ဇီဇီMay 11, 20141min55038
  စိတ်လိုလက်ရရှိတုန်း ကေဇီ မေမေ အကြောင်း ရေးပါဦးမယ်။ မာမီကို ကေဇီကတော့ အမျိုးစုံခေါ်တယ်။ ချစ်ရင်ချစ်သလို။ မေမေ၊ မာမား၊ မာမီ၊ မေ၊ စသည်ဖြင့်၊ သူကလည်း သူ့ကိုယ်သူ အမျိုးမျိုး ပြောချွဲတာ။ ဘဝမှာ ကေဇီ အသည်းခံဆုံး အချစ်ဆုံး အညှာတာဆုံး မိန်းမတစ်ယောက်ဖြစ်တာမို့ သူနဲ့ပတ်သက်ပြီး ကိုယ့်မှာ ရန်သူတွေ မွေးမိသလို…. မာမီကလည်း “လောကမှာ ကေဇီတစ်ယောက်နဲ့ တစ်လောကလုံးဖြစ်ပြီး ဘယ်လောက်မှားမှား ကေဇီဘက်ကပဲရှိမှာ” ဆိုတဲ့ စကားတစ်ခွန်းနဲ့ ချုပ်ထားခံရတာပါ။ စကား စကား ပြောပါများးး ဆိုလို့ ကေဇီတို့ အမျိုး စကားပြော လက်ပေါက်ကပ်တာ… သူများကို ပိတ်သလေး ဘေးပစ် ပြောတဲ့နေရာလည်း မျိုးနဲ့ ရိုးနဲ့။ ဒီ ကြားထဲမှာမှ ကေဇီ […]


ဇီဇီApril 23, 20141min36129
  စက်ရုပ်လို လူတွေ နေတဲ့နိုင်ငံ….. ပိုက်ဆံအကြောင်းပဲတွေးတဲ့ နိုင်ငံ….. ချစ်ခြင်း မေတ္တာမရှိတဲ့ နိုင်ငံ….. ရယ်မောခြင်း ရှားပါးသော နိုင်ငံ….. အနုပညာ အရည်အသွေး ညံ့ဖျင်းသော နိုင်ငံ….. အိပ်ချိန်နဲ့ စားချိန်က လွဲလို့ အလုပ်အကြောင်းပဲ စဉ်းစားနေရတဲ့ နိုင်ငံ….. ကိုယ် အကြိုက်ဆုံး ဆောင်းရာသီမရှိသော နိုင်ငံ….. ကိုယ့်ကို ချစ်တဲ့သူ နည်းပါးသော နိုင်ငံ….. World’s Most Emotionless Countries Top (5) ထဲမှာ ပါတဲ့ နိုင်ငံ….. ဒီနိုင်ငံမျိုးကို လွန်ခဲ့တဲ့ ရ နှစ်လောက် က ဘာလို့ နန့်နန့်တက် လာချင်ခဲ့လည်း စဉ်းစားလို့ကို မရဘူး။ . . . . . . […]


ဇီဇီApril 4, 20141min45231
ဟူးးးးး မယ်ပု ဖြောင့်ချက် ရေးတုန်း က သိပ်နားမလည်ခဲ့ဘူးးး ဘာလို့များ ရေးဖို့ လိုပါလိမ့်လို့ မှတ်နေတာ။ မှတ်ဟ! ခု ကိုယ်တိုင်ရေးဖို့ လိုလိမ့်မယ် ထင်လို့ ရေးလိုက်တယ်။ ကျနော် ဒီရွာကို နာမည် အရင်းနဲ့ ပဲ ဝင်ပါတယ်။ ဘယ် အသိုင်း အဝိုင်းမှာ ကျင်လည်တယ်ဆိုတာလည်း ဘွင်းဘွင်းပြောပါတယ်။ ကျနော် ဟာ Not Available   ပါ ဆိုတာလည်း ပို့(စ) တင်ပြီး ပြောဖူးပါရဲ့။ ဒီထက်တော့ အသေးစိတ်ပြောပြလို့ မရတဲ့ ဘဝမို့ ဒီလောက် အမှန်ပေးထားတဲ့ အင်ဖိုမေးရှင်းနဲ့တင် ဒီရွာက လူတွေလည်း မထိခိုက်လောက်ဘူးထင်လို့ ကျနော် ပြောနိုင်သလောက် ပြောထားတာပါ။ ဖဘမှာလည်း ဓာတ်ပုံအမှန်၊ အသက်အမှန် အသိုင်းအဝိုင်း အမှန်ကိုပြထားပါတယ်။ စုံစမ်းလို့မှ […]


ဇီဇီApril 1, 20141min52649
စုဆောင်းခဲ့ဖူးတယ်။ မူလတန်း အရွယ်လောက်က ကိုယ် ခဲဖျက်လှလှလေးတွေ သိပ်ကြိုက်တာ။ ဖျက်လို့ ကောင်းတာ မကောင်းတာ နောက်ထားးး၊ လှတာလေးတစ်ခုတည်းနဲ့ လိုချင်လို့ ဝယ်ပေးဖို့ ပူစာခဲ့ဖူးတယ်။ အလယ်တန်းလောက်အရွယ်ရောက်တော့ မှတ်စုစာအုပ် လှလှလေးတွေဆီ စိတ်ရောက်သွားပြန်ရော။ အရွယ်စုံ၊ ရောင်စုံ၊ အထူအပါးမျိုးစုံ၊ မရေးပဲနဲ့ အလှကြည့်ဖို့ မုန့်ဖိုးထဲကနေ ရသလောက် ဝယ်စုတာ။ အထက်တန်းလောက် အရွယ်မှာတော့ ကီးချိန်း မျိုးစုံ…. ဆန်းပြားပေ့ဆိုတာတွေ ဝယ်တယ်။ လက်ဆောင်တောင်းတယ်။ ရှိစုမဲ့စု စက်ဘီးလေးကတော့ မပြောင်းးး၊ သော့လေးကလည်း အထီးကျန်၊ ရှိသမျှ ကီးချိန်းတွေကို အလှကြည့်ထားတာကိုးးးးးးးး တက္ကသိုလ်တက်တော့ သူငယ်ပြန်တယ်လေ။ မွှေးပွ အရုပ်လေးတွေ စုချင်တာ။ အရူးတပိုင်းပဲ။ ဘယ်သူဘယ်နိုင်ငံသွားသွား အရုပ်ပဲ မှာတယ်။ ပြီးရင် ပလတ်စတစ် အကြည်ထဲကို ထည့်၊ ဖောင်းသွားအောင် […]


ဇီဇီMarch 19, 20141min28824
အလွမ်းတွေ ပေါ့….. ရင်ဘတ်ထဲမှာ…….. ဘောင်ဘင်တောင် မခတ်နိုုင်တော့….. by KZ             And those longing! My life is full of that, couldn’t slosh even in my heart. by ကိုဘလှိုင်                                                   […]


ဇီဇီMarch 17, 20142min41219
17-Mar-2014 ဒီနေ့ တီချယ်နု မွေးနေ့ပါ။ မွေးနေ့ ပို့(စ) လေး ရေးချင်တော့ လွန်ခဲ့တဲ့ ၁၅/၁၆ နှစ် က တီချယ်နဲ့တွေ့ခဲ့တဲ့ အမှတ်တရလေးတွေ ကိုယ့်မှတ်ဉာဏ်ထဲက ပြန်ဖော်ရတယ်ရယ်။ သေချာစဉ်းစားကြည့်ပြီးမှ အချိန် ၁၆ နှစ်ဆိုတာကို သတိထားမိပြီး လန့်သွားတယ်။ ဟုတ်တယ်။ အဲဒီလောက်ကြာသွားပြီကွယ်။ ဒါပေမဲ့ ပြန်တွေးတော့လည်း မနေ့တနေ့ကလိုပဲ။ ၁၉၉၈ ကိုယ် ၁ဝ တန်း အောင်စာရင်းထွက်ပြီးခါစမှာ တီချယ်ဆီ စရောက်တာ။ မလာခင်ကတော့ တီချယ် တော်တာ၊ ထက်တာတွေ ကြားဖူးနေခဲ့တယ်။ ကိုယ့်ဖိုးဖိုးက သူ့ ကျောင်းက တော်တဲ့ ထက်တဲ့ သူတွေအကြောင်းကို အမြဲပြောပြလေ့ရှိတယ်။ နောက်ပြီး ကိုယ့် မေမေဆို တီချယ် သား ကိုဖိုးချမ်းကို ထိန်းဖူးတာကိုးးး အဒေါ် ကျောင်းဆရာမတွေကလည်း […]


ဇီဇီMarch 5, 201414min30343
  ကတောက်! တဂျီးက ပို့(စ) တင်ခ ၂ ဆပေးမယ်ဆိုကတည်းက အလုပ်ကလည်းများ……. ဘာအကြောင်းကို ဘာရေးရမှန်းကို မသိတော့တာ။ သူများတွေ ကြုံးဝါးတာမြင်တော့ သများလည်း ရေးချင်တာပေါ့နော့။   :mrgreenn:   အဲတော့ သများ ခု ကြုံနေရတဲ့ အမှုအကြောင်းပဲ ရေးပါ့မယ်။   သများ ခု ဘာဖြစ်နေတုန်း ဆိုတော့ အမှုဖြစ်နေတယ်လေ။  :mrgreenn: မင်းသားကြီးပေါ့။ မြင်းမိုရ်တောင် ဆီးစေ့နဲ့ပေါက်ချင်တာ အဲဒီ ဆီးစေ့က သများဖြစ်နေတာခက်ပါတယ်ဆို။   ဒီလိုဒီလို ဇာတ်လမ်းက။ ခု စလုံးက အကြီးဆုံး ရှော့ပင်းစင်တာကို အေအန်အေ (A&A) လုပ်ကြတယ်။ အဲဒီ အေအန်အေ ဆိုတာ (Addition & Alteration) ပြင်မယ်၊ ထပ်ဖြည့်မယ်ပေါ့။ တခြား […]


ဇီဇီFebruary 10, 20142min39440
၆ နာရီခွဲ နှိုးစက်သံ အစမှာပဲ ဖြူ့ မျက်လုံးတို့ပွင့်ကာ နိုးလာခဲ့ပြီ။ ဒီနေ့ ဈေးသွားရမဲ့နေ့ပဲ။ ဈေးမသွားခင်လည်း ဖေဖေ့ဖို့ မနက်စာစီစဉ်ရဦးမည်ဖြစ်သည်။ ဘာမှ ဆန်းကြယ်သော စီစဉ်မှုမဟုတ်သော်လည်းး ဒီနေ့က ဖြူတစ်ယောက်တည်းစီစဉ်ပေးရမဲ့ အစားအသောက်ကိစ္စမို့ ဒီလောက် ဝီရီယစောနေခြင်းသာ။ ဖြစ်ပုံက ဖြူတို့ မောင်၂ မှ ၂ ယောက်က မန်းလေးမှာ ကျောင်းတက်ရသည်။ မေမေက ဖေဖေနဲ့ တာဝန်ကျရာ နယ်လိုက်နေရ၏။ ဖြူ့ကျောင်းက အတန်းတင်စာမေးပွဲပိတ်ခိုက် နယ်ကို ခဏလိုက်လာတုန်းးး မေမေက မောင်လေးဆီ သွားချင်တယ်ဆိုပြီး မန်းလေးသို့သွားသည်။ ဒီလိုနှင့် ဖေဖေ့ စားရေးသောက်ရေး ဖြူ့ တာဝန်ကျလာ၏။ ရ ရက်စာ ဖေဖေ့ကို ဖြူလက် အပ်လိုက်သည်ဆိုပဲ။ ဒီနေ့က တနင်္လာနေ့။ အတွေးတို့ ခဏရပ်ပြီး အိပ်ယာက […]


ဇီဇီDecember 13, 20131min27822
ဒီ နှစ် ကျွတ်ကျဲ ပုံများတော့ လုံးဝ မပြန်နိုင်ဘူးးးး ၂၀၁၂ ဒီဇင်ဘာကပြန်တယ်ဗျာ။ ၂၀၁၃ ဒီဇင်ဘာ ထိ ပြန်ဖို့ မဖြစ်နိုင်ဆိုတော့ ၂၀၁၃ တစ်နှစ်လုံး အတွက် မပြန်ရဘူးမှတ်ပေါ့။ အဲတော့လည်း ဘာ အရေးလဲ ကွန်ပြူတာလေးရှေ့ထားပြီး ဒီဇင်ဘာ အလွမ်းလွမ်းတာပေါ့ နော်။ ကိုယ်ရေးသမျှ ကြိုက်ကြိုက် မကြိုက်ကြိုက် ဖတ်တဲ့ ပိတ်သတ်ကြီး ရထားတာပဲ။ဘာမှု စရာ ရှိတုန်းးး   ဘရန်းကလည်း စိတ်မကြည်တော့ မရန်းနိုင်လို့  ဒီ လို အရေမရ အဖတ်မရတွေပဲ သည်းခံဖတ်ကြနော့။ ပြောဖူးပါတယ်။ အဖွားဘက်က တစ်မျိုးလုံးက ခရစ်ယာန်တွေ။ ဆိုတော့ သူတို့ နေရာမှာလည်း ကိုယ်တွေ ခြေရာချင်းထပ်အောင် ကျင်လည်ဖူးတာပေါ့၊ ဒီဘက် အဖိုးမသိအောင်။ ဒီ ဇင်ဘာဆို […]


ဇီဇီDecember 4, 20136min56535
        ဟို အရင်က အိမ်လေးမှာ….. ဖေဖေထိုင်တဲ့ ဆေးခန်းလေး ရှိခဲ့တယ်။   ဟို အရင်က အိမ်လေးမှာ….. အမေချက်ကျွေးတဲ့ ထမင်းပူပူ ဟင်းမွှေးမွှေးလေးတွေ ရှိခဲ့တယ်။   ဟို အရင်က အိမ်လေးမှာ….. မောင်လေး စီးတဲ့ ပြိုင်ဘီးလေး ရှိခဲ့တယ်။   ဟို အရင်က အိမ်လေးမှာ….. ကြောင် လေးတွေ အများကြီးရှိခဲ့တယ်။   ဟို အရင်က အိမ်လေးမှာ….. ဝတ္တရားကျေတဲ့ သံစုံနာရီ တစ်လုံးရှိခဲ့တယ်။   ဟို အရင်က အိမ်လေးမှာ….. ဆူညံဝေစည်နေတဲ့ စာကျက်သံတွေ ရှိခဲ့တယ်။   ဟို အရင်က အိမ်လေးမှာ….. မိသားစု ညနေစကားဝိုင်းလေး နေ့စဉ်ရှိခဲ့တယ်။   […]


ဇီဇီNovember 26, 20134min49358
ဒိတ်! ဒိတ်! ရင်ဘတ် ဘယ်ဘက်ခြမ်း နောက်တော့ ခေါင်းထဲကို တိုးလာတဲ့ သွေးခုန်နှုန်း တွေ ကို ကြားလိုက်ရမိတယ်…   ဒါ ဘယ်သူလဲ…??? သူမ ကရော ဘာဖြစ်သွားတာလဲ….??? ချောတယ်လို့ မဆိုသာ၊ ရုပ်ဆိုးတယ် ဟုပင် ပြောနိုင်သော သာမာန် ရုပ်ရည်ပိုင်ရှင် အမျိုးသားတစ်ယောက် ကို အတွေ့မှာ ဒီ လောက် စိတ်လှုပ်ရှားမိရသလား မတွေးတတ်တော့………. တကယ် ဆို သူမ အသက်က ၁၅ နှစ် ပြည့်ပြီး ခါစ…!   မေမေ့ ကို ပြမိတော့လည်း ………. “ရုပ်ဆိုးပါတယ် သမီးရယ်၊ မျက်နှာမှာလည်း အဖု တွေနဲ့…..”  တဲ့!   ဟင်!! အကောင်းမြင်နေကျ သူမ မေမေက […]


ဇီဇီOctober 25, 20133min61839
တစ်ခန်းရပ် ကို ဖတ်ချင်ရင် ဒီ မှာ   https://myanmargazette.net/170648 အဟွတ်။ ခု နောက်တစ်ခန်း ရပ်မယ်။   ~~~~~~~~~~~~~~~ ဩဂတ် ၂၀၀၇   မိုင်ခိ၊ နင် ဂျပန် မင်းသားလေး မှတ်မိသေးလား။ သူငယ်ချင်း အနေ မှ မေးလိုက်ခြင်းဖြစ်၏။ မမှတ်မိစရာလား။ သူလည်း ဒီ မှာလေ။ ဘာဖြစ်လို့လဲ??? နင့် ဖုန်းနံပတ် တောင်းနေတယ်။ ဟယ်။ တကယ်လား။ ပေးလိုက်လေ။ အာ။ ငါ မသိဘူးလို့ပြောလိုက်ပြီ။ သူ့နံပတ်ပဲ ယူထားလိုက်။ ဟာ။ နင် လုပ်ကာမှ ငါက ဖုန်း စ ဆက်ရတဲ့ ဘဝ ရောက်ပြီပေါ့။ နင် ကတော့။ သူငယ်ချင်းနဲ့ ဖုန်းပြောရင်း စိတ်က ကျောင်း […]


ဇီဇီOctober 19, 20133min25319
ရွာထဲမှာ ရှိကြကုန်သော ကိုယ့် ထက် အသက် တစ်မနက် တစ်ရက် ကြီးသောသူမှ အစ ရွာလူကြီးများ အလယ် တဂျီး အဆုံးးး ကျနော် ရွာကို ရောက်တဲ့ ဒီ တစ်နှစ် အတွင်း ကာယကံ (ကျောက်/မတ် ပဲ ပါတယ်)၊ ဝစီကံ၊ မနော်ကံ၊ တိုက်ပင် နဲ့ စာရိုက်ပြီး ပစ်မှားခဲ့သည်များ ရှိပါ က ခွင့်လွှတ်ကြပါရန် ကေဇီက ဤ နေရာမှ ကန်တော့ပါတယ်။ _/|\_   _/|\_   _/|\_ မဖြစ်မနေ ခွင့်လွှတ်ပြီး မုန့်ဖိုးများလည်း ပေးသနားပါ။  :mrgreenn: (တဂျီးလည်း လူလူချင်း ကန်တော့တာ ဘာညာသာရကာကို ဂနေ့ မပြောနဲ့ဦး နော် ၊ အဟိ)  :mrgreenn: ကဲ […]