PhyoOctober 27, 20101min1180
အပြင်မှာတော့ မိုးလေးတဖွဲဖွဲ ကျဆင်းနေတုန်း… ဒီလိုမိုးအေးအေးမှာ ကျမအကြိုက်ဆုံး ကော်ဖီတခွက်နဲ့ အနှစ်သက်ဆုံး စာအုပ်တအုပ်အုပ်ကို ဖတ်ပြီးတော့ ဇိမ်ယူရတာကို ကျမ သိပ်သဘောကျတယ်… အဲဒီအရာသာကို ကျမ ဘယ်အရာတွေနဲ့မှ လဲပြစ်လို့ မရနိုင်အောင် ကျမစွဲမက်တာပါ… အားလပ်ရက် တရက်ဖြစ်တဲ့ တနင်္ဂနွေတရက်ကတော့ ကျမ သွားနေကျ သောက်နေကျ ကော်ဖီဆိုင်လေးကို ကျမ အပတ်တိုင်းရောက်ဖြစ်နေကျပေါ့… ကျမကိုဆို ဆိုင်က ကောင်မလေးတွေ ကောင်လေးတွေတောင် မှတ်မိကုန်ပြီ… ဒီလိုနဲ့ ကျမရဲ့ တနင်္ဂနွေ နေ့တွေတိုင်းကို အဲဒီ ကော်ဖီဆိုင်လေးမှာပဲ အချိန်တွေကုန်လွန်စေခဲ့တာ… ဒီနေ့ တနင်္ဂနွေနေ့… လှေကားပေါ်ကနေ ခုန်ဆွခုန်ဆွဆင်းလာတဲ့ ကျမကို မေးစရာမလို ဖြေစရာမလိုအောင် တမိသားစုလုံးက ဒီနေ့က ကျမနေ့ဆိုတာကို သိထားသူတွေမို့ ဘာမှ ပြောနေစရာမလိုတော့… ကျမရဲ့ဂိတ်ဆုံး ကားဘီလှည့်ရာကတော့ ကော်ဖီဆိုင်လေးပေါ့… […]