InfoSeptember 17, 20111min973
စက်မှုဇုန်ထုတ် Super Custom ယာယီနံပါတ်ကားများအား လိုင်စင် (I.C)ထုတ်ယူလိုပါက လိုင်စင်အတွက် ဒဏ်ကြေး (၁)စီးလျှင် ဒေါ်လာ (၁၃၀၀၀)ပေးဆောင်ရန်နှင့် ယင်းဒဏ်ကြေးအား ကားထုတ်လုပ်သူများက ပေးဆောင်ရန်ဖြစ်ပြီး ဝယ်ယူထားသူယာဉ်ပိုင်များမှ ပေးဆောင်ရန်လုံးဝမလိုကြောင်း သက်ဆိုင်ရာ စက်မှု(၂)ဝန်ကြီးဌာန ဝန်ကြီးဦးစိုးသိန်းမှ ညွှန်ကြားထားကြောင်း သိရပါသည်။ သို့သော်လည်း ထုတ်လုပ်သူများမှာ ဝန်ကြီးဌာန၏ ညွှန်ကြားချက်ကို လိုက်နာခြင်းမရှိဘဲ ဝယ်ယူသူများအား ပေးဆောင်ရန်နှင့် သတ်မှတ်ရက်အတွင်း ဒဏ်ကြေးကို ဝယ်ယူသူများက မပေးဆောင်ပါကဝယ်ယူထားသူများ၏ ကားများသာ လိုင်စင်မဲ့ဖြစ်သွားပြီး ဝယ်ယူသူများသာ နစ်နာမှာဖြစ်ကြောင်း ထုတ်လုပ်သူတချို့ကပြောဆိုပါသည်။ သို့ဖြစ်ပါ၍ သက်ဆိုင်ရာဝန်ကြီးဌာနမှ ညွှန်ကြားချက်အတိုင်း ထုတ်လုပ်သူများကိုသာ ဒဏ်ကြေးပေးဆောင်စေရန် တရားဝင်အမိန့်စာထွက်ပေးပါစေလိုကြောင်း ပန်ကြားအပ်ပါသည်။