weiweiOctober 23, 20102min15919
ဧဝရတ်တောင်ကိုတော့ ရောက်ဖူးတယ့်သူ တော်တော်ရှားပါလိမ့်မယ် … ကျွန်မနဲ့ ကျွန်မသူငယ်ချင်း နှစ်ယောက်ကတော့ ခရီးသွားဝါသနာအရမ်းပါလွန်းလို့ စွန့်စွန့်စားစားနဲ့ မရောက်ရောက်အောင် သွားဖြစ်ခဲ့ပါတယ်။ လွန်ခဲ့တယ့် ၂ နှစ် လောက်ကပါ။ Lhasa မြို့ကနေ ကားနဲ့ ၂ ရက်ခရီးသွားရပါတယ်။ လမ်းက မြို့တစ်မြို့မှာ တစ်ညအိပ်ရတယ်။ လုံခြုံရေးတင်းကြပ်တယ့်နယ်မြေဖြစ်လို့ သီးသန့်ဗီဇာလုပ်ပြီးသွားရပါတယ်။ အခု ဓါတ်ပုံထဲကနေရာကတော့ တရုတ်ပြည်ဘက်အပိုင်းကနေ ဧဝရက်တောင်ကို အနီးကပ်ဆုံးချဉ်းကပ်နိုင်တယ့်နေရာဖြစ်ပါတယ်။ အဲဒီတောင်ရဲ့ တခြားတစ်ဘက်ခြမ်းကတော့ နီပေါလ်နိုင်ငံဖြစ်ပါတယ်။ တရုတ်လိုတော့ ဧဝရက်တောင်ကို (Qomulangma) လို့ခေါ်တယ်။ ပင်လယ်ရေမျက်နှာပြင်အထက် မီတာ ၈၈၀ဝ ကျော်အထိမြင့်တယ်။ ကျွန်မတို့ရောက်ခဲ့တယ့်နေရာကတော့ မီတာ ၅၀၀ဝ ကျော်တယ့်နေရာဖြစ်ပါတယ် ။ တောင်တက်သမားဆိုရင်တော့ နောက်ထပ်ဗီဇာတစ်ခုထပ်လုပ်ရပြီး တောင်တက်ခကိုလဲ ပိုက်ဆံတော်တော်ထပ်ပေးရမှာဖြစ်ပါတယ်။ နေထွက်ချိန်နဲ့နေဝင်ချိန်အလှကို သွားရောက်ကြည့်တယ့်သူတွေရှိပါတယ်။ ကျွန်မတို့ကတော့ ညနေ နေဝင်ချိန်အမှီသွားပေမယ့် […]