11.jpg

mgsaiSeptember 16, 20151min1468
အထိုင်များခြင်း။ အထိုင်များတာဟာ အသည်းကိုထိခိုက်စေတဲ့အပြင် သွေးတိုး၊ဆီးချိုနဲ့ နှလုံးသွေးကြောကျဉ်းတာတွေ ဖြစ်စေတာမို့ သတိထားသင့်ပါတယ်။ သုံးနာရီလောက်ထိုင်ပြီးသွားရင် ငါးမိနစ်လောက် လမ်းလျှောက်ပေးပါ။ အထိုင်တော့မများဘူး ဒါပေမယ့် တစ်ချို့အလုပ်တွေ၊ နေထိုင်မှုပုံစံတွေဟာ လှုပ်ရှားမှု အရမ်းနည်းပါတယ်။ တောင်ကိုရီးယားနိုင်ငံက လေ့လာမှုတစ်ခုအရ အရက်နဲ့ဆေးလိပ်တွေ၊ဆေးတွေ ကြောင့်ဖြစ်တဲ့ အသည်းရောဂါပြီးရင် လှုပ်ရှားမှုနည်းတာကလဲ အသည်းအတွက် ထိခိုက်စေတဲ့ အချက်တစ်ခုပါ။ အသည်းရောဂါဆိုင်ရာ ထုတ်ဝေတဲ့ ဂျာနယ်တစ်ခုမှာ လူတစ်ယောက်ဟာ တစ်နေ့ကို ၁ဝ  နာရီထက်ပိုပြီး ထိုင်ခဲ့တယ်ဆိုတရင် သူဟာ အသည်းရောဂါဖြစ်နိုင်ခြေ ၉ ရာခိုင်နှုန်းပိုများပါတယ်။ တခြားရောဂါတွေ မပါသေးဘူးနော်။ အသက် ၄ဝ နီးပါး တောင်ကိုရီးယား အမျိုးသား၊အမျိုးသမီး တစ်သိန်းလေးသောင်းကျော်လောက် ဒီလေ့လာမှုမှာ ပါဝင်ခဲ့ကြပါတယ်။အဲဒီထဲကမှာ လေးသောင်းကျော်လောက်ဟာ အထိုင်များခြင်းကြောင့် အသည်းစတင်ထိခိုက်နေကြပါတယ်။ ဒေါက်တာ ဆောင်ဟိုရူးရဲ့ ပြောကြားချက်အရ ဒီထဲမှာ ပါဝင်ခဲ့တဲ့လူတွေဟာ […]