Shwe EiAugust 30, 20142min22913
တစ်ပတ်ကိုခေါင်းဘယ်နှစ်ကြိမ်လျှော်လေ့ရှိသလဲ????? -ခေါင်းလျှော်တဲ့အကြိမ်ရေဘယ်လောက်များများရှိသင့်ပါသလဲ???? ဒီလိုမေးခွန်းမျိုးကိုအလှပြင်ဆိုင်တွေမှာခေါင်းသွားလျှော်တိုင်းကျွန်မအနေနဲ့ မေးလေ့ရှိပါတယ်။ ယုံချင်ယုံမယုံချင်နေအဖြေကတော့ ရိုးရိုးလေးပါဘဲ။ ကဲအဖြေအတွက် အဆင်သင့်ဖြစ်ပြီလား ??? -ခေါင်းကိုလျှော်နိုင်သမျှ အကြိမ်ရေနည်းနည်းဘဲလျှော်ပါ။ ကွန်ပျူတာစခရင်ကို ကြည့်ပြီးမျက်စိလည်နေပြီလား။ လျှော်နိုင်သမျှ အကြိမ်ရေနည်းနည်းလျှော်ဆိုတဲ့ အရေအတွက်ကဘယ်လောက်ဖြစ်မယ်ထင်ပါသလဲ။ ဒီအဖြေကိုပြောဖို့ အတွက် ပထမဆုံးသိစေချင်တာကဆံပင်ကိုလျှော်တယ်ဆိုတာဆံပင်သန့်ရှင်းရေးလုပ်ရုံသက်သက် မဟုတ်ဖူးဆိုတာပါဘဲ။ ဒါဟာကျန်းမာတဲ့ဦးရေပြားရရှိအောင် ထိန်းသိမ်းတာမျိုးပါ..ဒါပေမဲ့ ဦးရေပြားယားယံမှုကိုသက်သာစေဖို့ တနေ့တကြိမ် ခေါင်းလျှော်နေရတာမျိုးကျတော့ ကံမကောင်းစွာနဲ့ဘဲ ကျန်းမာတဲ့ဦးရေပြားလုံးဝမဟုတ်ဘူးဆိုတာ သိထားရပါမယ်။ ဆပ်ပြာ(ခေါင်းလျှော်ရည်)တွေဟာသင့်ဆံပင်ကိုကျန်းမာရေးကောင်းစေတဲ့ အဆီတွေကိုထိန်းသိမ်းထားပေးတဲ့ ဦးရေပြားအလွှာကို ခွါချပစ်လိုက်ပါတယ်။ အိုက်လိုလုပ်လိုက်တာနဲ့ တပြိုင်နက် အဆီထိန်းလွှာဟာအဆီတွေကိုမထိန်းသိမ်းနိုင်တော့တဲ့အတွက် (စိတ်ဆိုးဆိုးနဲ့) ပိုများတဲ့အဆီတွေကိုထုတ်ပေးပါတော့တယ်။ အဆီထွက်တာများလေဆံပင်မှာစေးကပ်ကပ်ဖြစ်လေပါဘဲ။ ဒါနဲ့ဘဲခေါင်းထပ်လျှော်ရပြန်ပါရော။ အပြန်ပြန်အလှန်လှန် အဆီထွက်လိုက် ခေါင်းလျှော်လိုက် သံသရာမှာနေ့တိုင်းလည်ပတ်နေရတာစိတ်ရှုပ်စရာပါဘဲ။ ဒီလိုကိစ္စမျိုးတွေကိုရှင်လဲကြုံဖူးသိဖူးပြီးသားဖြစ်မှာပါ။ ဆံပင်ကိုနေ့တိုင်းလျှော်ခြင်းရဲ့ ကြီးမားတဲ့ အကျိုးဆက်ကဘာပါလဲ???? ကျွန်မဆီကိုလာတဲ့ လူနာအများစုကတော့ နေ့တိုင်းခေါင်းလျှော်ရမှဖြစ်မယ်လို့ပြောကြပါတယ်။ စေးကပ်ကပ်ဖီလင်ကိုမခံစားနိုင်လို့ပါတဲ့။ အဆီထွက်များလွန်းတဲ့ ဦးရေပြားကလဲသည်းမခံနိုင်စရာပါဘဲ။ ကျွန်မလဲဒါကိုကောင်းကောင်းနားလည်ပါတယ် အမျိုးသမီးတို့ရေ။ […]