ADSL Asymmetric Digital Subscriber Line. သာမန်အိမ်သုံး တယ်လီဖုန်းလိုင်း တစ်လိုင်းကို အလွန်အင်မတန် မြန်ဆန်တဲ့ အင်တာနက် ကွန်နက်ရှင်း တစ်ခုအဖြစ် ပြောင်းလဲပေးတဲ့ နည်းပညာတစ်ခု ဖြစ်ပါတယ်။ ယခင်က 56K modem တစ်ခုထက် ဆယ်ဆပိုပြီး မြန်ပါတယ်။ Broadband မြန်ဆန်တဲ့ အင်တာနက် ဘယ်လို ကွန်နက်ရှင်းကို မဆို ဆိုလိုပါတယ်။ ဥပမာ ADSL ဒါမှမဟုတ် Cable လိုမျိုး။ Cable အင်တာနက်နဲ့ ကြိုးသုံးထားတဲ့ တီဗွီများအတွက် သင်္ကေတများ သုံးထားတဲ့ စနစ်တစ်ခုကို ခေါ်ပါတယ်။ Ebook Electronic book. စာဖတ်ဖို့အတွက် သယ်ယူရလွယ်ကူတဲ့ ကွန်ပျူတာ တစ်လုံးနဲ့ ဖတ်လို့ရတဲ့ ဒစ်ဂျစ်တယ် စာအုပ်များကို ခေါ်ပါတယ်။ Inkjet printer […]