BayoteMarch 23, 20101min792
MRTV3 တစ်ဖြစ်လဲ MITV ဟာ အခုဆို စတင်ဖို့ တာစူနေပါပြီ။ မတ်လ၃၁ရက် မြန်မာ စံတော်ချိန် ၉နာရီမှာ စတင်တော့ပါမယ်။ မြန်မာ့သတင်းနှင့် ရုပ်မြင်သံကြား MRTV မှ ပြောကြားသွားခြင်း ဖြစ်ပါတယ်။၂၄နာရီ သတင်း ထုတ်လွှင့်မှုကို Thaicom-5 (Asia), Hot Bird-8 (Europe) , Galaxy-19 (North America), Apstar-V (Asia Beam)), နှင့် Optus D2 (NANAZ Beam) ဂြိုလ်တု များမှ ထုတ်လွှင့်သွားမှာပါ။ MITV မှ နိုင်ငံခြား(English) ဘာသာဖြင့် ပြည်တွင်း ပြည်ပသတင်းများ၊ ဖျော်ဖြေရေး၊ မြန်မာဇတ်လမ်း နှင့် ဗွီဒီယိုများကို လွှင့်ထုတ်သွားမှာပါ။