BayoteApril 2, 20101min1222
မြန်မာနှစ်သစ်ကူးသင်္ကြန်အခါသမယသို့ မကြာမီကာလအတွင်း ရောက်ရှိတော့မည်။ သင်္ကြန်ကာလတွင် ဖျော်ဖြေရေးအဖြစ်တစ်မျိုး၊ ကိုယ်တိုင်ပါဝင်ဆင်နွှဲ၍တဖုံ ပုံစံအမျိုးမျိုးဖြင့်ဆင်နွှဲကြမည့် အနုပညာရှင်များရှိနေသကဲ့သို့ ယခုနှစ်သင်္ကြန်ချိန်ခါတွင်တရားစခန်းဝင်ခြင်း၊ ရဟန်းဘောင်ဝင်ခြင်းအစရှိသည့် ကုသိုလ်ကောင်းမှုများဖြင့် ဖြတ်သန်းရန် စီစဉ်နေကြသူများလည်းရှိနေကြပြန်သည်။ မြန်မာနှစ်သစ်ကူးကာလတွင် ဟိန်းဝေယံ၊ သင်ဇာဝင့်ကျော်၊ မေကဗျာ၊ မင်းသွေး၊နိုဘယ်လ်ကျော်ကျော်၊ မိုးအောင်ရင်၊ မမများအဖွဲ့၊ ရတနာခင်၊ ဒါရိုက်တာကြည်ဖြူသျင်စသည့် အနုပညာရှင်အချို့သည် ကုသိုလ်ကောင်းမှုပြုလုပ်ခြင်း၊ တရားစခန်းဝင်ခြင်း၊ သာသနာ့ဘောင်သို့ ဝင်ရောက်ခြင်းစသည့်  ကုသိုလ်ကောင်းမှုအဖုံဖုံဖြင့် သင်္ကြန်ကာလအားဖြတ်ကျော်ရန် စီစဉ်လျက်ရှိရာ . . . . ဟိန်းဝေယံ ကျွန်တော် ဒီနှစ်သင်္ကြန် တရား စခန်းဝင်ဖို့ စဉ်းစားထားတယ်။ မနှစ်ကလည်း သင်္ကြန်တွင်းကို ရဟန်းခံ ဖြစ်တယ်လေ။ ဒီနှစ်ကတော့ ကျွန်တော်တို့ဇာတိ မော်လမြိုင်ကိုပြန်ပြီး တရားစခန်း အေးအေးဆေးဆေးဝင် မယ်လို့ စိတ်ကူးဖြစ်တာပါ။ ကျွန်တော့် ပင်ကိုစရိုက်ကိုက လူတွေအများကြီး ရှုပ်နေတဲ့နေရာမှာ […]