manawphyulayAugust 16, 20101min370
[အိပ်မက်မှာ အိပ်မက် အကြောင်း မသိသေးသူများ၊ သေချာ မသိသေး သူများ၊ သိသလို မသိသလို ဖြစ်နေသူများအတွက် ဖြစ်ပါတယ်။ ပတ်ဝန်းကျင်မှာ ဖြစ်နေတာတွေနဲ့ နှိုင်းယှဉ် ကြည့်ပြီး စဉ်းစားစရာ လေးတွေပေါ့။] မိဖုရားကြီး တိုက်တွန်းချက်အရ ကောသလမင်းကြီး သွားရောက် လျှောက်ထား၍ မြတ်စွာဘုရားသည် အစဉ်အတိုင်း ဖြေကြား နှစ်သိမ့်တော်မူ၏။ (၁) အရပ်လေးမျက်နှာမှ လေးခုသော နွားလား ဥသဘတို့သည် လာလတ်၍ မင်းရင်ပြင်၌ ဝှေ့မည်ဟု တွန်မြည် ကြုံးဝါးလျက် မဝှေ့ပဲသာလျှင် ဖဲလေကုန်သည်ဟု မြင်မက်ပါသည်။ နောင်အခါ တရားမစောင့်သော မင်းတို့ လက်ထက်၌ အရပ်လေးမျက်နှာမှ မိုးတို့သည် ရွာအံသကဲ့သို့ ထစ်ကြိုးလျက် မရွာပဲသာလျှင် ပျောက်ပျက် ကုန်လတ္တံ့။ ထိုအခါ ကောက်ပဲသီးနှံတို့ ပျက်ဆီး၍ လူတို့၌ အစာရေစာ […]