အဇဋာJune 7, 20121min2347
ကျွန်တော်တို့ ငယ်ငယ်က ပျက်စီးနေသော ဘကြီးဖြိုးတို့အိမ် ထဲတွင် နေထိုင် ကြီးပြင်းခဲ့ကြသည်။ ဘကြီးဖြိုးတို့အိမ် ပျက်စီနေကြောင်းကိုတော့ သိနှင့်နေခဲ့သည်မှာကြာပြီ။ သို့ပေမယ့် ဒီအိမ်က ကိုယ့်အိမ်ပဲဆိုတော့ ဒီမှာပဲ ပေတေပြီးနေကြရတာပဲ။ ရွာသားတွေကလည်း မကူညီပေးတော့ ပိုဆိုးတာပေါ့။ ကာလသခေါင်းဆိုတာ ဝေလာမှ ဝေးကရော။ တစ်ချို့ ကလည်း ဒီရွာကို စွန့်ခွာသွားကြတဲ့သူတွေရှိရဲ့…။ ရွာပြင်ရောက်မှ အော်ချင်တာကို အော်နေကြတော့ ရွာမှာကျန်ခဲ့တဲ့ ရွာသူရွာသားတွေက အနေကြပ်တာပေါ့။ ထားပါတော့လေ…။ အဲ….ဘကြီးဖြိုးတို့အိမ် ထဲမှာ ကျန်ခဲ့တဲ့သူတွေကလည်း အလင်းရောင်ပျပျ မြင်ရရင်ကို သေပျော်နေကြတာ။ ရွာသားတွေကလည်း အလိုက်ကန်းဆိုးကိုမသိ။ တစ်ခါတစ်ခါ ဒီ ဘကြီးဖြိုးတို့အိမ် ကို ခဲနဲ့ထု၊ တစ်ခါတစ်ခါကျတော့လည်း သူတို့ပဲ ဘကြီးဖြိုးဆီလာပြီး တောင်းပန်ခယနေကြတော့ အခက်သားကလား။ ထားပါတော့လေ…။ ဘကြီးဖြိုးတို့အိမ် က ဟိုတုန်းကတော့ အိမ်ကောင်းကြီးတစ်အိမ်ပေါ့။ […]