Linn LettSeptember 28, 20101min963
လောကတွင် ရည်းစားကြောင့် အသည်းကွဲသူများ အများအပြားရှိပါသည်။ အကယ်၍ သင်သည် တစုံတစ် ဦးဦးကြောင့် အသည်းကွဲခဲ့လျင် မည်သို့မည်ပုံအသက်ဆက်လက်ရှင်သန်နေထိုင် အသက်ဆက်ရှင်နိုင်မည်နည်း။ တစ်စုံတစ်ဦးဦးဆိုသည်မှာ သင်နှင့်ပတ်သက်သော သင်၏ မိန်းကလေးရည်းစား၊ယောင်္ကျားလေးရည်းစား တို့ကြောင့် စိတ်ခံစားမှု၊ ဆုံးရှုံးမှု တစ်စုံတရာ ဖြစ်ပေါ်လာသောအခါ… သင်သည်ဟိုဟာကိုင်ရမလို.. ဒီဟာကိုင်ရမလို.. ဟိုဟာလုပ်ရမလို..ဒီဟာလုပ်ရမလို..ဟိုသွားချင်နိုးနိုး.. ဒီသွားချင်နိုးနိုး၊ ငိုချင်သလိုလို.. ရယ်ချင်သလိုလို စသဖြင့် စိတ်ကယောင်ခြောက်ခြားဖြစ်တတ်ပါသည်။ ထိုအရာကို အသည်းကွဲခြင်း ဟု ခေါ်ပါသည်။ အချို့သောအချက်အလက်များသည် မှန်ကန်ကောင်းမှန်ကန်နိုင်သလို၊ အချို့သောအချက်များသည် မှားယွင်းမှုများရှိနိုင်ပါသည်။ ထိုအချက်အလက်များအတွက် စာရေးသူတွင်သာ တာဝန်ရှိကြောင်း … ဝန်ခံအပ်ပါသည်။ “အသည်းကွဲနည်းမျိုးစုံ” အချို့သူများသည် အောက်ဖော်ပြပါနည်းများကြောင့် အသည်းကွဲကြပါသည်။ (ကျန်းမာရေးအရ အသည်းတွင်ဖြစ်ပေါ်သော ရောဂါအခြေအနေများကို မဆိုလိုပါ) ရည်းစားမဖြစ်မီ အခြေအနေတွင် ကိုယ်နှစ်သက်နေသောသူသည် မိမိအား.. – အကြောင်းပြချက်မရှိ […]