Mr. MarGaNovember 28, 20147min58054
တဖြည်းဖြည်း ပတ်ဝန်းကျင်နဲ့ ပို ထိတွေ့လာတာနဲ့ အမျှ တဖြည်းဖြည်း ပို ပို သိလာတာနဲ့အမျှ ဖုံးကွယ်ထားတဲ့ အမှန်တရားတွေကို ကျနော်တို့ ပိုတွေ့လာရတတ်တယ်ဗျ။ တချို့ကတော့ ခပ်စပ်စပ် တချို့ကျတော့ ခါးသက်သက် တချို့ကတော့ ချိမြိန်ရဲ့ တချို့ တချို့တွေ ကျပြန်တော့ ရသခြောက်ပါးစလုံး ရောမွှေထားသလို အဲ့လို အဲ့လိုပေါ့ဗျာ။ အဲဒီ အမှန်တရားတွေထဲကမှ သိလိုက်ရတဲ့အချိန်မှာ လက်မခံနိုင်ဘဲ စိတ်ဓာတ်ကျလောက်တဲ့အထိ ဖြစ်တတ်တဲ့ အမှန်တရားတွေလည်း ရှိသေးသဗျ။ ကျနော်ကတော့ အဲ့လို အမှန်တရားတွေကို hard truth လို့ နာမည်တပ်ပေးချင်ပါတယ်။  8)  8) ——————————- လွန်ခဲ့တဲ့ နှစ်လလောက်က ပေါ့ဗျာ အလုပ်ကိစ္စတွေရော၊ လူမှုရေးကိစ္စတွေရော အဆင်မပြေဖြစ်ခဲ့ပါရဲ့ ခံရခက်ခက်နဲ့ အမှန်တရား အတော်များများကို အဲ့ကာလမှာ လက်ခံခဲ့ရတယ်။  […]


ဇီဇီNovember 26, 201411min36554
    အဟိဟိ။ ကိုယ့်ပေါင် ကိုယ်လှန်ထောင်းတော့ သိပ်မနာဘူးပေါ့နော့။   အင့်။ အပိုင်း (၁) နဲ့ တွဲဖတ်။ https://myanmargazette.net/166589   ငယ်တုန်းက ဘယ်လိုစားသောက်လဲတော့ မသိ။ ရိုက်ကျွေးရတယ် ဆိုတော့ သိပ်မစားဖြစ်ဘူး ခေါ်မှာပေါ့။။ :kwi:   ခုများတော့ တဂျားမင်း နကင်း နဲ့ ဆင်းတားရင်တောင် ခေါင်း ခေါက်လွှတ်လိုက်မယ်။ အူးမာဃလောက်တော့ မကြောက်တာ။ :boss:   ဘဝများ အစားအသောက်နဲ့ကို ကံပါလာချက်။   စလုံး မရောက်ခင် မာစတာ အပြီး အလုပ်လက်မဲ့ ၁ နှစ်ခွဲမှာ သူငယ်ချင်း တစ်စုလုံး သွားလာစားသောက်၊ ဘယ်ဆိုင် ကောင်းသဟေ့ ဆို သတင်းပေး သွားစားး၊ တရုတ်ဆိုင်ရောက်ရင် ဟင်းစပ်ပြီး […]


ဇီဇီNovember 12, 20149min71840
ဟို ငယ်တုန်းက ရပ်ကွက်တကျော ကညင်းကျောထ ကစားခဲ့တဲ့ ပို့(စ) ဖတ် အပြီးမှာ သများကို အင်မတန် မျောက်ကျတယ်လို့ ထင်နေတဲ့ သူများ အတွက် ဒီ ပို့(စ) ကို ရေးပါတယ်။ အဟိ။  :mrgreenn: . . သများ ငယ်ငယ်က ထိုင်ပြီး ကစားရတဲ့ ကစားနည်းတွေလည်း ကစားခဲ့ဖူးပါရဲ့။ ထိုင်ပြီး ဦးနှောက်ကို သုံးတဲ့ ကစားနည်းကို ပြောတာ။ ဟိဟိ   :mrgreenn: . ဟိုလူဂျီးလို တော့ ဩဇာစေ့တောက်တာတို့ ဘာတို့ လာမပြောနဲ့နော်။ :kwi: . ထိုင်ပြီး ဆော့ရတဲ့ မြန်မာ့ရိုးရာ ကလေး ကစားနည်းတွေက နောက်မှ ရေးမယ်။ . အိမ်က လူကြီးတွေကတော့ ကျနော်တို့ကို ငြိမ်စေချင်ရင် […]


ဇီဇီOctober 30, 20141min51354
  ကေဇီ နှယ်… နင်လို လူ နဲ့ အက အခုန် နဲ့ ဘာဆိုင်တုန်း ပြောလည်း ခံရမှာတော့မှာပဲ။ လူက အဆိုရော အကရော အင်မတန် ဝါသနာပါတာ။ အဲ။ အောင်မြင်အောင် လုပ်ရဲ တဲ့ “ဇ” ပဲ ပါမလာတာ။ :mrgreenn: အလယ်တန်းကျောင်းတုန်းကများ နယ် ကျောင်းမှာ ဘာပွဲဖြစ်ဖြစ် ရှေ့ဆုံးက က တာ။ ကိုယ် က ရှေ့ကနေ နန့်နန့် နန့်နန့် က သလောက် ဇော်သန့်က ရှက်လွန်းလို့ ရှေ့ထွက်မလာ။ :mrgreenn: ဆို က ရေး တီး ကို ဇွတ်ခေါ်လို့ ကျောင်းပွဲမှာတော့ ဝင်ပြိုင်လိုက်သေးးး၊ နောက်မှ မင်းသမီး ဝတ်စုံ ကလနား […]


ဇီဇီOctober 15, 20141min26941
ဒီနေ့ အရင် ဓာတ်ပုံတွေ မွှေရင်းနဲ့ သများ အချစ်ဟောင်းကြီး ဓာတ်ပုံ ၂ပုံ သွားတွေ့တယ်။ ဒီမှာ ဓာတ်ပုံကြည့်လိုက်။ ကြာပြီ ဆိုတော့ ဝါးတားတားဖြစ်နေပြီ။                                           သများ ၉ တန်း မှာ မွေးမေလေ့ ရဲ့ ကြောင်မ ကြီးက မွေးတာ။ ၃ ကောင်။ သူ အသေးဆုံးပဲ။ ကျန်တဲ့ကောင်တွေ ဘယ်လောက် ဝ မယ် ဆိုတာ စဉ်းစားသာကြည့်!!!   […]


ဇီဇီSeptember 16, 20141min47080
ဟို ကရွဲစည်ပို့(စ) မှာ စရင်းနောက်ရင်း လေးပေါက် စ လိုက်တဲ့ သေတမ်းစာ အကြောင်းကနေ အပြောင်အပျက်ပို့(စ) လေး တင်မှလို့ စဉ်းစားမိတာ။ ဟီးး   :mrgreenn: အဲလို စဉ်းစားမှ အပြောင်အပျက်က ထွက်မလာပဲ ခေါင်းထဲ ပေါ်လာတာတွေက နည်းနည်း ” လေး ” သွားတယ်။ အာတီဒုံရဲ့ ပို့(စ) လေးကိုလည်းဖတ်ထားမိတာလည်းပါတာပေါ့။ ဟိ။ အမှန်က ဟိုပြသနာ ပို့(စ) က အတည်ရေးတာ ဘယ်လိုဖစ်ပြီး ပေါက်ကရဖြစ်သွားမှန်းမသိဝူးးးး  :mrgreenn: ထားပါလေ။ သေတမ်းစာ အကြောင်း စ ပါ့မယ်။ မှတ်မှတ်ရရ ငါးတန်းလောက်က Will လို Auxiliary verb ကို Noun အနေနဲ့  သေတမ်းစာ လို့ […]


ဇီဇီSeptember 10, 20141min79952
    ပြဿနာ တဲ့။   အဟိ။ သိတတ်စကတည်းးး က ကိုယ် နဲ့ တပါတည်း ကပ်ပါလာသလားမှတ်ရ။ ရောက်တဲ့ အရပ်မှာ အငြိမ်မနေနိုင်တော့ ဟိုပါ ဒီပါ (စကား အရာ ကို ပြောတာပါ) ၊ ဟိုပြော ဒီပြော။ ငယ်တုန်းကတော့ မလည်သာ မလည်တာ အရှုပ်၊ မလည်ရှုပ် လုပ်ချင်တော့ သူငယ်ချင်း လူမိုက် မွေးတယ်။ ကိုယ့်များ တစ်ခုခု အပြောခံကြည့် မျက်ရည် လေး ဝိုင်း မျက်လုံးလေး ကလယ် ကလယ်….. (မှုံလေး နဲ့ မဆိုင်ဘူးနော်) နဲ့ သွားတိုင်တာ။ သူ က ရန်ဖြစ်ပေးးး။ အဲဂလိုနဲ့ ဘေးနားက သယ်ချင်းတွေက ကိုယ့်ဆို အလွတ်မပေးရဲကြဝူးးး […]


ဇီဇီAugust 21, 20141min26534
မနေ့က အစည်းအဝေးသွားတယ်။ စလုံး လိုကယ် ကမ်ပနီထဲမှာ တော်တော်နာမည်ကြီးတဲ့ ကမ်ပနီ တစ်ခုပေါ့လေ။ ချိန်းထားတဲ့လူက စီနီယာ ပရော့ဂျက် မန်နေဂျာ။ လူပုံချောချောသန့်သန့် နဲ့ အဲဒီ ကမ်ပနီမှာ မျက်နှာပြရတဲ့ အလုပ်ပဲ လုပ်ရတယ်။ ဆိုတော့ ကိုယ်တွေက အလုပ်အတွက် တွေ့ဖို့ချိန်းတိုင်း သူနဲ့ပဲ ပြောရတယ်။ မင်းသားကြီးနဲ့ အတော်လေပေးဖြောင့်တယ် ပြောရမယ်။ သိတာလည်း ၄ နှစ်လောက်ရှိပြီ။ အလုပ်သာ အတူမလုပ်ဖူးတာ။ ကိုယ့်လည်း ဘယ်လောက်များချစ်တုန်း၊ မျက်စိကျတုန်းဆို မင်းသားကြီးရှေ့တင် သူတို့ ကမ်ပနီကို လာ အလုပ်လုပ်မလား…အမြဲခေါ်နေတာ။ ဆိုတော့ ကေဇီနဲ့ အတော်ချစ်ခင်တဲ့ အချစ်တော်တစ်ယောက်လို့ ပြောရမှာပေါ့လေ။ ကေဇီ မင်းသားကြီး ဆီမှာ မလုပ်ဖြစ်တော့ဘူး ဆိုရင် သူ့ဆီ သွားဖို့စဉ်းစားထားတာပါ။ မင်းသားကြီး ကို […]


ဇီဇီAugust 15, 20141min89951
  ညင်းညင်းးး ဒီ ပို့(စ) က တီချယ်ကြီး တင်ဖူးတယ်။ ကျနော့ဆီက တင်မယ် ဆိုပြီး ယူသွားတဲ့ ပို့(စ)။ အဲဒါ ဇီဇီ အကောင့် မှာ တစ်ပေါင်းတည်း ထားချင်လို့ ထပ်တင်ပါတယ်။ ခိခိ။ :k:   မန္တလေး ကို လွမ်းရတဲ့ အကြောင်းတွေထဲမှာ မနက်၊ နေ့လယ်၊ ညနေ၊ ညပိုင်း မရိုးရအောင် လာတတ်တဲ့ အသည်မျိုးစုံလည်း ပါပါတယ်။ ကိုယ့်မြို့လေးမှာ နေနေကြတုန်းက သိပ်သတိမထားမိပေမဲ့ ဒီရောက်တော့ …….. ကျန်တဲ့ မြန်မာအစားအစာလေးတွေ ဘယ်လောက်လွယ်လွယ် ရတယ်ပဲဆိုဆို….. ဖြတ်သွားတဲ့ ဈေးသည် တစ်ယောက်မဟုတ် တစ်ယောက် ခေါ်ပြီး ပါလာတဲ့ အစားအသောက်တွေကို ဝယ်စားရတဲ့ အချိန်မျိုးကတော့ ဘယ်လိုမှ အစားထိုးပြန်မရပါဘူး။ :a: […]


ဇီဇီAugust 8, 20141min80244
သူ နဲ့ ကိုယ်   သူ့ကို ကိုယ် မပိုင်ဆိုင်ဘူး။ ဒါဆို … စွန့်လွှတ်စရာလည်း မလိုဘူး။ သူ နဲ့ ကိုယ် မနီးကပ်ဘူး။ ဒါဆို … ဝေးစရာ အကြောင်းမရှိဘူး။ သူ နဲ့ ကိုယ် အတူတူမရှိနိုင်ဘူး။ ဒါဆို … ခွဲခွါစရာ မလိုဘူး။ သူ နဲ့ ကိုယ့် ကြားမှာ တစ်ယောက်ကို တစ်ယောက် ချည်နှောင်ထားတဲ့ ကြိုးတွေ မရှိဘူး။ သူ နဲ့ ကိုယ့် ကြားမှာ ဖြိုဖျက်ရခက်ခဲတဲ့ တံတိုင်းကြီးပဲ ရှိတယ်။ သူ နဲ့ ကိုယ့် ကြားမှာ တစ်ယောက်ကို တစ်ယောက် ချုပ်နှောင်ထားတဲ့ ကတိတွေ မရှိဘူး။ သူ နဲ့ ကိုယ့် […]


ဇီဇီJuly 15, 20141min55760
  ဟိ။ နာမည် ကိစ္စ အုန်းထနေတုန်း ရေးချင်ရာရေးအူးမှ။ ပေါက်ကရပို့(စ) ပဲရေးတတ်တယ်။ ပြောချင်ရာသာ ပြော။ ကော်မန့်များတာ မကျေနပ်ရင်တော့ ကိုယ့်ဒေါသနဲ့ ကိုယ်။ အဟစ်။ အနော်တို့ အမျိုးက နာမည်ပေးး သိပ်တော်တာ…။  :mrgreenn: မဟုတ်သုတ်ခ (မဟုတ်တရုတ် နဲ့ ဗရုတ်သုတ်ခ ပေါင်းရေးသည်) နာမည်တွေပေးတဲ့ နေရာမှာ သူ့ထက်သူ လူစွမ်းကောင်းချည်းပဲ။ အဲဒီထဲ အနော့ မွေးမေလေ့က အတော်ဆုံး. :mrgreenn: အဖိုးက အမေတို့ ညီ အမ လေး ယောက် ကို ပေးတဲ့ နာမည်တွေတဲ့။ ကြည့်ဦးးးးးး။ . အကြီးဆုံး ကို “တုတ်တိုး”  တဲ့။ တုတ်တိုးအိုးပေါက် ပြောတတ်လွန်းလို့။  :mrgreenn: . .   […]


ဇီဇီJuly 8, 20144min835102
  ဟိ.။  :mrgreenn: ခေါင်းစဉ်က ဘယ်သူပေးဖူးလဲတော့ မသိ။ ပြင်သင့်ရင်ပြင်ပေးမယ်။ ဆရာမင်းလူလည်း ရေးဖူးပါရဲ့။ လက်ဖက်ရည်ဆိုင်ထိုင်တာကို အပြစ်မပြောဖို့ ဝတ္ထုလို ဆောင်းပါးလိုမျိုးလေးးး။ ဖတ်ပြီး သဘောကျဖူးရဲ့။ အရင်ကတော့ နှိုင်းယှဉ်စရာ သိပ်မရှိလို့ လက်ဖက်ရည်ဆိုင်ထိုင်ရင် ကို ဝေလေလေမှတ်ပြီး အပြောခံရတာ….။ ခုများတော့ အရက် ဘီယာဆိုင်က ရှောင်မလွတ်တာနဲ့ပဲ လက်ဖက်ရည်ဆိုင်လေး ထိုင်တာကို မပြောသာတော့…..။ ကျနော့ အကျင့်က လည်း လက်ဖက်ရည်ကို ဆိုင်မှာ ထိုင်သောက်ရမှ….။ ထိုင်တာတောင် ခုံပုလေးတွေနဲ့မှ ထိုင်သောက်ချင်တာ……။ ပလက်ဖောင်း မညီမညာမှာ ခုံပုပု ခနော်နီ ခနော်နဲ့လေးတွေနဲ့ ထိုင် စကားပြော…။ လမ်းမှာ ဖြတ်သွားဖြတ်လာ ဟိုကြည့်ဒီကြည့်… လက်ဖက်ရည်ကုန်သွားရင် (အဲ ကျနော်က နောက်တစ်ခွက် ထပ်မှာတယ်၊ ဟိ) အဲဒီ […]