မလေးရှားနိုင်ငံတွင်တုတ်ဝေသည့် Friday News Journal No.17.Aug 5.2011 နေ့တွင်ပါရှိသော မြန်မာနိုင်ငံမှအနုပညာရှင်လေးများဖြစ်ကြတဲ့ ရတနာမိုင်နဲ့နိုဗယ်ကျော်ကျော်တို့ရဲ့ နေရာလုရင်း ရန်ဖြစ်ကြတဲ့အကြောင်းပါ။သိပြီးသူများအတွက်ရော အသိသေးသူများအတွက်ပါမျှဝေပေးလိုက်ပါတယ်။ ရုပ်မြင်သံကြားရိုက်ကူးရေးတစ်ခုမှာ ဂုဏ်ပြုသီချင်းတစ်ပုဒ်ရိုက်ကူးနေရင်း အငြင်းပွားရန်ဖြစ်ကြတဲ့ မင်းသမီးလေးနှစ်ယောက် အကြောင်းကလည်း ကြားရသူအပေါင်းရယ်စရာကောင်းသလို အံ့ဩသက်ပြင်းချ ရပါတယ်။ ဖြစ်ပုံကတော့ ရုပ်သံက စီစဉ်ရိုက်ကူးတဲ့ ဂုဏ်ပြုတေးတစ်ပုဒ်မှာ အဆိုတော်သရုပ်ဆောင်ရတနာမိုင်နဲ့ နိုဗယ်ကျော်ကျော်တို့ ကျော်မကောင်းကြားမကောင်း တစ်ယောက်တစ်ခွန်းစကားများလို့ ကင်မရာမန်းတွေခင်မှာဗျာ..ကင်မရာရှေ့မှာ ငုတ်တုတ်ထိုင် လက်မိူင်ချခဲ့ရပါတယ်။အဆိုတော်၊သရုပ်ဆောင်၊မော်ဒယ်လေးတွေတန်းစီပြီး ရိုက်ကူးနေရာက နိုဗယ်ကျော်ကျော်နဲ့ ရတနာတို့က အလယ်နေရာကိုလုကြပါရော။လုရင်းနဲ့မှ တစ်ယောက်နဲ့တစ်ယောက်မခံချင်အောင်ပြောကာ ပါးတွေနားတွေရိုက်မယ်ထိပါဖြစ်ပြီး၊မင်းသမီးအမေတွေပါ ပါလာကြပါတယ်၊”အရက်မှူးမှ ကျွဲခိုးပေါ်တယ်”ဆိုတဲ့မြန်မာစကားပုံအတိုင်း နိုဗယ်ကျော်ကျော်က “နင့်လို လူတကာနဲ့…..တဲ့ကောင်မ မဟုတ်ဘူး”လို့ပြော်တဲ့စကားကို ရတနာမိုင်ကလည်း “နင်ဘယ်သူနဲ့ဘာဖြစ်တယ်ကအစ အကုန်သိတယ်။ငါ့ ခြေဖျားတောင်မမှီတဲ့ ကောင်မကများ”ဆိုပြီး ပြန်လည်ချေပခဲ့ပါတယ်တဲ့။ဒီအစီအစဉ်ကို တင်ဆက်တဲ့ဗိုလ်မှူးလည်း လက်မှိုင်ချခဲ့ရပါတယ်။နောက်ဆုံးမှာ နိုဗယ်ကျော်ကျော်ကလည်း မနိုင်နိုင်ရာ ပြောချလိုက်တဲ့စကားက_ “ဗိုလ်မှူး […]