ဇီဇီMarch 23, 20155min106051
      မြီးရှည် ဆိုတာ မန်းလေးမှာ မုန့်တီ နဲ့ ရှမ်းခေါက်ဆွဲပြီးရင် တတိယနေရာလိုက်တဲ့ထိ နာမည်ကြီးပါတယ်။ မန်းလေး မြီးရှည်… မိုးကုတ်မြီးရှည်… ကျိုင်းတုံမြီးရှည်… မိုင်းသာမြီးရှည်.. စသည်ဖြင့် ဒေသအလိုက်မြီးရှည်တွေကလည်းရှိသေးရဲ့။ ဆိုတော့ ကြိုက်တတ်ရင် မြီးရှည်သည်လည်း စိတ်ရှည်လက်ရှည် လုပ်စားပျော်ပါကြောင်းးး… :sar: ~~~~~~~~~~~~~ ပထမဆုံး တင်ပြ (အဲလေ) ပြောပြချင်တဲ့ မြီးရှည်ကတော့ ကေဇီ အမြီးရှည် ဖြစ်ပါဒီ၊. ဒီ နည်းကို မနှစ်က လာတဲ့ အမေနဲ့ အဒေါ်ထံမှ လက်ပူးလက်ကြပ် သင်ယူထားတာမို့ စိတ်ချလက်ချ စားနိုင်ပါကြောင်း သဒင်းဂေါင်းပေးလိုက်ပါဒီ။ ဟိဟိ.. :k: မိုးကုတ်- မန်းလေးဖက်စပ် မြီးရှည် . မုန့်ဖတ် – (တစ်မျိုးမဟုတ် တစ်မျိုး) ၁) […]


ဇီဇီMarch 17, 20151min40351
  ခင်ဇော် တို့များ ကြိုက်လိုက်ရင်…….. အရောင်တောက်တောက်တို့ အလက်လက်ထနေတဲ့ အဝတ်အစားတို့…. ဘောလိဝုဒ်ရုပ်ရှင်ကလည်း ကြိုက်သေး…. အစားအသောက်ဆိုလည်းမလွတ်…… နောက်ပြီး လက်ကောက်ထင်းထင်း နားဆွဲထင်းထင်းတွေ အင်မတန်ကြိုက်….. အင်ဒီးယားသွားမဲ့သူတိုင်းကို ဆာရီ စ မှာရတာ အမော……. ဆိုတော့ အကြောင်းသိရင် စစ်အတွင်းက အင်ဒီးယားကို မပြန်နိုင်တဲ့ ကုလားမ ဝင်စားသလား မှတ်ရတယ်။ လက်မှာ ဒါန်း ဆိုးတာတို့၊ အသားမှာ ကျောက် လေးတွေ ကပ်ပြီး အလှဆင်တာတို့လည်း ဖက်ရှင်လုပ်ဖူးသေးသပေါ့။ :k:   အဲ။ နောက်ပိုင်း အထိကရုန်း ကိစ္စနဲ့ ငြိမ်နေရတာ။ :f: ~~~~~~~~~ စလုံးရောက်တော့ တွေ့ပါပြီ။ သူဌေးတွေကလွဲရင် ကျန်တဲ့ ဆူပါဗိုက်စာ မှန်သမျှ… အင်ဒီးယားကရယ်… ဘင်ဂလားဒေ့(ချ) ကရယ်…. မလေးရှားကရယ်…. […]


ဇီဇီMarch 11, 20153min45438
    ဓာတ်ပုံတင်မယ်ဆိုပြီး အက်ဒစ်လုပ်ရင်း သီချင်းစာသားတစ်ခု ခေါင်းထဲရောက်လာလို့။ . အရင် ဘယ်သူ ဆိုတာမသိပေမဲ့ ကိုယ် စနားထောင်ဖူးတာတော့ ဟေမာနေဝင်း ဆိုတာပါ။ . “တစ်ပွင့်ပန်မယ်၊ တစ်ပွင့်တည်းးးးးပန်မယ်၊ ငွေသားနု ဝတ်မှုန်ရယ်” ဆိုတဲ့ စာသားလေးးးး . သီချင်းနာမည်လည်း မသိပါဘူးးး ပြောချင်တာက အရင် က အမျိုးသမီးတွေဟာ “မိန်းမကောင်း ပန်းကောင်းတစ်ပွင့်ပန်” “မိန်းမကောင်း ပန်းပန် တစ်ပွင့်တန်” ဆိုတဲ့ အရာကို ခေါင်းထဲရိုက်သွင်းခံခဲ့ရတာ။ အမျိုးသားများ အကြိုက်ပေါ့။ :dd: ထားမိတဲ့ ရည်းစား ဘာအမှားတွေ့တွေ့ ဒီလူကြိုက်မိ ဒီလူကိုပဲ ယူ။ :n: အဲဒီလူ မယူမှသာ ဒူးနဲ့ မျက်ရည်သုတ်နေပေါ့။ :f: တစ်မျက်နှာကနေ နောက်တစ်မျက်နှာ မပြောင်းကောင်းဘူးး :sp: […]


ဇီဇီMarch 9, 20153min68042
ဒီ တစ်ခေါက် သယ်လာတာ…… – ငါးရံ့ခြောက် – ပင်လယ် ငါးပြေမခြောက် – ငါးပိကောင်ခြောက် – ငါးကျည်းခြောက် – ငါးနီတူခြောက် – ပုဇွန်ခြောက်  (မွသဲ နဲ့ မမ ပေးလိုက်တာ) – အာပြဲချောက် – ချဉ်စော်ကားသီးခြောက် – ပုဂံ က ဝယ်လာတဲ့ ပုံးရည်ကြီး – အာတီဒုံ ပေးတဲ့ ဝါးခယ်မ ပုဇွန်ချဉ် – အာလူးကြော် – မွနှင်းပေးလိုက်တဲ့ သန့်စင် ရယ်ဒီမိတ် ထမင်းသုပ် ပါဝင်ပစ္စည်းများ – လူကြုံနဲ့ ထပ်ပါလာတာ က အမတ်မင်း ရဲ့ ခိုးရာပါ လက်ပံခေါင်းခြောက် – ဇော်သန့်ပါလာတဲ့ လက်ဖက်, ဝက်သားအမွကြော် နဲ့ မရမ်းသီး […]


ဇီဇီMarch 7, 20152min49226
နောက်တစ်ခန်း ကျော် ရပ် – အပိုင်း (၁) https://myanmargazette.net/199460   အကျဉ်း- မိုင်ခိ၊ ဖြိုး၊ အိ၊ အေး၊ ဆွေ၊ ဝါ၊ နန်း၊ ကြူ အောင်၊ အတာ၊ မိုး၊ မျိုး၊ သူငယ်ချင်းများ ရှိလေသည်။ အောင် နဲ့ နန်း တို့ မင်္ဂလာဆောင် ကို သွားဖို့ မိုင်ခိက ပွဲတက်ဖို့ ဘေးမှာ လူတစ်ယောက်ရှာခိုင်းရာက စ သည်။ ပွဲ ကို မိုင်ခိရဲ့ ချစ်လှစွာသော သကောင့်သားလေးက သူ့ အမျိုးသမီးနဲ့ ပွဲတက်မယ် ဆို၍ မိုင်ခိ ရဲ့ မခံချင်စိတ်နဲ့ လှုပ်ရှားရာမှ ပြသနာက စ သည်။   ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~ နောက်တော့ […]


ဇီဇီFebruary 27, 20152min35933
(2006 December)   ” “ဘာရယ်!!”   “ဟဲ့!! အသာ အော် ပါဟယ်၊ အတာ ကလဲ၊ လန့်လိုက်တာ…”   “နင်လန့်တာထက် ငါက ပိုလန့်သေးတယ်။ ဘာစိတ်ကူးပေါက်လို့ ဒီ အကြံတွေ ထွက်တာတုန်းဟာ။ နင်ဟာ ပြသနာကို မီးထွန်းရှာတယ်…”   “ဒါ ပြသနာမဟုတ်ပါဘူးဟ။ ငါက ဖြစ်ချင်တာကို ပြောပြတာ။ ကျန်တာ နင်တို့ အပိုင်းပဲ…”   ရှိသမျှ သူငယ်ချင်းတွေ နှုတ်ဆိတ်ကုန်တယ်။ ဟုတ်လည်းဟုတ်တယ်လေ။ မိုင်ခိ ရှာလိုက်တဲ့ ပြသနာတိုင်း ခေါင်းခဲစရာ။ ခုပဲ ကြည့်!!! ရန်ကုန်မှာ မင်္ဂလာဆောင်မဲ့ ၁တွဲက သူငယ်ချင်းအရင်းကြီးတွေ တစ်ဖွဲ့တည်းမို့ သူငယ်ချင်း အကုန် မင်္ဂလာဆောင် သွားဖို့ စီစဉ်ကာမှ တစ်စခန်းထတဲ့ […]


ဇီဇီFebruary 14, 20153min29424
မေမြို့ က ပုံတွေနဲ့ မှတ်မှတ်သားသား စားဖွယ်များကို မခွဲတော့ ဘူးး ပေါင်းရေးလိုက်တော့မယ်။ မေမြို့မှာ စားသောက်ဆိုင် အေးအေးဆေးဆေးထိုင်ချင်ရင်… ၁)Woodlands Restaurant ၂) ဒီဇင်ဘာခြံ အဲဒီ ၂ ခုကို ညွှန်းပါမယ်။ ၁) အတွက်ကတော့ ဟို အရင်တစ်ခေါက် က ကိုယ့်ပုံက လွဲရင် ဘာ ပတ်ဝန်းကျင် အနေအထားမှ မရိုက်ဖြစ်တာ တစ်ကြောင်းး၊ ဒီ တစ်ခေါက်တော့ မရောက်ဖူးတဲ့ ဒီဇင်ဘာခြံကို ဦးစားပေးသွားရတာ တစ်ကြောင်း ဓာတ်ပုံမပါပါဘူးးး Woodlands က မြို့ထဲမှာပါ။ ကန်တော်ကြီးကနေပြီး လားရှိုးဘက် ထွက်တဲ့ လမ်းကို မောင်းတဲ့ လမ်းပေါ်မှာတင်ပဲ ရှိပါတယ်။ မေးရလွယ်၊ သွားရလွယ်ပေါ့။ တရုတ်စာ၊ ယိုးဒယားစာ၊ အဖျော်ယမကာ အကုန်ရတာမို့ နေ့လည်စာ […]


ဇီဇီFebruary 12, 201514min86854
ဒီ တစ်ခေါက် ရန်ကုန်ပြန်ရတာ စိတ်လှုပ်ရှားမှု အပြည့်နဲ့ပဲ။ ခါတိုင်း ရန်ကုန်တစ်ပတ် က သိပ်ပျင်းစာကောင်းတာ။ ခု က မင်းသားကြီးတို့လည်း ပါလာ။ ရွာ က အမျိုးတွေလည်း တွေ့ရ။   ဟိ။ ရွာရဲ့ ဆုပေးပွဲနဲ့ အလှူလည်းရှိတာကိုးနော့။ အဲဒီ အကြောင်း ချက်ချင်းရေးချင်ပေမဲ့ ကိုးနက်ရှင်က မအိုကေတဲ့ အပြင် ကိုယ်တိုင်ကလည်း အရှုပ် လုပ်လိုက် အလုပ်ရှုပ်လိုက်ကိုးးး ခု တစ်လ ပြည့်မှ ပဲ ရေးရတော့မယ်။   နောက်မှ တစ်ယောက်ချင်းစီ အကြောင်း ကို စာစီပါဦးမယ်။ ဟိ (မက်ခုံးလှုပ်ကြလော့)   ခုကတော့ အလွဲလေးတွေ ရေးလိုက်ပါဦးမယ်။   ~~~~~~~~~~~ ရောက်ပြီး နောက်ရက်က ဝေ က […]


ဇီဇီFebruary 9, 20151min60241
  မန်းလေး မှာ ဘာစားချင်လည်း အမေးခံရတော့  ကျနော် က ဒေါင်းလန်းကြီးမှာ စားချင်တယ် ပြောမိတယ်။ ဒါပေမဲ့ ကျနော့ သူငယ်ချင်းတွေက ဇကောထမင်းက ပိုကောင်းတယ် ပြောပြီး ဒီကိုပဲ လိုက်ပို့တယ်။ ဆိုင် – ယမုံနာ   လိပ်စာ – နန်းရှေ့ ၂၆ လမ်းကနေ နန်းရှေ့ဘက်ကို သွားတယ်။ ၆၂ လမ်းမှာ ဘယ်ဘက်ချိုးတာ မှတ်မိတယ်။ အဲ။ ရထားသံလမ်း အတိုင်း မောင်းသွားရင် ညာဘက်ခြမ်းမှာ ရေနီမြောင်းကို ခွပြီး ဆိုင်ဖွင့်ထားတာ။ တဲလေးတွေ အများကြီးပဲ။ (ဟိ၊ ဒီ လမ်းညွှန်နည်းကို တဂျားမြင်ရင် ဆူပြီ။) သေချာလိပ်စာက သူ့မေးထားတယ်။ သူလာပြောလိမ့်မယ်။ခိ။ ရရှိနိုင်တဲ့ အစားအသောက် – ကချင်စကောထမင်း၊ဟင်း၊ […]


ဇီဇီFebruary 5, 20156min38848
      အရင်က ပြန်ရင် စုစုပေါင်း ၂ ပတ်မှာ ရန်ကုန် နဲ့ မန်းလေးကို တစ်ပတ်စီနေတာ။ မလောက် လို့ ဒီ တစ်ခေါက် ၂ ပတ် စီ နေတာလည်းးးးးးး မလောက်ဘူးး  :mrgreenn:  ဒီ တစ်ခေါက်က ခရီးတိုတွေ များတယ်။ များပေမပေါ့။ မွေးမေလေ့က သူ့ အမျိုးတွေနဲ့ ပြန်ခေါ်တော့ ဆွေမျိုးချစ်ကြည်ရေးလိုက်လုပ်ရတာ နဲ့ ခင်ဇော်လည်း အစားစုံ အဲလေ နေရာစုံ သွားလိုက်ရရော။ စစ်ကိုင်း၊ မင်းကွန်း၊ ကောင်းမှုတော် မြင်းခြံ ပုဂံ မေမြို့ မနားတမ်း သွားတယ်။ ကြားရက် မှာ သူငယ်ချင်းတွေ အမျိုးတွေ ကျွေးသမျှ မနားတမ်းစားတယ်။ တစ်ရက် ၄ နပ်ကို […]


ဇီဇီDecember 26, 20143min24919
ဒီနှစ် အော့ချာ့ ကို ဓာတ်ပုံမရိုက်ဖြစ်ဘူးး… Gardens By the Bay ကို ၂ ခေါက်သွားတယ်။ ဟို ပိုက်ဆံပေးရတဲ့ အတွင်းထဲထိ မဝင်တော့ဘူးး။ အပြင်က သစ်ပင်ပုံစံ အဆောက်အဦးတွေ မီးထွန်းတာ လှတယ်ဆိုလို့ သွားကြည့်တာ။ . . အစကတော့ သိပ်မထင်ထားဘူးး။ လူကလည်း အရမ်းများတယ်။ အဲဒီနေရာကဖရီးဆိုတော့ ကွကိုယ် ရေတစ်ဘူးနဲ့ မုန့်နဲ့ ၈ နာရီတစ်ခါ ထွန်းမဲ့ မီးကို ထိုင်စောင့်နေတာ။ စောင့်ရတဲ့ အချိန်ကုန်မှန်းမသိ မွသဲနဲ့လည်း ချက်နေသေးတာဆိုတော့ မီးတွေ အားလုံး မှောင်သွားပြီး သီချင်းသံ စတော့ မှ ဘာလဲပေါ့။ 🙄   . အဲဒီ အဆောက်အဦးခြေရင်းမှာ စပီကာတွေနဲ့ ပတ်လည်ဆိုတော့ အတော်ကျယ်တယ်။ […]


ဇီဇီDecember 4, 201416min95186
မုန့်ဟင်းခါး (သို့) မုန့်ဟင်းငါး ဆိုတဲ့ နာမည် ဘယ်ကဘယ်လို ရတယ်တော့ မသိ။ အာ့ ကိုယ့် အလုပ်လည်း မဟုတ်။ အဟစ်။ အရေးကြီးတာက အင်မတန်ကြိုက်သော နေ့တိုင်းစားနိုင်သော အစားအသောက်ဖြစ်နေခြင်းးး (မုန့်ဟင်းခါးအလှည့်ဆိုတော့ ဂလိုပဲ ပြောရမှာပေါ့။ နောက် အစားအသောက်အလှည့်ကျ တစ်မျိုး ပြန်ပြောရမှာပေါ့နော့)  :mrgreenn:  မွင်းငါး လို့ ခေါ်ရတာ အားသန်လို့ ဂလိုပဲ ရေးမယ်နော်။ အဘိုးက ဒေးဒရဲ ကျိုက်လတ်ဆက် ဆိုတော့ မွင်းငါး ကို အင်မတန်ချေးများတယ်၊ ငါးနည်းတယ်တို့၊ ငံပြာရည်မကောင်းဘူးတို့ စသည်ဖြင့်ပေါ့။ အဲ!! မွင်းငါးချက်ရင်လည်း ငါးအသားနွှင်ပြီး စပါးလင်ငရုပ်သီးအကြမ်းဖတ်ထောင်းနဲ့ ငါးမွှေစပ်စပ်လေး ချက်ပေးရသေးတယ်။ ပြီးမှ မွင်းငါးကို ငါးမွှေပါ ထည့်စားတယ်။ ငှက်ပျောအူလည်း နုနေမှ၊ ကြက်သွန်ဥ အရွယ်တော်ပေါလောပေါ်မှာ […]