Team XSeptember 8, 20101min1955
ကျွန်တော် ဒီခေါင်းစဉ်လိုမျိုးတွေကို ရေးချင်နေတာ ကြာပါပြီ။ အကြောင်းအမျိုးအမျိုးကြောင့် မရေးဖြစ်နေတာပါ။ ဒီတော့ ခေါင်းစဉ်မှာရေးထားတဲ့အတိုင်း ရန်ကုန်မြို့မှာ လက်ရှိပြေးဆွဲလျက်ရှိတဲ့ 200 ကျပ်တန် အထူးဘက်စ်ကားများ အကြောင်းကို တစေ့တစောင်းလေးဖြစ်ဖြစ် တီးမိခေါက်မိ လေး ဖြစ်ဖြစ် ရေးလိုက်ခြင်း ဖြစ်ပါတယ်။ ကျွန်တော်တို့ ရန်ကုန်မြို့နေ အလုပ်သမားလူတန်းစားအလွှာတွေဆိုတာ တစ်နေ့မိုးလင်းလာယင် အိပ်ယာထ ၊ မျက်နှာသစ် ၊ ရေချိုး ၊ သွားတိုက် ဆိုသလိုပဲ အခြေခံကျောင်းစာအုပ်ထဲကလို နေတဒူဝ လုပ်ပြီးတဲ့ နောက်မှာတော့ အလုပ်ခွင်ကို အပြေးအလွှား သွားရောက်ရန်အတွက် အိမ်ကထွက် ဘက်စ်ကားမှတ်တိုင်မှာ ရပ် ၊ ကိုယ်အလုပ်ခွင်ကို ရောက်မယ့် ကားကို ဗျိုင်းတွေ ငါးကို မျှော်နေသလို မျှော်နေကြရပါတယ်။ ဒီနေရာမှာ ပြောစရာရှိတာက ယနေ့စီပွားရေးဟာ ဈေးကွက်စီးပွားရေး ဖြစ်တာနဲ့ […]


BayoteApril 3, 20101min1332
အခါနီး လို. ခရီးသွားဖို. ကားလက်မှတ်များ ကုန်သလောက် ဖြစ်နေပါတယ်။ ရထားလက်မှတ် များကတော့ မှောင်ခို နဲ့ ပိုင်ရာ ဆိုင်ရာ တွေတာ ကြီးဆိုးနေဆဲပါ။ ယခင်နှစ်က အဖြစ်ပျက်လေးတစ်ခုပါ။ ကျနော့ သူငယ်ချင်း မန္တလေး ပြန်ဖို့ ရထားလက်မှတ် သွားတန်းစီပါတယ်။ လူတွေကစောင့်နေတာ ပွဲဈေးတန်း တစ်ခုလိုပါပဲ။ အဝင်တံခါးကိုတော့ ပိတ်ထားပါတယ်။ နံနက် ၄နာရီထိုးရော တံခါးဖွင့်ပါလေရော။ ဝေါကနဲ ပြေးလိုက်ကြတာ သူငယ်ချင်းက ၁ဝ ယောက်မြောက်ရပါတယ်။ အနင်းခံရသူခံရ၊ ဆဲသူကဆဲ ခေတ်ပျက်မတတ်ပါ။ လက်မှတ် စရောင်းပါတယ်။ ကြားကနေ ဟိုရဲကလာဝယ်လိုက် ဘယ်သူ့ အတွက်၊ ဟိုလူကြီးအတွက်၊ စသဖြင့်ပေါ့။ ၄ယောက်မြောက် တန်းစီသူ လဲ ပြီးရော လက်မှတ် ကုန်ပြီ တဲ့ဗျာ။ ကဲ အရပ်ကတို့ […]


BayoteMarch 29, 20101min17210
ဘတ်စ်ကားများ မှာ လူပေါင်း အဆမတန် တင်ဆောင်ခြင်း ကို စတင် အရေးယူတော့မယ်လို့ သိရှိရပါတယ်။ ကားစပယ်ယာနှင့် မောင်းနှင်သူ ကိုပါ အရေးယူသွားမှာပါ။ 


BayoteMarch 23, 20101min1517
မြန်မာ့ စီးပွားရေးဦးပိုင် လီမိတက်၏ လုပ်ငန်းတချို့တွင် စည်းကမ်း မလိုက်နာ သူများနှင့် လုပ်ငန်း တိုးတက်ရေး အတွက် ဆောင်ရွက် နိုင်ခြင်း မရှိသူ ဝန်ထမ်းများကို ကြိမ်ဒဏ်နှင့် ငွေဒဏ် ချမှတ် နေကြောင်း သတင်းရရှိသည်။ဦးပိုင်၏ လုပ်ငန်းတခု ဖြစ်သော ဗန္ဓုလ သယ်ယူ ပို့ဆောင်ရေး လုပ်ငန်းမှ အဓိပတိ (ပါရမီ) အထူးယာဉ် လိုင်းများတွင် စီးပွားရေး အရ အောင်မြင်မှု ရစေရန် အတွက် ယာဉ်မောင်းများနှင့် စပယ်ယာများကို ကြိမ်ဒဏ် ချမှတ် အရေးယူသည့် စနစ် ကျင့်သုံး ရကြောင်း အဆိုပါ လုပ်ငန်းမှ တာဝန် ရှိသူများက ဆိုသည်။ ရန်ကုန် မြို့တွင်း ပြေးဆွဲလျက် ရှိသော အဓိပတိ အထူး ယာဉ်လိုင်းများ အားလုံးတွင် […]