ရွှေအိမ်စည်August 23, 20111min1277
အပေါင်းအသင်း ရောင်းရင်းများခင်ဗျား မျှဝေလိုက်ပါတယ် မြန်မာပြည်မှပေးစာ၊ အားလပ်ရက် – ၂ holiday 2.png စိမ်းလန်းစိုပြေတဲ့ကုန်းမြေရဲ့ အနောက်ဘက်နယ်ခြားတလျှောက် လေးတွဲ့စွာစီးဆင်းနေတဲ့ ဧရာဝတီမြစ်ရဲ့ အံ့မခန်းမြင် ကွင်းကို ပုဂံဟိုတယ်(မြစ်မြင်ကွင်း)က ပကတိဖော်ပြပေးနေပါတယ်။ ကျွန်ုပ်တို့ ပုဂံတွင် လေးရက်နေထိုင်စဉ်မှာ မုတ်သုန်ရာသီတွင်း ကောင်းစွာချဉ်းနင်းဝင်ရောက်နေသော်လဲ မိုးဖွဲလေး(အမှန် တကယ်ကိုအဖွဲဆုံးလေး) တကြိမ်ပဲ ရွာခဲ့ပါတယ်။ မြို့တော်ဟောင်းအတွက် ကျော်ကြားစေခဲ့တဲ့ ရှုမောဘွယ်ရာ နေဝင် ဆည်းဆာများကို ညနေတိုင်း ကျွန်ုပ်တို့ခံစားပျော်ရွှင်ခဲ့ရပါတယ်။ ကျွန်ုပ်တို့ ဘန်ဂလိုရဲ့ဝရံတာကနေ နေဝန်းနီကြီး တော်ဝင်ခြေလှမ်းများဖြင့် လျှော်ကျသွားနေတာကို ကြည့်မြင်ရပါတယ်။ တဘက်မြစ်ကမ်းကိုညှို့မှိုင်းနေစေတဲ့ မရမ်းနုရောင်နဲ့ မဲနယ်ပြာတောင်တန်းများနောက်ကွယ်မှာ လျှိုးဝင်မပျောက်ကွယ်ခင် မှာ ကောင်းကင်ကို အပြောရခက်တဲ့ ဟင်္သာပြဒါးရောင်များနဲ့ လိမ္မော်ရောင်များနဲ့ အဝါရောင်များဖြင့် ရောင်ခြယ်လျက် အံ့ဘွယ်တိမ်ကောက်ကြောင်းများကို အရောင်လင်းလက်စေပါတယ်။ ဒါဟာ ခရီးသွားလက်ကမ်းကြော်ငြာမှဓါတ်ပုံကို အသက်ဝင်စေခဲ့တာပါ။ […]