မြစပဲရိုးNovember 30, 20142min69626
ဒေါ်အောင်ဆန်းစုကြည် နဲ့ စက်ဝိုင်းများ (၁) မှာ ပြောထားတဲ့ စက်ဝိုင်းတွေ က Circle of Concern  နဲ့Circle of Influence လို့ ခေါ်ပါတယ်။ Circle of Concern က ကိုယ့်ရဲ့ ချယ်လှယ် ထိန်းချုပ်နိုင်မှု အောက်မှာ မရှိဘဲ ပူပင် နေတဲ့ နေရာ သဘောပါ။ Circle of Influence ကတော့ ကိုယ့်ရဲ့ ချယ်လှယ် ထိန်းချုပ်နိုင်မှု အောက်မှာ ရှိတဲ့ ကိုယ်လုပ်ကိုင် လို့ ရတဲ့ နေရာ ပေါ့။ တကဲ့လက်တွေ့ဘဝ ထဲမှာ Circle of Concern က Circle of Influence ထက် ပိုကြီး နေတာ အားလုံး […]


မြစပဲရိုးNovember 29, 20141min35123
ဒီ ခေါင်းစဉ် ကို “သူမ နဲ့ စက်ဝိုင်းများ” လို့ ပေးဖို့ကနေ နာမည် တတ်လိုက်တာက ဒီကိစ္စတွေ မဖတ်ချင် ရင် မဖတ်ဘဲ နေလို့ ရအောင်ပါ။မဟုတ်ရင် အချိန်ကုန် ခံ ဝင် နေရ မစိုး လို့။ ပြောရရင် ဒီရက် စိတ် ကို ဘယ်လိုအနေအထား မှာ ထားရမယ် မသိ။ ကိုယ်က သာ စိတ်မခိုင် သလို ဖြစ်နေပေါ့။ သူကတော့ သူ လုပ်နိုင်သမျှ တွေ ကို တတ်နိုင်သ၍ ခွန်အားအပြည့် နဲ့ လုပ် နေတော့တာ။ သူ့ တက်ကြွတဲ့ပုံရိပ် ကို ကြည့်၊ သူ့ရဲ့ ဇွဲမလျှော့ တဲ့ စကား တွေ ကြားပြီး […]


ေအမီNovember 10, 20111min33232
အေမီ သဘောကျမိတဲ့ စာလေးကို ပြန်ရှဲ လိုက်တာပါ။ အဖွဲ့အစည်းတစ်ခုရဲ့ အကြီးအကဲ နေရာယူထားသူ တစ်ယောက်ဟာ အထက်လူကြီး အဆင့်လား၊ ခေါင်းဆောင်လား ဆိုတာ အမေရိကန်ပြည်ဖွား ဗြိတိသျှ Selfridges Departmental Stores များတည်ထောင်သူ Gorden Selfridge ပြောပြတဲ့ အောက်ပါ အချက်တွေနဲ့ ချိန်ထိုးခွဲခြားလို့ရပါတယ်။ အထက်လူကြီးက လူတွေကို မောင်းသည်။ ခေါင်းဆောင်က နည်းပေးလမ်းပြ လုပ်သည်။ အထက်လူကြီးက အာဏာကို အားကိုးသည်။ ခေါင်းဆောင်က ချစ်ခင်ရင်းနှီးမှုနှင့် စိတ်ကောင်းစေတနာကောင်းကို အားကိုးသည်။ အထက်လူကြီးက ကြောက်အောင် လုပ်သည်။ ခေါင်းဆောင်က စိတ်အားထက်သန်အောင် လုပ်သည်။ အထက်လူကြီးက “ငါ” ဟု သုံးသည်။ ခေါင်းဆောင်က “ငါတို့” ဟု သုံးသည်။ အထက်လူကြီးက ပြသနာ ဖြစ်လျှင် […]


weiweiJune 20, 20111min78028
နောက်လိုက်လုပ်ခဲ့တာ သက်တမ်းတစ်ခုရှိနေပြီဆိုတော့လဲ အခြေအနေနဲ့ အချိန်အခါအရ အဖွဲ့သေးသေးလေးတစ်ခုမှာ ခေါင်းဆောင်နေရာကို ရလာပါပြီ။ နောက်လိုက်ကောင်းတစ်ယောက်ဖြစ်ခဲ့မှ ခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ်နိုင်မယ်လို့ မှတ်သားဖူးပါတယ်။ ကျွန်မက နောက်လိုက်ကောင်းဖြစ်ခဲ့သလားလို့ ပြန်စဉ်းစားကြည့်တော့ ဝေတေဝါးတားပါပဲ။ ကောင်းလဲမကောင်း ဆိုးလဲမဆိုးနဲ့ ဘယ်လိုအချိန်တွေကုန်ခဲ့မှန်းတောင် မတွေးတတ်ခဲ့အောင် အလုပ်သိပ်မလုပ်ခဲ့သူတစ်ဦးဖြစ်နေခဲ့ပါတယ်။ ကျောင်းတွေကို တစ်ခုပြီးတစ်ခုတက်ရင်း ဘဝရဲ့ အရေးပါတဲ့အချိန်တွေကို ပညာတွေရှာရင်း ကုန်ဆုံးခဲ့ရပါတယ်။ အခုတော့ ပညာရှာတာကိုရပ်ပြီး တကယ်အလုပ်လုပ်တော့မယ်ဆိုတော့ ဒုက္ခလှလှ တွေ့ရပါတော့တယ်။ ဘာကိုဘယ်လိုစရမှန်းမသိခဲ့သလို တပည့်လုပ်မည့်သူများကိုလဲ ဘယ်လိုကိုင်တွယ်ရမှန်းမသိ ဖြစ်ခဲ့ပါတယ်။ အရာရာကို စာအုပ်ထဲကအတိုင်း စာလိုပဲတွေးတတ်တဲ့ ကျွန်မအတွက် လက်တွေ့ပြသနာတွေက လွယ်မယောင်နဲ့ ခက်ခဲနေပါတော့တယ်။ ကျွန်မလေ့လာခဲ့သမျှ ဘာသာရပ်တွေထဲမှာ ခေါင်းဆောင်မှုပညာရပ် မပါခဲ့ပါဘူး။ လူမှုဆက်ဆံရေးလဲ မသင်ခဲ့ရပါဘူး။ လက်တွေ့လုပ်ငန်းခွင်နဲ့ စာထဲကနဲ့လဲ တစ်ခုမှ မတူပြန်ပါဘူး။ အထက်လူကြီးတွေက ကျွန်မဘယ်လိုကိုင်တွယ်ဖြေရှင်းမလဲလို့ အကဲခတ်နေကြသလို တပည့်တွေကလဲ […]