khinmintatthuJune 24, 20101min760
MP3 ဖြင့် တစ်နာရီ (သို့မဟုတ်) တစ်နာရီထက်ကျော်ပြီး သီချင်းနားထောင်ရုံဖြင့် ရေရှည်တွင် အကြားအာရုံပျက်စီးနိုင်ကြောင်း ဘယ်လ်ဂျီယံရှိ Ghent တက္ကသိုလ်မှ သုတေသနပညာရှင်များ၏ လေ့လာမှုတစ်ရပ်အရ သိရသည်။ MP3 ဖြင့် သီချင်းနားထောင်ခြင်းသည် ရေရှည်တွင် အကြားအာရုံပျက်စီးစေကြောင်း၊ အချိန်တိုအတွင်း အသံပြောင်းလဲမှုကြောင့် နားထဲရှိ အမွေးအမှင်ဆဲလ်များအတွင်း လှုံ့ဆော်မှု အလွန်အကျွံဖြစ်ပေါ်ကြောင်း လေ့လာမှုတွင် ဖော်ပြခဲ့သည်။MP3 ကို နားကြပ်တပ်ပြီး အသံကျယ်ကျယ်နားထောင်ခြင်းသည် အကြားအာရုံပျက်စီးနိုင်သည်ဟု သုတေသနပညာရှင်များ၏ သတိပေးချက်ထုတ် ပြန်ခဲ့ပြီးနောက် အသက် ၁၉ နှစ်မှ ၂၈ နှစ်အကြား လူငယ် ၆ဝ ကို လေ့လာခဲ့ခြင်းဖြစ်သည်။ MP3 ဖြင့် ပေါ့ပ်နှင့်ရော့ခ်ဂီတများကို တစ်နာရီခန့် နားထောင်စေပြီး အသံအတိုးအကျယ် ပြုလုပ်ကာ သီချင်းနားမထောင်မီနှင့် နားထောင်ပြီးနောက်ပိုင်း အကြားအာရုံများကို စစ်ဆေးခဲ့သည်။ သုတေသနအဖွဲ့ခေါင်းဆောင် […]