ဂ်စ္စူDecember 18, 20103min510
အမေရိကန် သမ္မတကတော်ဟောင်း လော်ရာ ဘုရှ် (Laura Bush) က မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နဲ့ ပထမဆုံးအကြိမ် အဖြစ်တယ်လီဖုန်းကတဆင့် တိုက်ရိုက်စကားပြောဆိုခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် နဲ့ သောကြာနေ့ မနက်ပိုင်းက တယ်လီဖုန်းကတဆင့် စကားပြောခွင့်ရခဲ့ချိန်မှာ၊ လူသားတွေ လွတ်လပ်ခွင့်အတွက် စေ့ဆော်ပေးနိုင်သူအဖြစ် ခိုင်မာပြီး ခွန်အားထက်သန်တဲ့ အသံကို ကြားရတဲ့အတွက် ဝမ်းမြောက်မိတဲ့အကြောင်း အမေရိကန် သမ္မတ ကတော်ဟောင်းက ကြေညာချက် တစောင် ထုတ်ပြန်ပြောဆိုခဲ့တာပါ။ လွတ်လပ်တဲ့ မြန်မာနိုင်ငံအဖြစ် ယုံကြည်မှုတွေ ရပ်တန့်မသွားသလို၊ မျှော်လင့်ချက်တွေလည်း ရှိနေဆဲဖြစ်တယ်၊ ဒေါ်အောင်ဆန်းစုကြည် ပြန်လည်လွတ်မြောက်လာပြီး သူနဲ့ သူချစ်မြတ်နိုးတဲ့ တိုင်းပြည်နဲ့ လူမျိုးတွေ လွတ်မြောက်စေရေးအတွက် ဆက်လက် ကြိုးပမ်းနေတဲ့ အတွက်လည်း အားရမိတယ်လို့လည်း ဆိုပါတယ်။ တယ်လီဖုန်းစကားပြောဆိုမှုကိုတော့ ကြားဖြတ်နားထောင်နေပုံ ရတယ်လို့လည်း သမ္မတကတော်ဟောင်းက […]