မုဒြာများ ဧ။်အစွမ်းသည် သာမန်လူများအတွက် အလွန်ဆန်းကြယ်လှပေသည်။ပုံမှန်လေ့ကျင့်ခြင်းဖြင့် သင့်ကျန်းမာရေးကိုများစွာအထောက်အကူပြုကြောင်းတွေ ့ရပေမည်။လွယ်ကူစွာလေ့ကျင့်နိုင်သော အောက်ပါ မုဒြာများကိုုလေ့လာ၍စမ်းသပ်ကြည့်ပါ။သင်အံ့ဩရလိမ့်မည်။ ၁။ဉာဏ်မုဒြာ နည်းလမ်း – လက်မထိပ်နှင့်လက်ညှိုးထိပ်ကို ထိကပ်ပေးပြီးကျန်သောလက်ချောင်းများကိုဆန် ့ထုတ်ထားပါ။ ထူးခြားမှု – ဤမုဒြာသည် ဉာဏ်ပညာကိုထက်မြက်လာစေသည်။လက်မထိပ်တွင် ပီကျူထရီ နှင့် အင်ဒိုရင်းဂလင်းတို ့၏ဗဟုချက်များရှိရာ ၎င်းတို ့ကိုလက်ညှိုးထိပ်ဖြင့်ထိကပ်ပေးသောအခါ ဂလင်းနှစ်ခုလုံးနိုးကြားပြီး လုပ်ငန်းစတင်သည်။ လေ့ကျင့်ချိန် – ဤမုဒြာအတွက်သီးခြားအချိန်မည်မျှယူရမည်ဟုသတ်မှတ်မထားပေ။မည်သည့်နေရာမည်သည့်အချိန်မဆိုလေ့ကျင့်နိုင်သည်။ အကျိုးကျေးဇူး – o မှတ်ဉာဏ်ကောင်း၍ ဦးနှောက် ထက်မြက်လာမည်။ o အာရုံစူးစိုက်မှုအားကောင်းလာပြီးအိပ်မပျော်သောရောဂါကိုကာကွယ်နိုင်သည်။ o ပုံမှန်လေ့ကျင့်သွားလျင်စိတ်ကစဉ့်ကလျားဖြစ်ခြင်း၊ဒေါသမထိန်းနိုင်ခြင်း၊စိတ်ကျရောဂါဖြစ်ခြင်းစသော စိတ်ရောဂါများကို ကုသပေးနိုင်သည်။ ၂။ပထဝီ မုဒြာ နည်း – လက်သူကြွယ်နှင့်လက်မထိပ်ကိုထိ၍ ကျန်လက်ချောင်းများကို ဆန် ့ထားပါ။ ထူးခြားမှု ရုပ်ပိုင်းဆိုင်ရာအားနည်းမှုများကိုလျော့နည်းစေသည်။ လေ့ကျင့်ချိန် – ဤမုဒြာအတွက်သီးခြားအချိန်မည်မျှယူရမည်ဟုသတ်မှတ်မထားပေ။မည်သည့်နေရာမည်သည့်အချိန်မဆို လေ့ကျင့်နိုင်သည်။ […]