BayoteApril 1, 20101min653
ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန မြန်မာ့စီးပွားရေးဘဏ်သည် Smart Card ကိုအသုံးပြု၍ ဘဏ်များ အချင်းချင်း Online ချိန်ဆက်ဆောင်ရွက်သွားမည့် “Quick Cash” Online Banking System ကို နေပြည်တော်ဘဏ်ခွဲ၊ ရန်ကုန်မြို့ရှိ ဘဏ်ခွဲ(၁)၊ ဘဏ်ခွဲ(၂)၊ ဘဏ်ခွဲ(၅)နှင့်ငွေစု ဘဏ်ခွဲ(၃)၊ မန္တလေးဘဏ်ခွဲ(၁)နှင့် ဘဏ်ခွဲ(၂) စုစုပေါင်းဘဏ်ခွဲခုနစ်ခုတို့၌ ၂၀၁ဝ ခုနှစ် ဧပြီ ၂ ရက်မှစတင်၍ ဝန်ဆောင်မှု ပေးသွားမည် ဖြစ်ကြောင်း သိရှိရသည်။ အဆိုပါ “Quick Cash” Online Banking System အရ Customer များအနေဖြင့် Smart Card ကိုအသုံးပြု၍ငွေသွင်း ငွေထုတ်လုပ်ငန်းများကို လွယ်လင့်တကူ မြန်ဆန်စွာ ဆောင်ရွက်လာနိုင်မည့်အပြင် မိမိစာရင်း ဖွင့်လှစ်ထားသည့် ဘဏ်၌သာမက Online ချိတ်ဆက်ထားသည့်အခြားမည်သည့်ဘဏ်ခွဲတွင် မဆို […]