နည်ရဲဇော်April 24, 20111min823
မြန်မာပြည်အထက်အညာဒေသ မင်းကွန်းပုထိုးတော်ကြီးဟာ အခုတော့လည်း အုတ်ပုံကြီးဘဝနဲ့ တောင်ကြီးတစ်ခုမျှ မြင့်မားလှ၏။ ငလျင်ဒဏ်ကြောင့် ပုထိုးတော်ကြီးမှာ အက်ကွဲကြောင်းရာများနှင့်။တစ်ချိန်တုန်းက ဘယ်အရာမဆို သူများတစ်ကာထက်ပိုသာရမှ ကျေနပ်တတ်သည့် မင်းတရားကြီး၏ လောဘလေလား၊ သာသနာပေါ် သက်ဝင်ကြည်ညိုခြင်းလေလား။  ပြိုကျနေသော အုတ်ခဲတုံးကြီးများက ဟိုတစ်စ ဒီတစ်စ ။ ပဒေသရာဇ်ခေတ် ဒီဒေသက ပြည်သူတွေအတွက်ကတော့ချွေးတွေသွေးတွေနှင့် ထမ်းခဲ့ရသည့် မနိုင်ဝန် တစ်ခုလေများလား။ တောင်၏ခြေရင်း လှေကားသဖွယ် ထွင်းထားသော အုတ်အဆင့်ဆင့် တို့ကို လှမ်းတက်လာခဲ့၏။ ခြုံနွယ်ပိတ်ပေါင်းများ၊ မျက်ရိုင်းပင်များက မင်းမူနေ၏။ အတက်လှေခါး ကား ကျဉ်းမြောင်းလှရာ လူတစ်ကိုယ်စာပင်မနည်းတက်ယူရ၏။ ဆင်းသည့်လူနှင့် တက်သည့်လူ မျက်နှာချင်းဆိုင် ဆုံလျှင် တစ်ယောက်ယောက်က ရပ်ပေးကာ ကျန်တစ်ယောက်က ဂဏန်းသွားသလို ဘေးတိုက်သွားမှသာအလိုရှိရာရောက်ပေမည်။ အတက်စောက်သလောက် ထိပ်ဆုံးရောက်သွားတော့လည်း မြင်ရသည့် ရှုမျှော်ခင်းက ရင်ကိုအေးမြစေသည်။ ခဲသားရောင်တိမ်လွှာတို့က […]