါတယ်၊ ကြိုးစားဖြေကြည်.ဦးမှပဲ” … သူကတော့ မေးခွန်းအတော်များများကို ဆရာ ကျေနပ်လောက်တဲ့ အထိ ဖြေဆိုနိူင်ခဲ့ပါတယ်…. ဒီအဖြစ်အပျက်လေးကို ကြည့်မယ်ဆိုရင် Perception လို.ခေါ်တဲ့ အထင်အမြင် ယူဆချက်တစ်ခုဟာ အစစအရာရာ အဆင်ပြေချောမွေ.စေဖို.အတွက် ဘယ်အတိုင်းအတာထိ အရေးပါ အရာရောက်တယ်ဆိုတာ တွေ.မြင်နိူင်ပါတယ်၊ အခြားသူတစ်ယောက်ရဲ့ […]