ဂ်စ္စူOctober 18, 20101min1549
ရန်ကုန်မြို့ရေတွင်းကုန်းရပ်ကွက်၊မင်္ဂလာတောင်ညွန့်မြိုနယ်၊၁၂၁လမ်း၊ရှိရယကဥက္ကဌဦးစံသိန်းဧ။်နေအိမ်ရှေ့တွင်၁၄.၁၀.၂၀၁ဝနေ့ည ၈း၃ဝ နာရီခန့်ကနှစ်လောင်းပြိုင်လူသတ်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ပါသည်။ အဆိုပါ၁၂၁လမ်းတွင်နေထိုင်သူမောင်ဘိုဘိုမှ၁၂၅လမ်းသပြေကုန်းရပ်ကွက်မှ လူငယ်နှစ်ဦးအားဓားဖြင့်အချက်ပေါင်းများစွာ ထိုးသတ်ခဲ့ခြင်းဖြစ်ပါသည်။ အချင်းဖြစ်ပွားချိန်တွင်၁၂၁လမ်းတွင်းရှိပြည်သူများရုပ်ရုပ်သဲသဲဖြစ်ပြီးဈေးဆိုင်များလည်းပိတ်ကုန်ကြသည်၊အတန်ကြာမှရဲများရောက်လာပြီးလျှပ်စစ်မီးများထပ်မံဖြတ်တောက်ပစ်လိုက်သောကြောင့် ၁၂၁လမ်းတွင်းရှိပြည်သူများပိုမိုထိတ်လန့်ခဲ့ကြသည်။ ယခုအခါအခြေနေပုံမှန်ပြန်ဖြစ်နေသော်လည်း အထူးသဖြင့်ရယကဥက္ကဌအိမ်ရှေ့တွင်ဖြစ်ပွားမှု့အား အချိန်မှီသိရှိတားဆီးနှိင်ခြင်းမရှိသည့်အပေါ်၎င်းရယကဥက္ကဌနှင့်ရယကအဖွဲ့အားစိတ်ပျက်လျှက်ရှိကြသည်။ အဆိုပါအချင်းဖြစ်ပွားသောနေရာနှင့်ရယကရုံးမှာကိုက်၅ဝခန်သာကွာဝေးသည်။ အထက်ပါအဖြစ်အပျက်မဖြစ်ပွားမှီကပင်အဆိုပါရယကဥက္ကဌဦစံသိန်းဧ။်အစ်စလမ်ဘာသာဝင်ဇနီးမှ အစ်စလမ်ဘာသာဝင်များအကြားပြည်ခိုင်ဖြိုးပါတီကိုမဲထည့်ရန်လိုက်လံပြောဆိုမှုများအပေါ် ရပ်ကွက်နေပြည်သူများမှ မကျေနပ်မှုများရှိနေခဲ့ကြသည်။ ပြည်တွင်းကပေးပို့လာတဲ့စာဖြစ်ပါတယ်။ Ref:Dawnmanhon news