မဝင်ဖြစ်တာကြာလို့ မေ့များမသွားပါနဲ့ဦး။ ရိုက်ကူးရေးတွေ အလုပ်များနေတာနဲ့ ရွာထဲမလာဖြစ်ဘူး ဖြစ်နေတယ်။ သူကြီး မျိုးစေ့ ပေးမယ့် ပို့စ်ကြီးတွေ့မှ ဝင်ဖြစ်တော့တာရယ်။ ဒါနဲ့ ကျတော့်ရဲ့ Movie Crazy ဆိုတဲ့ ပရိုဂရမ်လေး Episode 4 ခု တိုင်ခဲ့ပါပြီ။   ဒီတစ်ပတ်မှာ အထူးအစီအစဉ်လေးလည်း ပါတာကြောင့် ပြောပြပါရစေဦး။ ဒီတစ်ပတ်တော့ Parasyte ဆိုတဲ့ ဂျပန်ကားက စိတ်ထဲရောက်နေလို့ အဲ့ရုပ်ရှင်အကြောင်းပြောဖြစ်တယ်။ ရှာရွှတ်ခန် FAN ကားကလည်း ကောင်းဆိုတော့ အဲ့သည်ကားရယ် ပြောဖြစ်တယ်။   အထူးအစီအစဉ်ကတော့ အစီအစဉ်အပြီး ရုပ်ရှင်နဲ့ ပတ်သက်တဲ့ မေးခွန်းလေးနှစ်ခုမေးတာပါ။ အဖြေမှန်ကို အစီအစဉ်ပြီးပြီးချင်း မှာ ဖုန်းနံပါတ်တစ်ခုကို မက်ဆေ့ရိုက်ပို့ရတာပေါ့။ အမှန်ကန်ဆုံးနဲ့ အဖြေမှန်တဲ့ အစောဆုံး ငါးယောက်ကို ဆုလက်ဆောင်တွေပေး တာပါ။ […]