mnoeJuly 10, 20111min2048
ဗိုလ်ချုပ်ရဲ့ပညာဆိုလို့ ခေတ်စကားနဲ့တွေးပြီး တို့ဗိုလ်ချုပ်ဘာတွေလုပ်သွားသလဲ မေးစရာပါ။ မေးရင်တော့ ဗိုလ်ချူပ်လုပ်သွားတာတွေ များလွန်းလို့ ပြောရင် ကုန်မှာမဟုတ်ပါ။ ဒါပေမဲ့ ပြောပြချင်တဲ့အကြောင်းကတော့ ဗိုလ်ချုပ်ပြောပြခဲ့တဲ့ “ပညာ” ဆိုတဲ့အကြောင်းပါ။ ပြောပြခဲ့တယ်ဆိုပေမဲ့ တကယ်တော့ ဗိုလ်ချုပ်ရေးထားခဲ့တဲ့ စာတွေက ပြောပြတာပါ။ ကျွန်ုပ်တို့ရဲ့ လွတ်လပ်ရေး ဗိသုကာကြီး၊ အမျိူးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းဟာ စာရေးဝါသနာပါသူတစ်ယောက်လည်း ဖြစ်ပါတယ်။ စာအလွန်ဖတ်တဲ့ ဗိုလ်ချုပ်ဟာ ကိုယ်တိုင်လည်း စာပေရေးသားမှုများ ပြုလုပ်ခဲ့ပါတယ်။ ဗိုလ်ချုပ်ရေးခဲ့တဲ့ စာတွေကိုဖတ်ချင်လို့လိုက်ရှာခဲ့ပေမဲ့ ဗိုလ်ချုပ်ရဲ့ စာပေလက်ရာတွေကို ဗိုလ်ချူပ်၏မိန့်ခွန်းများကဲ့သို့ စာအုပ်၊ စာတမ်းများအဖြစ် တစ်စုတစ်စည်းတည်း ပြုစု ဖော်ပြထားသော စာအုပ်များအဖြစ် မတွေ့ခဲ့ရပါ။ သို့သော် ကံကောင်းလှစွာဖြင့် ဆရာမြဟန် ရေးသားသော “ဗိုလ်ချုပ်အောင်ဆန်း၏ စာပေလက်ရာ” (ယခု ဒုတိယအကြိမ်ထွက်ပြီး) တွင် ဗိုလ်ချုပ်ရေးသားခဲ့သော ဆောင်းပါး၊ စာတမ်းများကို […]