Zaw WonnaOctober 28, 20101min1133
အသက် ၅၅ နှစ်ကျော်အရွယ် အမေရိကန် နိုင်ငံသားတို့အနေဖြင့် မှတ်ဉာဏ်ယိုယွင်း ကျဆင်းခြင်းကို စိုးရိမ်မှု ကြီးမားနေကြသည်။ အယ်လ်ဇိုင်းမား ဖောင်ဒေးရှင်းအဖွဲ့၏ အဆိုအရ လူဦးရေ ၄ သန်းကျော်သည် အယ်လ်ဇိုင်းမား ရောဂါဝေဒနာကို ခံစားနေရပြီး ၎င်းအရေအတွက်သည် ၂၀၅ဝ ခုနှစ်သို့ ရောက်ရှိလျှင် ၄ ဆခန့် တိုးပွားလာဖွယ်ရာ ရှိသောကြောင့် ထိုသို့စိုးရိမ်မှုကို နားလည်သင့်ပေသည်။ ထို့ကြောင့်ပင် ဦးနှောက်၏ အလုပ်လုပ်နိုင်မှုစွမ်းရည် တိုးတက်မြင့်မားစေနိုင်သည်ဟု ကြော်ငြာရောင်းချသော ဆေးဝါးများသည် ဈေးကွက်တွင် အလျှံပယ် ဖြစ်လျှက်ရှိသည်။ ဆုဒိုကုနှင့် စကားလုံးဉာဏ်စမ်း ကစားနည်းများသည် မှတ်ဉာဏ်ကို တိုးတက်စေသည်ဟု ပြောဆိုမှုများ ရှိသော်လည်း ဝေဖန်သူများကမူ ထိုဉာဏ်စမ်းများကို ကစားနေချိန်တွင်သာ တိုးတက်မှု ဖြစ်ပေါ်နိုင်သည်ဟု ယုံကြည်ကြသည်။ မှတ်ဉာဏ်ယိုယွင်းမှုကို ကာကွယ်ပေးနိုင်သည်ဆိုသော အသီးအရွက် ဓါတ်စာများမှာလည်း များသောအားဖြင့် […]