thura.ng2September 25, 20101min791
ယှဉ်ရဲပါ့မလား အခန်း ၁ ၁၉၈ဝပြည့်လွန်နှစ်တစ်နှစ်၏ တစ်ခုသောဆောင်းဦးကာလ။ အင်းလျားကန်ဘောင်ရိုးပေါ်တွင် ဆေးကျောင်းသားကလေး မောင် က နှင့် မောင် ခ တို့ ရောက်နေကြသည်။ ချိန်းဆိုထားသည်လည်းမဟုတ်။ ထူးခြားသောအကြောင်းကိစ္စလည်းမရှိ။ သည်လိုပဲ အမှတ်တမဲ့ရောက်လာကြခြင်းဖြစ်သည်။ စကားတွေ ဟိုရောက်သည်ရောက်ပြောဖြစ်ကြသည်။ တကယ်တော့ မောင် က နှင့် မောင် ခ တို့မှာ အလွန်ရင်းနှီးသောသူငယ်ချင်းများ ဟုတ်သည်ဟုလည်းပြော၍ မရ။ မဟုတ်ဘူးဟူ၍လည်း မပြောနိုင်။ မောင် က မှာ လူလတ်တန်းစားမိဘများမှ ပေါက်ဖွားလာသည့် အားလျော်စွာ ဆေးတက္ကသိုလ် စရိတ်ကို ပညာထူးချွန်စရိတ်ကလေးအားကိုး၍ တက်နေရသူဖြစ်သည်။ တစ်တန်းတည်းသား ပညာတတ်လူကုံထံ သားသမီး အသိုင်းအဝိုင်းတွင်လည်း မဝင်ဆံ့။ မောင် ခ ကတော့ ဆရာဝန်ကြီးတစ်ဦး၏သား ဘိုးဘွားစဉ်ဆက် ကတည်းက ချမ်းသာလာခဲ့ပြီး ပညာရော […]


kaiDecember 26, 20091min1503
မြန်မာ့ဆိုင်းဝိုင်းများတွင် အနောက်တိုင်းတူရိယာမသုံးရန် ညွှန်ကြားချက်ငါးခုထုတ်ပြန် မန္တလေး၊ ဒီဇင်ဘာ ၁၉။   ။ မြန်မာနိုင်ငံတွင် ဗုဒ္ဓဘာသာဝင်များကျင်းပပြုလုပ်မြဲဖြစ်သည့် အလှူမင်္ဂလာအခမ်းအနားတွင် ငှားရမ်းဧည့်ခံ အသုံးပြုလေ့ရှိသော မြန်မာ့ဆိုင်းဝိုင်းများတွင် အော်ဂင်၊ ကီးဘုတ်အပါအဝင် အနောက်တိုင်းတူရိယာပစ္စည်းများအသုံး မပြုရန် ညွှန်ကြားချက်ငါးချက်ကို သဘင်ပညာရှင်များအစည်းအရုံး(ဗဟို)က ညွှန်ကြားလာကြောင်း မန္တလေး မဟာအောင်မြေမြို့နယ်သဘင်အစည်းအရုံးမှ တာဝန်ရှိသူတစ်ဦးက ဒီဇင်ဘာလ ၁၈ ရက်နေ့တွင် ပြောကြားသည်။ မန္တလေးမြို့ပေါ်တွင် မြန်မာ့ရိုးရာ ဆိုင်းအဖွဲ့ပေါင်း ၄ရ ဖွဲ့ရှိသည်။ ယင်း ညွှန်ကြားချက်ကို အနုပညာဦးစီးဌာနက သဘင်ပညာရှင်များအစည်းအရုံး(ဗဟို)သို့ နိုဝင်ဘာ ၃ဝ ရက်တွင် ညွှန်ကြားခဲ့ပြီး သဘင်ဗဟိုမှ မြို့နယ်ဆိုင်းအဖွဲ့များ ကို ဒီဇင်ဘာလ ၁ဝ ရက်နေ့က ညွှန်ကြားချက်ထပ်မံပေးပို့ခဲ့ခြင်းဖြစ်ကြောင်း ¤င်းထံမှသိရသည်။ ညွှန်ကြားချက်ငါးချက်မှာ မြန်မာ့ရိုးရာဆိုင်းအဖွဲ့များသည် မြန်မာဆိုင်းသမားစဉ်အတိုင်း တီးခတ်ရမည်၊ မြန်မာ့ရိုးရာဆိုင်းဝိုင်းကြီးများနှင့် အနောက်တိုင်းတူရိယာများဖြစ်သော […]