ဇီဇီMarch 23, 20155min99051
      မြီးရှည် ဆိုတာ မန်းလေးမှာ မုန့်တီ နဲ့ ရှမ်းခေါက်ဆွဲပြီးရင် တတိယနေရာလိုက်တဲ့ထိ နာမည်ကြီးပါတယ်။ မန်းလေး မြီးရှည်… မိုးကုတ်မြီးရှည်… ကျိုင်းတုံမြီးရှည်… မိုင်းသာမြီးရှည်.. စသည်ဖြင့် ဒေသအလိုက်မြီးရှည်တွေကလည်းရှိသေးရဲ့။ ဆိုတော့ ကြိုက်တတ်ရင် မြီးရှည်သည်လည်း စိတ်ရှည်လက်ရှည် လုပ်စားပျော်ပါကြောင်းးး… :sar: ~~~~~~~~~~~~~ ပထမဆုံး တင်ပြ (အဲလေ) ပြောပြချင်တဲ့ မြီးရှည်ကတော့ ကေဇီ အမြီးရှည် ဖြစ်ပါဒီ၊. ဒီ နည်းကို မနှစ်က လာတဲ့ အမေနဲ့ အဒေါ်ထံမှ လက်ပူးလက်ကြပ် သင်ယူထားတာမို့ စိတ်ချလက်ချ စားနိုင်ပါကြောင်း သဒင်းဂေါင်းပေးလိုက်ပါဒီ။ ဟိဟိ.. :k: မိုးကုတ်- မန်းလေးဖက်စပ် မြီးရှည် . မုန့်ဖတ် – (တစ်မျိုးမဟုတ် တစ်မျိုး) ၁) […]


ဇီဇီMarch 16, 20152min53847
  အကို့ မိန်းမ – မရီး အိပ်ချင် – သန်း မရီးသန်း ဆိုတော့ မရမ်းသီးပေါ့။ ဟိ။ ငယ်တုန်းကတော့ စကားထာဖွက်ရင် အဲလို ဖွက်တာပဲ။   :mrgreenn: ~~~~~~~~~~~~~~~~~~~ ဆေးဖက်ဝင် မရမ်းသီး (http://yinfamily24.blogspot.sg/2013/03/blog-post.html) မရမ်းသီးသည် သွေးဝမ်းသွားခြင်း၊ ဝမ်းကိုက်ခြင်း၊ သွေးကြောင့်ဖြစ်သောရောဂါ၊ အဖျားဟောင်းနှင့် ကိုယ်တွင်းပူ လောင်ခြင်း၊ အသားကြား အရိုးကြားတို့၌ နာက…ျင်ကိုက်ခဲခြင်းတို့ကို သက်သာပျောက်ကင်းစေသည်။ မရမ်းသီးကို သုပ်စားခြင်း၊ ချက်စားခြင်း၊ စသည်ဖြင့် ပြုလုပ်စားသုံးပါက ခံတွင်းပျက်ခြင်းနှင့် ခံတွင်းအရသာ မပေါ်ခြင်းတို့ကို သက်သာပျောက်ကင်းစေနိုင်သည်။ ဝမ်းကိုက်ခြင်း၊ မီးယပ်ဝမ်သွားခြင်းများအတွက် မရမ်းသီးဆားရည်စိမ် အရည်သောက်ပေးခြင်း၊ ဆားရည်စိမ် မရမ်းသီးကို သုပ်စားပေးခြင်းဖြင့် ဝမ်းကိုက်ပိုးများကို သေစေနိုင်သည်။ အသည်း အဆီဖုံးသော ရောဂါများကို ပျောက်ကင်းစေရန်နှင့် […]


ဇီဇီMarch 9, 20153min62342
ဒီ တစ်ခေါက် သယ်လာတာ…… – ငါးရံ့ခြောက် – ပင်လယ် ငါးပြေမခြောက် – ငါးပိကောင်ခြောက် – ငါးကျည်းခြောက် – ငါးနီတူခြောက် – ပုဇွန်ခြောက်  (မွသဲ နဲ့ မမ ပေးလိုက်တာ) – အာပြဲချောက် – ချဉ်စော်ကားသီးခြောက် – ပုဂံ က ဝယ်လာတဲ့ ပုံးရည်ကြီး – အာတီဒုံ ပေးတဲ့ ဝါးခယ်မ ပုဇွန်ချဉ် – အာလူးကြော် – မွနှင်းပေးလိုက်တဲ့ သန့်စင် ရယ်ဒီမိတ် ထမင်းသုပ် ပါဝင်ပစ္စည်းများ – လူကြုံနဲ့ ထပ်ပါလာတာ က အမတ်မင်း ရဲ့ ခိုးရာပါ လက်ပံခေါင်းခြောက် – ဇော်သန့်ပါလာတဲ့ လက်ဖက်, ဝက်သားအမွကြော် နဲ့ မရမ်းသီး […]


ဇီဇီSeptember 22, 201410min81753
    ဝယ်စားလို့ ရတဲ့နေရာတွေမှာတော့ မထူးဆန်းဘူးပေါ့နော်။   ပြည်ပမှာတော့ အဲဒါတွေက တစ်ခုတ်တရ လုပ်စားရတာ ဆိုတော့ သတင်းစာ အတွက် သုံးချင် သုံးလို့ ရအောင် ရေးပါ့မယ်။   မုန့်ဖတ်   ကျနော်က တော့      မုန့်တီ အတွက် ဆို ရင်  မလေးတွေ လာဆာ (Laksa) ထဲမှာ ထည့်တဲ့ မုန့်ဖတ် ကို ဝယ်ပါတယ်။   နန်းကြီးကြိုက်သူတွေ အတွက်ကတော့   ဂျပန် မုန့်လုံးဖတ် အကြီး (Udon) ဖတ်ကို ဝယ်ပါတယ်။     ရေနွေးကို ဆူအောင် တည်ပြီးမှ ဆီနည်းနည်းထည့်ပြီး မုန့်ဖတ်ကို ပြုတ်။ ပြီးရင် ဇကာထဲလောင်းချပြီး […]


ဇီဇီMarch 17, 20141min67555
ဟိ။ ကေဇီ ရဲ့ ဘဲက ဒီမှာ!   ဒီ တပတ်လည်း ထမင်းဆိုင် မဖွင့်ဖြစ်တော့မဲ့ တူတူ ထုံးစံအတိုင်း ချက်ဖြစ်တဲ့ တစ်မျိုးကောင်းလေး ပို့(စ) မလို့ပါ။ အကြောင်းပြချက်က နေခြည် ပြန်မှာမို့ သူငယ်ချင်းတွေ စု ရင်း ထမင်းစားတာ။ အဲ! နေခြည် က သားငါးလွတ် ဆိုတော့ သူ့ကို ဘရိုကိုလီလေးပဲ ကြော်ပေးနိုင်တယ်။ ခွိ။  :mrgreenn: ကျန်တာက ဘီလူးမ (အဲလေ ဟုတ်ပေါင်) ပေါရိသာဒမ (မှားလို့) တွေ့မရှောင်တို့အတွက် နေခြည့်ကို အကြောင်းပြစားတယ်ပဲ မှတ်ပါတော့။ :sar: ချက်နည်းကတော့ ကဘာကြော် စားဖိုမှူးတွေ ထိုင်ငိုချင်လောက်အောင် လွယ်လွန်းလို့ အောက်တွင်ရှူ့ (ဆက်ဖတ်ပါလို့ပြောတာ) – ဟိ။ ဘဲ ကို […]


ဇီဇီDecember 16, 20131min52334
အရင်တစ်ပတ်က အလုပ်ရှုပ်တာရော၊ စားဖိုမှူးတွေ မအားတာရော၊ ကိုယ်တိုင် မစပ်နိုင်တာရော နဲ့ ဒီ တစ်ပတ် ထမင်းဆိုင်မဖွင့်ဖြစ်ပါဘူးးးးးးး အဲဒီတော့ ဟင်းတစ်ခွက် ချက်ပါ့မယ်။ ဝက်သားမကြိုက်သူတွေ နဲ့ ဒညင်းသီးမကြိုက်သူများ သည်းခံကြပါ။ ထုံးစံအတိုင်း အတိုင်းအတာ မမေးကြပါနဲ့။ မပြောတတ်ပါဘူးးး လိုတိုးပိုလျှော့ ကွကိုယ်ချက်ပါတယ်။ ၁) ဝက်သားကို တုံးပြီး ဆားရယ်၊ ပဲ ငံပြာရည် အကြည်ရယ် အသားထဲကိုစိမ့်ဝင်အောင် နယ်ထားပါမယ်။ ၂) ဒညင်းသီး ကို ပြုတ်ရင် ပြုတ်၊ ပြုတ်ပြီးသားကို ဝယ်ချင်ဝယ် (အနော်က မပြုတ်တတ်လို့ အမြဲ ပြုတ်ပြီးသားကို ဝယ်ပါတယ်) ၃) ဒညင်းသီးကို ခြမ်း၊ တစ်ခြမ်းစီကို မှောက်ခုံထားပြီး ငရုတ်စုံထဲမှာ ထုထားပါ။ ၄) ကြက်သွန်နီ/ဖြူ/ဂျင်း ကို ထောင်းပြီး […]


ဇီဇီNovember 1, 20131min39239
အဟီးးးး ရွာထဲက ဘဲဥကို ငုတ်တုတ်ထိုင်ခိုင်းတာဟုတ်ဘူးနော်။ ဟင်း တစ်မျိုးချက်ပြမို့။ အဟိ။ မန်းလေးမှာနေတုန်းက တူတူနေနဲ့ အဒေါ်က ဟင်းချက်အရမ်းကောင်းတာ။ စလောင်းတွေ ကြည့်ကြည့်ပြီး ဟင်းအဆန်းတွေ သိပ်ချက်တာ။ :mrgreenn: ဒီကြားထဲမှာ ဒီဟင်းက သူငယ်ချင်းတွေ ကြားမှာရော အတော်ပေါ်ပြူလာဖြစ်သွားတဲ့ ဟင်းပေါ့။ အမှန်တော့ ဘဲဥ နဲ့ အနော်တို့ ရေချို ပုဇွန် ခေါင်းကြီးတွေနဲ့ချက်ရင် အရသာအရှိဆုံးပဲ။ ဒီမှာတော့ ဘဲဥလည်း ရှိဘူးးးး ခေါင်းကြီး ပုဇွန်လည်း မရှိဘူးးးး ရှိတာလေးနဲ့ ချက်ရတာ။ ကေဇီလေး သနားစရာ၊။ အချိုးတွေလာမမေးနဲ့နော်။ ကိုယ့် အုံး နဲ့ ကိုယ် စဉ်းစားပြီး လိုတိုးပိုလျှော့လုပ်တာ။ အဲလို စံနစ်တကျကို ချက်တတ်တာပေါ့။ အဟေးဟေးဟေးးးးး   ငရုတ်သီးခြောက်ကို ရေစိမ်ထားးး၊ အစပ်ကြိုက်ရင် […]


ဇီဇီSeptember 29, 20132min37537
ဘာရယ်မဟုတ်။ မနေ့က ဇော်သန့်လာမယ်ဆိုလို့ သူ့ အကြောင်းပြပြီး ကိုယ်စမ်းချက်ကြည့်ချင်တဲ့ ပဲထောပတ်သမင်းချက်ကြည့်တာ။ အညာက မိတ်ဆွေ အစ်ကိုကြီး ခက်သီပို့ထားတဲ့ လက်ပံခေါင်းခြောက်ကို ချဉ်ရည်ဟင်း စမ်းချက်ကြည့်ချင်တာလည်း ပါတာနဲ့။ ဟင်းစပ်လိုက်တော့ ဂလိုထွက်လာတယ်။ -ပဲထောပတ်ထမင်းရယ် -ဘဲသားဆီပြန်ရယ် – ပုဇွန်ခြောက်ကြော်ရယ် – လက်ပံခေါင်းချဉ်ရည်ရယ်။ အပျင်းမ စဉ်းစားတာဆိုတော့ အလွယ်နည်းပေါ့။ အဲလာ ခရစ်(စ) က ချက်နည်းတင်ဆိုလို့ အပျင်းနည်းကို မရှက်မကြောက်တင်လိုက်သည်။ တတ်သိနားလည်သူများသည်းခံကြပါ ခင်ညားးးးးးး   ချက်နည်းကားးးးးး အောက်တွင်ရှုလော့။             1) ညက ရေစိမ်ထားတဲ့ ကုလားပဲကို မနက်ကျပြုတ်ထားလိုက်တယ်။           ခါချက်ဥ ကြိုက်တတ်ရင် သေးသေးတုံးထားလိုက်။           ကြက်သွန်နီကို ဥလိုက်မကြိုက်လို့ လေးစိတ်ထိုးထားတာရယ် ပြင်ထားလိုက်တယ်။ […]


ဇီဇီJanuary 31, 20131min22318
ခု တလော မိုးလည်း နည်းနည်းအေးသလိုမို့ ဟင်းရည် အလေးထားပြီး ချက်စားဖြစ်နေတယ်။ အဲဒါနဲ့ ဒီမှာတင်ဖို့သတိရလို့။ ဆယ်လမွန်ငါး သိတယ်မဟုတ်လား။ ဒီမှာတော့ အသားကို လွှာပြီး အစိမ်းစားကြတယ်။ အစကတော့ ကိုယ်လည်း အဲလိုပဲစားတတ်တယ်။ နောက်တော့ အစ်မ တစ်ယောက်က ဆယ်မွန်ငါးရိုးကို ဟင်းရည်ချက်နည်းပြောလို့ လိုက်စမ်းသပ်ရင်း ခုတော့ ငါးအသား ရလည်း အဲဒီလိုပဲ ချက်ဖြစ်နေတယ်။ ဆယ်လမွန်ဆို အစိမ်းစားရမှ ဆိုသော သူတစ်ယောက်နဲ့ ငြင်းခုန်ပြီးမှ ချက်ရသောဟင်းပဲ ဆိုပါစို့။   တခြား ငါးလည်း သုံးလို့ရပါတယ်။ ကိုယ်တိုင်လည်း ငါးဖယ်ရိုးနဲ့ စမ်းချက်ပြီးပါပြီ။ ကောင်းတာပါပဲ။ ဆယ်လမွန်ကျတော့ ငါးအသားတွေလွှာပြီးရင် ကျန်တဲ့ အရိုးအကောင်လိုက်ကြီးမှာ ကျန်တဲ့ အသားတွေရယ်၊ ဘေးဘက်က ကျန်တဲ့ အရေခွံတို့ အဆီတို့ကို ကြိုက်လို့ ရွေးဖြစ်တဲ့သဘောပါ။ […]


ဇီဇီJanuary 7, 20131min39133
  ဒီ တစ်ပတ်တော့ ကြက်သားပဲရည်သုပ်လေး စားကြမလား။ ဒီနည်းက သူငယ်ချင်းမလေး တစ်ယောက်ဆီက ရတဲ့ နည်း။ နည်းနည်း လွယ်သလိုရှိပြီး စားကောင်းလို့ မှတ်ထားတာ။ ဒီက ကြက်သားတွေက စားလို့မကောင်းဘူး။ အရသာမရှိဘူးပဲ ပြောရမယ်။ အဲ့ဒီလို ကြက်သားမျိုးကို အရသာရှိအောင်လုပ်နိုင်တဲ့ နည်းဆိုတော့ မဆိုးပါဘူးလေ နော့။ – ကြက်အကောင် သေးသေးတစ်ကောင်ကို နှုတ်သီး၊ ခြေသည်းစတာတွေဖြတ်ပြီး ဆား၊ နနွင်း၊ ငံပြာရည် နဲ့ အကောင်လိုက်ကို နှံ့အောင်နယ်ထားလိုက်။ – ကြိုက်တတ်ရင် ကြက်ရိုးအပိုတောင်းလာတာတို့၊ ကြက်မြစ်ကြက်သည်းတို့ရှိရင် ထည့်လိုက်ပါဦး။ အရသာနယ်ထားဖို့တော့ မမေ့နဲ့ ပေါ့ နော့။ တစ်ကောင်လုံး ကုန်တဲ့ လူအင်အားမရှိရင်တော့ ခုတ်ပြီးသား အသားကို သုံးပေါ့လေ။ – ပြီးရင် အိုး အနေတော်နဲ့ […]


ဇီဇီDecember 27, 20121min58331
အမှန်တော့ ဒီပို့(စ) ကို ၂၅ ရက်နေ့ကတည်းက တင်မလို့ပဲ။ ထုံးစံအတိုင်း စာရေးရမှာ ပျင်းနေတာ။ ကြားရက်ပိတ်တဲ့ ရုံးပိတ်ရက်လေးမှာ စားချင်တဲ့ အစားအသောက်ကို အပျင်းနည်းနဲ့ လုပ်စားဖြစ်တာကို ရေးချင်လို့။ နည်းမှန်လမ်းမှန်တော့ မဟုတ်ဘူး။ အဲဒီတော့ နည်းမှန်လမ်းမှန် ချက်ပြုတ်တတ်သော ညီမလေးတို့ မမတို့ သည်းခံကြပါ။ ၂၅ရက်မနက်က အမှန် ဈေးဝယ်ရမဲ့နေ့။ မန်းလေးက ပါလာတဲ့ ရိက္ခာကလည်းကုန်ခါနီးမို့။ နိုးတဲ့အချိန် ဈေးမသွားချင်တဲ့အပြင် မန်းလေး ဂျုံ ခေါက်ဆွဲသုပ်လေးကလည်း စားချင်လာရော။ ဒီတော့ ကြံရဖန်ရပြီ။ နောက်ဆုံးလက်ကျန် ခေါက်ဆွဲခြောက်လေး ရေစိမ်ထားတုန်း ကြက်ဥလေးပြုတ်၊ ဝက်သားလေးပြုတ်ပြီး ပါးပါးလှီးထားလိုက်တယ်။ ဆီချက်က တော့ အလွယ်နည်းပဲ။ မန်းလေးက ဝယ်လာတဲ့ ကြက်သွန်ဖြူကြော်ကို ပန်းကန်လုံးထဲ ထည့်။ ဆီကို ၂မိနစ်လောက် မိုက်ခရိုဝေ့(ဖ) […]