weiweiOctober 25, 20101min907
မြန်မာစာပို့စ်ကိုဖတ်ရင်း အတွေးတစ်ခုဝင်လာပါတယ်။ အဲဒါကတော့ ဘာသာစကားပါ။ ဘာသာစကားဆိုတာ တစ်ယောက်နဲ့တစ်ယောက် နားလည်အောင် ပြောကြတယ့် ကြားခံဆက်သွယ်ရေးပေါ့။ စကားမပြောတတ်တယ့်သူလဲ သူများနားလည်အောင် body language နဲ့တော့ ဆက်သွယ်ရတယ်လေ။ မိခင်ဘာသာစကားနဲ့ ကိုယ့်လူမျိုးအချင်းချင်းကြားမှာ လွယ်လွယ်ကူကူပြောဆိုနိုင်ပေမယ့် တခြားနိုင်ငံနဲ့လူမျိုးတွေကြားထဲရောက်သွားတယ့်အခါမှာတော့ အချင်းချင်းနားလည်တယ့် ဘာသာစကားတစ်ခုကို အလိုလိုတီထွင်မိသွားပါတော့တယ်။ ကျွန်မတရုတ်ပြည်မှာ ကျောင်းတက်ဖို့ရောက်သွားတယ့်အချိန်မှာပေါ့။ နိုင်ငံခြားသားကျောင်းသားတွေနေတယ့်အဆောင်တစ်ခုမှာ နေရတယ်။ နိုင်ငံပေါင်းစုံဆိုတော့ စကားလဲ ပေါင်းစုံပေါ့။ အင်္ဂလိပ်စကားပြောတတ်တယ့်သူနဲ့ သိပ်မခက်ခဲလှပေမယ့် စပိန်စကား ရုရှစကားနဲ့ ပြင်သစ်စကားကိုပဲ ပြောတတ်တယ့်သူတွေနဲ့တွေ့တယ့်အခါမှာတော့ အချင်းချင်းနားလည်ဖို့ ကြိုးစားပြီးပြောရပါတော့တယ်။ တရုတ်စကားတစ်မျိုးထဲကိုပဲတတ်တယ့် တရုတ်လူမျိုးနဲ့စကားပြောတယ့်အခါမှာပဲ အခက်အခဲတွေရှိပါတယ်။ ဗမာသူငယ်ချင်းကလဲ ရှိနေတော့ ကျွန်မမှာ ဘာသာစကား ၃ ခုနဲ့ ပတ်ချာလည်နေပါတော့တယ်။ တရုတ်ဘာသာသင်တယ့်အတန်းထဲမှာတော့ ကျွန်မတို့ကျောင်းသားအချင်းချင်းကြားမှာ Chinglish ဆိုတယ့်စကားတစ်ခု အလိုလိုတီထွင်ပြီးသားဖြစ်သွားပါတယ်။ အချင်းချင်းနားလည်ပြီး အဆင်ကိုပြေလို့ပါပဲ။ ကျောင်းပိတ်ရက်တွေမှာ […]